ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယ အာဏာရ ဟိန္ဒူပါတီမှ ညွန့်ပေါင်းအစိုးရဖွဲ့၍ အုပ်ချုပ်မည်

ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယ အာဏာရ ဟိန္ဒူပါတီမှ ညွန့်ပေါင်းအစိုးရဖွဲ့၍ အုပ်ချုပ်မည်
Published 2 March 2015

အိန္ဒိယနိုင်ငံထဲမှ မွတ်စလင်အများစု နေထိုင်ရာ တစ်ခုတည်းသောဒေသ ကက်ရှ်မီးယားပြည်နယ်တွင် ဟိန္ဒူအမျိုးသားရေး ဝါဒီများ ဖြစ်ကြသည့် မိုဒီ၏ ဘီဂျေပီပါတီနှင့် ဒေသတွင်း ပြိုင်ဘက်ပါတီတို့သည် အာဏာခွဲဝေရေး သဘောတူညီချက်အရ မတ်လ ၁ ရက်တွင် အစိုးရတစ်ရပ် ဖွဲ့စည်းရန် စီစဉ်ထားကြကြောင်း သိရသည်။တည်ငြိမ်မှုမရှိသည့် ကက်ရှ်မီးယားပြည်နယ်၏ မြို့တော် ဂျန်မူတွင် ဘီဂျေပီပါတီနှင့် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP) တို့သည် လုံခြုံရေး အလွန်တင်းကျပ်ထားသော မတ်လ ၁ ရက် အခမ်းအနားအတွင်း ပြည်နယ်အစိုးရ အဖွဲ့အသစ်အတွက် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်သည်။ ထိုအခမ်းအနားသို့ အိန္ဒိယဝန်ကြီး ဝန်ကြီးချုပ် မိုဒီလည်း တက်ရောက်မည်ဖြစ်သည်။PDP ပါတီ၏ခေါင်းဆောင် မူဖ်တီမိုဟာ မက်ဆေယက်က ကက်ရှ်မီးယားပြည်နယ် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်မည့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ကက်ရှ်မီးယားပြည်နယ် လွှတ်တော်အတွက် ဒီဇင်ဘာလက ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း လူသေဆုံးမှုရှိသည့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဖြေမပေါ်ခဲ့ပေ။မိုဒီနှင့် ဆေယက်တို့သည် ကတ်ရှ်မီးယားဒေသအား ပူးပေါင်းအုပ်ချုပ်ရေးအတွက် ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် နောက်ဆုံးတွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ သဘောတရားအရ တူညီမှုမရှိသည့် ပါတီနှစ်ခု ပူးပေါင်းရာတွင် ကတ်ရှ်မီးယား ပြည်နယ်ထဲ၌ ဟိန္ဒူတို့ နေထိုင်သည့် တစ်ခုတည်းသောဒေသ ဂျန်မူမြို့နှင့် သဘောထားပြင်းထန်သော မွတ်စလင်ခွဲထွက်ရေး သမားများရှိရာ ကက်ရှ်မီးယား တောင်ကြားဒေသတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက ရေကြီးမှုကြီး ဖြစ်ပေါ်ခဲ့ရာ လူ ၂ဝဝ ခန့်သေဆုံးပြီး ဒေါ်လာ ၁၆ ဘီလျံခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ယခု ညွန့်ပေါင်းအစိုးရသည် ထိုရေကြီးမှု ဖြစ်စဉ်မှ ပြန်လည်ထူထောင်ရေး စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်ရဦးမည်ဖြစ်သည်။ ကက်ရှ်မီးယား ပြည်နယ်ကို အိန္ဒိယနှင့် ပါကစ္စတန်တို့က တစ်ပိုင်းစီ ပိုင်ဆိုင်ကြသော်လည်း နှစ်နိုင်ငံစလုံးက ပြည်နယ်တစ်ခုလုံးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုနေကြသည်။
Ref:AFP 

Most Read

Most Recent