ရာသီဥတု ပြောင်းလဲခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်ရေးကို ဟန့်တားနေသည်ဟု ပညာရှင်များ ပြောကြား

ရာသီဥတု ပြောင်းလဲခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်ရေးကို ဟန့်တားနေသည်ဟု ပညာရှင်များ ပြောကြား
Published 17 February 2015

ရာသီဥတုပြောင်းလဲမှု မြန်ဆန်လာခြင်းနှင့် စိုက်ပျိုးရေး ထွက်ကုန်များအပေါ် ယင်း၏ ရိုက်ခတ်ချက်သည် လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ ပြောင်းလဲမှုများ အကြီးအကျယ် ဖြစ်ပေါ်စေပြီး လာမည့်ဆယ်စုနှစ်များအတွင်း ကြီးထွားလာသော ကမ္ဘာ့လူဦးရေကို စားနပ်ရိက္ခာ အလုံအလောက် ကျွေးမွေးနိုင်ရန် လိုအပ်လာလိမ့်မည်ဟု နှစ်ပတ်လည် သိပ္ပံညီလာခံ တစ်ရပ်၌ သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ စားနပ်ရိက္ခာ ထုတ်လုပ်မှုသည် ကမ္ဘာ့လူဦးရေ ကိုးဘီလျံကို ကျွေးမွေးနိုင်ရန်အတွက် လာမည့် ၃၅ နှစ်အတွင်း နှစ်ဆတိုးရမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေသည် ယခုအခါ ခုနစ်ဘီလျံရှိပြီး ၂၀၅၀ ပြည့်နှစ်သို့ အရောက်တွင် ကိုးဘီလျံ ရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။“စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ရာသီဥတုပြောင်းလဲမှုက နှောင့်ယှက်မှု အနည်းဆုံးဖြစ်မယ့် ပုံစံမျိုးကို ပြောင်းလဲမှုအချို့ လုပ်ရပါလိမ့်မယ်” ဟု စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသားဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ဂျယ်ရီဟတ်ဖီးက ပြောကြားခဲ့သည်။မိုးရေအငွေ့ပြန်နိုင်မှု၊ မိုးခေါင်ရေရှားခြင်း များပြားလာမှုနှင့် အပူချိန် မြင့်တက်လာမှုတို့က ကောက်ပဲသီးနှံ အထွက်နှုန်းအပေါ် သက်ရောက်မှုရှိပြီး အရေးတယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဂျယ်ရီဟတ်ဖီးက ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်သော အဆင့်မြင့် သိပ္ပံပညာဆိုင်ရာ အမေရိကန် အစည်းရုံး နှစ်ပတ်လည်ညီလာခံ၌ ပြောကြားခဲ့သည်။“၂၀၀၀ ပြည့်နှစ်ကနေ ၂၀၅၀ ပြည့်နှစ်အထိ ထုတ်လုပ်မှုကို စဉ်းစားကြည့်မယ်ဆိုရင် အခြေခံအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ အတွင်း ကျွန်တော်တို့ တိုးတက်ထုတ်လုပ်မှုနှုန်းနှင့် တူညီတဲ့ပမာဏနဲ့ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။သို့သော် တစ်ကမ္ဘာလုံး အတိုင်းအတာအရ မြေယာအသုံးအပြုမှု အဆင့်များနှင့် ထုတ်လုပ်မှု နှုန်းထားများက ကမ္ဘာ့မြေဆီ ဆက်လက်ကျဆင်းစေလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ပညာရှင် ကက်နက်ကန်ကယ်က ရာသီဥတု ပြောင်းလဲခြင်းသည် အလွန်လျင်မြန်လာသောကြောင့် မကြာမီ ကြိုတင်တွက်ချက်နိုင်ခြင်း မရှိသည့် အနေအထားတစ်ရပ်ကို ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။Ref:AFP

Most Read

Most Recent