လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွား၊ စစ်ရှောင်ဒုက္ခသည်များပါဝင်သောယာဉ်တန်း ထပ်မံပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွား၊ စစ်ရှောင်ဒုက္ခသည်များပါဝင်သောယာဉ်တန်း ထပ်မံပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ
Published 18 February 2015
အောင်ရဲကို

ကိုးကန့်အဖွဲ့မှ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ကွမ်းလုံဆေးရုံသို့ ပို့ဆောင်နေစဉ်

လောက်ကိုင်ဒေသကို စွန့်ခွာလာသည့် စစ်ရှောင်ဒုက္ခသည်များအား တွေ့ရစဉ်

 လောက်ကိုင်မြို့တွင်းတစ်နေရာတွင် ရွှေ့ပြောင်းရန် ပြင်ဆင်နေသူများကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၉ ရက်တွင် တပ်မတော်မှ အလုံးအရင်းဖြင့် လောက်ကိုင်မြို့အပါအဝင် တပ်မတော်သားအများအပြားကျဆုံးခဲ့သည့် မော်ထိုက်၊ ကုန်ကြမ်းအပါအဝင် ကိုးကန့်တပ်ဖွဲ့ဟုယူဆရသည့်နေရာများကို တိုက်ခိုက်ရန်ပြင်ဆင်နေသည်။ယင်းအခြေအနေများကြောင့် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင်လည်း တရုတ်နိုင်ငံမှ ၎င်းတို့၏နယ်ခြားစောင့်တပ်များကိုစေလွှတ်ထားပြီး စစ်တပ်ကားကြီးများနှင့် လက်နက်ပြည့်တပ်ဆင်ထားသည့် တရုတ်စစ်သားများကိုလည်း တရုတ်-မြန်မာနယ်စပ်နှင့်အနီးဆုံးဖြစ်သည့် ချင်းရွှေဟော်နယ်စပ်တွင်တွေ့ရှိရသည်။

စစ်ရှောင်ဒုက္ခသည်မိသားစုတစ်စုအား လောက်ကိုင်မြို့တွင်းတစ်နေရာ၌တွေ့ရစဉ်ယခုတိုက်ခိုက်ခဲ့သော ကိုးကန့်အဖွဲ့ဟုဆိုသူများမှာ ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ကွမ်းလုံကြိုးတံတားကို ဗုံးခွဲပြီးတိုက်ခိုက်မှုဖြစ်စဉ်ကို စတင်နိုင်ရန်စီစဉ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်မှ စစ်ဖြစ်ပွားနေသောဒေသများအပါအဝင် နီးစပ်ရာနေရာများသို့ စိမ့်ဝင်နေခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးထံမှသိရသည်။

လောက်ကိုင်ဒေသအတွင်း လုံခြုံရေးရယူထားသည့်တပ်မတော်သားများအားတွေ့ရစဉ်သို့သော်လည်း ယခုတိုက်ပွဲတွင် တပ်မတော်မှအထိနာခဲ့ရပြီး အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တပ်မတော်အရာရှိကြီးတစ်ဦးကပြောကြားသည်။ကိုးကန့်တပ်ဖွဲ့ဟုဆိုသူများမှာ တရုတ်နှစ်ကူးမတိုင်ခင် လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်ရန် ပြင်ဆင်ထားသည်ဟု တပ်အတွင်းသတင်းများအရသိရပြီး လက်ရှိတွင် တပ်မတော်ဘက်မှ တပ်မအများအပြားဖြင့် တိုက်ခိုက်နိုင်ရန်ပြင်ဆင်ထားပြီး တပ်မ ၁၁၊ ၃၃ နှင့် ၇၇ တို့ကို စစ်မြေပြင်တစ်လျှောက်တွေ့ရှိခဲ့ရသည်။

ဖေဖော်ဝါရီ ၁၇ ရက်ကပစ်ခတ်ခံခဲ့ရသည့် ကြက်ခြေနီအလံတပ်ဆင်ထားသော စစ်ရှောင်ယာဉ်တစ်စီးအားတွေ့ရစဉ်ယင်းအပြင် လက်နက်ကြီးများဖြင့် စစ်ယာဉ်များသယ်ဆောင်လာသည့် ယာဉ်တန်းအများအပြားကိုလည်း ဖေဖော်ဝါရီ ၁၇ ရက် ကတွေ့ရှိခဲ့ရသည်။တပ်မတော်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရဆိုလျှင် မကြာမီ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည်။ ကိုးကန့်တပ်ဖွဲ့ဟုဆိုသူများမှာ ကားအစီး ၆၀ ခန့်ဖြင့် ဝင်ရောက်လာမှုများရှိပြီး တပ်မတော်မှ ဟန့်တားနိုင်ခဲ့သည်ဟုသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား လောက်ကိုင်မြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာသည်ကိုတွေ့ရစဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလောက်ကိုင်မြို့အပြင် ချင်းရွှေဟော်အစပ်တွင်ပါ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး ကွမ်းလုံမြို့နယ်အတွင်းရှိ နာတီးတွင်လည်း သေနတ်ပစ်ခတ်မှုများကြားနေရသည်ဟု ဒေသခံများကပြောကြားသည်။ယင်းအခြေအနေကြောင့် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံတစ်လျှောက်မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်မှုများရှိသည်။လောက်ကိုင်မြို့အပါအဝင် နီးစပ်ရာဒေသများတွင် ဒေသခံအများစုမှ တရုတ်နွယ်ဖွားနှင့် တရုတ်များဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်အများစုမှာ မြန်မာလူမျိုးများဖြစ်ပြီး ကြံခုတ်၊ ကြက်မွေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးပေါများသည့် ဒေသဖြစ်သည့်အတွက် ဝင်ငွေရှာဖွေမှုတွင် မြန်မာပြည်တွင်း အခြားလုပ်ငန်းများထက် ဝင်ငွေများပြားသောကြောင့် လာရောက်အလုပ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ပိတ်မိနေသောမြန်မာလုပ်သားများမှာ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့နှင့် အနည်းငယ်ဝေးကွာသည့် နမ့်ဆန်းတွင်ရှိနေပြီး တရုတ်နိုင်ငံဘက်မှလည်း ချင်းရွှေဟော်-လောက်ကိုင်မြို့မှထွက်ပြေးလာသည့် ၎င်းတို့လူမျိုးဒုက္ခသည်များကို လက်ခံသည့်စခန်းများထားရှိထားကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ မျက်မြင်တွေ့ရှိချက်များမှတစ်ဆင့်သိရှိခဲ့ရသည်။

စစ်ရှောင်ဒုက္ခသည်များ လောက်ကိုင်မြို့အတွင်းမှ ထွက်ခွာရန်ပြင်ဆင်နေကြစဉ်စစ်ရှောင်ဒုက္ခသည်ယာဉ်တန်းအား ပစ်ခတ်စစ်ရှောင်ဒုက္ခသည်ယာဉ်တန်းအား သေနတ်ဖြင့်ထပ်မံပစ်ခတ်ခံရပြီး စစ်ရှောင်သူတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့သည်။ယခု ၁၇ ရက်တွင် လောက်ကိုင်နှင့်ချင်း ရွှေဟော်ကြား၌ဖြစ်ပွားနေသော တိုက်ပွဲအတွင်းပိတ်မိခဲ့သည့် စစ်ရှောင်ဒုက္ခသည်များသယ်ဆောင်လာသည့် ယာဉ်တန်းများ တိုက်ခိုက်ခံရမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ပထမတစ်ကြိမ်မှာ နေ့လယ် ၃ နာရီခန့်ကဖြစ်ပွားခဲ့ပြီး ငါးမိနစ်ခန့်ကြာ စစ်ရှောင်ယာဉ်တန်းများကို ကိုးကန့်တပ်ဖွဲ့မှပစ်ခတ်မှုကြောင့် စစ်ရှောင်သူများကိုအကူအညီပေးနေသူနှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည်။ယင်းနောက် ည ၆ နာရီတွင် လောက်ကိုင်မှ စစ်ရှောင်သူများကိုသယ်ဆောင်လာသည့် လူ ၂၁ ယောက်ပါ စစ်ရှောင်ယာဉ်ကို ထပ်မံတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် တစ်ဦးမှာ သေနတ်ဒဏ်ရာရရှိကာသေဆုံးခဲ့သည်။ ဆိုင်ကယ်ဖြင့် စစ်ရှောင်ဒုက္ခသည်တစ်ဦးမှာမှု ပေါင်ခြံတွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး နံနက်မိုးလင်းမှ ကွမ်းလုံဆေးရုံသို့ပို့ဆောင်နိုင်ခဲ့သည်။ဒုတိယအကြိမ်ပစ်ခတ်ခံရသော စစ်ရှောင်ဒုက္ခသည်ယာဉ်မှာ နှစ်ဖက်ပစ်ခတ်မှုများအတွင်းမလွတ်မြောက်ဘဲ ပုန်းရှောင်ရပ်တန့်နေခဲ့ရပြီး တောလမ်းမှတစ်ဆင့် ချင်းရွှေဟော်သို့ လမ်းလျှောက်လာခဲ့သည်ဟု အကူအညီပေးနေသည့် မချစ်မီးကပြောကြားသည်။ကြက်ခြေနီအဖွဲ့ဖြင့် အကူအညီပေးနေသည့် ဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက "ကျွန်မတို့ ည ၆ နာရီလောက်မှာဘဲ ပထမစစ်ရှောင်သူတွေအပစ်ခံရတဲ့ လုံးထန်ကျေးရွာအဆင်းမှာဘဲပစ်ခံခဲ့ရတယ်။ တစ်ဦးကတော့သေသွားပြီး တစ်ဦးကိုတော့ ဒီမနက်မှပဲ ဆေးရုံပို့နိုင်တယ်" ဟုပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်အလံအား စိုက်ထူထားသည်ကိုတွေ့ရစဉ်
သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သူမှာ လောက်ကိုင်နှင့် တရုတ်နယ်စပ်တွင် ကြံခုတ်ရန်အတွက် မကွေးတိုင်းဒေသကြီးမှ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒဏ်ရာရရှိသူမှာ လာရှိုးမြို့တွင်နေထိုင်သူဖြစ်ပြီး လောက်ကိုင်လောင်းကစားရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အသက် ၂၀ အရွယ်သာရှိသည်။တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်သောတိုက်ပွဲများအတွင်း စစ်ရှောင်ဒုက္ခသည်များလိုက်ပါလာသည့် ယာဉ်တိမ်းမှောက်မှုများနှင့် ပစ်ခတ်ခံရမှုများအပါအဝင် သေဆုံးသူဦးရေ မှာ ၁၈ ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူများမှာလည်း ၁၀၀ ခန့်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။လောက်ကိုင်မြို့အတွင်း သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်ရှိသည့် အလောင်းများလည်း ၂၀ ကျော်ခန့်ရှိကြောင်း တွေ့ရှိသူများ၏ပြောကြားချက်အရ သိရသည်။လောက်ကိုင်မြို့အတွင်းနေထိုင်ခဲ့သူ ကိုကြည့်မြင့်က "ဘုံခုနစ်ဆင့်နားမှာ အလောင်းတွေ ၁၇ လောင်းလောက်ရှိတယ်။ အားလုံးကို ဖုံးတော့ဖုံးထားတယ်။ လောင်းကစားပွဲရုံနားမှာလည်း အနည်းဆုံး ငါးလောင်းလောက်တွေ့ရတယ်" ဟုပြောကြားသည်။ကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်းလောက်ကိုင်ဒေသတွင်း တပ်မတော်နှင့် ကိုးကန့်အဖွဲ့ဟုဆိုသူများ၏ပစ်ခတ်မှုများမှာ ၁၀ ရက်ကြာမြင့်လာပြီဖြစ်သော်လည်း အခြေအနေပိုမိုဆိုးရွားလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။လောက်ကိုင်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၇ ရက်အထိ သယ်ယူပို့ဆောင်ရေးနှင့် အစားအသောက်များကို ကူညီပေးလျက်ရှိနေသည့် မြို့နယ်ကြက်ခြေနီအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်သားများ သေနတ်ထိမှန်မှု၊ ကယ်ဆယ်ခံရသည့်စစ်ရှောင်ဒုက္ခသည်များ သေနတ်ထိမှန်သေဆုံးခဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ပြေးညီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ချင်းရွှေဟော်ကယ်ဆယ်ရေးစခန်းတွင် အဓိကတာဝန်ယူထားသည့် မချစ်မီးက "ကယ်ဆယ်ရေးလုပ်ငန်းတွေအကုန်လုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ ကြက်ခြေနီလိုအဖွဲ့မျိုးကိုတောင်ပစ်ပြီဆိုတော့ ရှေ့လျှောက်မကောင်းနိုင်တော့ဘူး။ ဒါပေမဲ့ အခြေအနေပေါ်ကြည့်ပြီးတော့ ကယ်ဆယ်ရေးတွေဆက်လုပ်သွားပါမယ်" ဟုပြောကြားသည်။ယင်းအခြေအနေများကြောင့် လောက်ကိုင်နှင့် တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ ကြံခုတ်ရန်လာရောက်အလုပ်လုပ်ကိုင်သူ ၁၀၀၀ ကျော်ပိတ်မိနေကြောင်း မချစ်မီးကပြောကြားသည်။ကွမ်းလုံမြို့မှ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက "ကျွန်တော်တို့ပစ်ခံရတဲ့ကိစ္စတွေကို  ပြည်နယ်ကိုတင်ပြထားတယ်။ ပြည်နယ်ကတစ်ဆင့် အဖွဲ့အစည်းတွေဆီပို့ဖို့တင်ပြထားတယ်။ ဒါကြောင့် အခြေအနေပေါ်မူတည်ပြီးတော့ ကယ်ဆယ်ရေးကိစ္စတွေကိုရပ်ဆိုင်းလိုက်တာပါ" ဟုပြောကြားသည်။လက်ရှိတွင် လောက်ကိုင်မြို့အပါအဝင် နီးစပ်ရာ ကုန်းကြမ်း၊ ချင်းရွှေဟော် အစရှိသည့်ဒေသများတွင်နေထိုင်သူများမှာ အိမ်များစွန့်ခွာထွက်ပြေးခဲ့ပြီး လာရောက်အလုပ်လုပ်ကိုင်သည့် သောင်းနှင့်ချီရှိသော မြန်မာလုပ်သားများမှာလည်း မိမိနေထိုင်ရာအရပ်သို့ပြန်နေပြီဖြစ်ကြောင်း၊ အချို့မှာ လာရှိုးမြို့တွင်းရှိ မန်ဆူဘုရားကျောင်းအပါအဝင် ကယ်ဆယ်ရေးစခန်းများတွင် သောင်တင်လျက်ရှိသည်။လောက်ကိုင်ဒေသ၏နောက်ဆုံးအခြေအနေမြန်မာ-တရုတ်နယ်စပ်နှင့်အနီးဆုံး နမ့်ဆန်းတွင်ပိတ်မိနေသော ကြံခုတ်တောင်သူများကိုကယ်ထုတ်ရန် ကြက်ခြေနီအဖွဲ့နှင့် တပ်မတော်တို့ညှိနှိုင်း၍ စီစဉ်နေကြောင်း သိရသည်။တရုတ်နိုင်ငံမှလည်း မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံးတွင် တရုတ်ပိုင်နက်အသိအမှတ်အဖြစ် အလံများထောင်ထားပြီး တပ်လှန့်ထားကာ လုံခြုံရေးတပ်ဖွဲ့များကိုတွေ့ရှိနေရသည်။ဖေဖော်ဝါရီ ၁၈ ရက်တွင် လောက်ကိုင်မြို့အတွင်း တပ်မတော်မှလွဲ၍ မည်သူမျှပေးဝင်ခြင်းမရှိတော့ကြောင်း သတင်းရရှိသည်။လာရှိုး-ကွမ်းလုံ လမ်းကြောင်းတွင် နံနက် ၅ နာရီမှ ညနေ ၅ နာရီအထိသာ ယာဉ်များနှင့် လူများဖြတ်သန်းသွားလာခွင့်ပေးထားပြီး လုံခြုံရေးအခြေအနေများနှင့် တိုက်ပွဲအခြေအနေများကြောင့် ယခုကဲ့သို့သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။