ဒီမိုကရေစီရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဟောင်ကောင်ဥပဒေပြု အမတ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ

ဒီမိုကရေစီရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဟောင်ကောင်ဥပဒေပြု အမတ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ
Published 2 March 2015

လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရေးအတွက် ပြုလုပ်သည့် လူထုဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဥပဒေပြု အမတ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ် ၂ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဟောင်ကောင်တွင် စုံစမ်းစစ်ဆေးမှုများ အကြီးအကျယ် ပြုလုပ်နေပြီး ယင်းသို့ပြုလုပ်ခြင်းမှာ တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုလုပ်ရပ်မှာ နောက်ဆုံးခြေလှမ်းတစ်လှမ်း ဖြစ်သည်ဟု ဆိုသည်။သပိတ်စခန်းများ ဝင်ရောက်ရှင်းလင်းလိုက်သည့် ဒီဇင်ဘာလကျမှ အဆုံးသတ်သွားခဲ့သော လမ်းများအား ပိတ်ဆို့ထားမှုကို အဓိက လှုံ့ဆော်ခဲ့သူများအား စုံစမ်းစစ်ဆေးမည်ဟု ရဲတပ်ဖွဲ့က ကတိပြုပြောကြားထားသည်။ဒီမိုကရက်တစ်ပါတီမှ ဥပဒေပြုအမတ်များဖြစ်သော အဲလ်ဘတ်ဟိုနှင့် ဟယ်လီနာဝေါင်းတို့သည် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုအရ မတ် ၂ ရက်တွင် ဝမ်ချိုင်းရဲစခန်း၌ ၎င်းတို့ဘာသာ လာရောက်အဖမ်းခံခဲ့သည်။သူတို့နှစ်ဦးစလုံးသည် ဒီမိုကရေစီ လှုပ်ရှားမှု၏ သင်္ကေတဖြစ်သော စက္ကူဖြင့် ပြုလုပ်ထားသည့် အဝါရောင်ထီးနှစ်လက်ကို ကိုင်ဆောင်လာကြပြီး ရဲစခန်းထဲသို့ ဝင်လာချိန်တွင် အပြင်ဘက်၌ သူတို့ကို ထောက်ခံသူများက အဝါရောင်ထီးများနှင့် စာတန်းများ ကိုင်ဆောင်ပြီး “အားလုံးမဲပေးပိုင်ခွင့်ကို လိုချင်တယ်” ဟု အော်ဟစ်ခဲ့ကြသည်။“ဒီနေ့ အဲလ်ဘတ်ဟိုနဲ့ ကျွန်မ နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပါတယ်” ဟု ဝေါင်းက ပြန်လွတ်လာပြီးနောက် ပြောကြားခဲ့သည်။ ဝေါင်းက ရဲစခန်းတွင် သူ့အား စစ်ဆေးမေးမြန်းစဉ်အတွင်း ရဲက ဆန္ဒပြပွဲများအတွင်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုနှင့် Facebook ဓာတ်ပုံနှစ်ပုံကို ပြသကာ သူ့အား တရားမဝင် စုဝေးမှု၌ ပါဝင်ခဲ့သည်ဟု သက်သေထူပြခဲ့သေးသည်ဟု ဆိုသည်။ ဟိုကလည်း သူ့အား အလားတူ စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ဝေါင်းနှင့် ဟိုတို့က သူတို့အား နောင်တွင် တရားစွဲဆိုနိုင်ခြေ ရှိနေသေးကြောင်းလည်း ပြောကြားခဲ့သည်။ ဝေါင်းက “ကျွန်မအထင်တော့ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတိုင်းကို စွဲဆိုတဲ့ နိုင်ငံရေးစွဲချက် တစ်မျိုးပါပဲ” ဟုလည်း ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးမတိုင်မီ ထင်ရှားသော ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ဂျိုရှားဝေါင်နှင့် အဲလက်စ်ချိုးတို့ အပါအဝင် ဆန္ဒပြပွဲခေါင်းဆောင် အများအပြားကို ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး တရားစွဲဆိုမှုမပြုဘဲ ပြန်လွှတ်ပေးခဲ့ရာ အငြင်းပွားဖွယ် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသောကြောင့် အချို့က အနှောင့်အယှက်ပေးရုံသက်သက် ပြုလုပ်ခြင်းဟု ပြောဆိုကြသည်။Ref:AFP

Most Read

Most Recent