အမှန်တရားဖြင့် လူလူချင်း အကြင်နာထားနိုင်ကြပါစေ

အမှန်တရားဖြင့် လူလူချင်း အကြင်နာထားနိုင်ကြပါစေ
Published 15 February 2015
ဘစံကောက်

လူတစ်ယောက်အတွက် အနိမ့်ဆုံးထားရှိသင့်သော စိတ်ထားမှာ လူလူချင်း အကြင်နာတရား ထားရှိနိုင်မှုပင် ဖြစ်လိမ့်မည်ဟု စာရေးသူ ထင်ပါသည်။
ဤကမ္ဘာတွင် ခွန်အားကြီးသူနှင့် ခွန် အားနည်းသူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ အာ ဏာရှိသူနှင့်အာဏာမဲ့သူတို့အကြား အားပြိုင် လျက်ရှိကြရာ တစ်ဦးနှင့်တစ်ဦး အလေးထား လေးစားကာ အမှန်တရားကိုအခြေခံ၍ ဆက် ဆံရန် လိုအပ်သကဲ့သို့ တစ်ဦးအပေါ်တစ်ဦး အကြင်နာထားရှိရန်လည်း အမှန်ပင်လိုအပ်ပါသည်။ အကယ်၍ ဤသို့သောစိတ်ထားမျိုး မထားရှိနိုင်သောအခါ၌မူ အချင်းချင်းည§ဉ်း ပန်းနှိပ်စက်ခြင်းဖြင့် အမုန်းပွားကာ ဤကမ္ဘာ လောကသည်လည်း သာယာချမ်းမြေ့မှုကင်းမဲ့၍ လောကငရဲနှင့်သာလျှင် စင်စစ်တူနေ တော့မည်သာ ဖြစ်လေသည်။
ဤနေရာ၌ ခွန်အားမဲ့သူသည် ခွန်အားကြီးလာသောအခါ ဆင်းရဲသူသည် ချမ်းသာလာသောအခါ အာဏာမဲ့သူတို့ အာဏာရှိလာ သောအခါ နဂိုမူလစိတ်သည် တဖြည်းဖြည်း ပြောင်းလဲလာတတ်သော သဘောရှိ၏။ ဤ
ကား ပုထုဇဉ်တို့၏ သဘာဝပင်တည်း။ အမှန်ဆိုရလျှင် အချို့သောသူတို့သည် ပင်ကိုစိတ် သဘောဆိုးလှသူများ မဟုတ်သော်လည်း နောင်အခါ ရရှိခံစားရသော စည်းစိမ်ဥစ္စာရာထူး အာဏာတို့အပေါ်၌ သာယာ၍သော်လည်းကောင်း၊ ပတ်ဝန်းကျင်က ထိုသူရရှိနေသော အဆင့်အတန်းအပေါ် လိုသည်ထက်ပို၍ ညွတ်ကိုင်းလာတတ် သဖြင့်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခုအပေါ်၌ သိသိသာသာ မိမိဩဇာလွှမ်းမိုးနိုင်စွမ်း ရှိလာသည်ကို မိမိကိုယ်တိုင် သိလာသောအခါ၌ လည်းကောင်း ထိုပင်ကိုစိတ်သည် အကောင်းမှ အဆိုးသို့ ပြောင်းလာရလေတော့သည်။
အချို့လူအတော်များများသည် ဘဝကို အောက်ဆုံးအဆင့်မှ စçရ၏။ မိမိ၏ကြိုးစား အားထုတ်မှု၊ လုံ့လဝီရိယနှင့် ကံအားÓဏ်အား တို့ ပေါင်းစပ်လိုက်သောအခါ ထိုးမြေ§ာက် လိုက်သလို မြင့်စွင့်လာ၏။ လူအားလုံးတို့ အပေါ်၌ လွှမ်းမိုးချုပ်ကိုင်လာနိုင်၏။ အသိတရားနှင့် ကိုယ်ချင်းစာမှုထားတတ်လျှင် တော်ပါသေး၏။ အငြိုးအာဃာတနှင့် အမုန်းတရားများ လွှမ်းခြုံလိုက်ပါမူ လူ့ဘောင်လော ကအတွက် အန္တရာယ်အပြုနိုင်ဆုံး လူသားဖြစ်၍ သွားရလေတော့သည်။
ဤနည်းဖြင့်ပင် ဟစ်တလာသည် ကမ္ဘာ့လူသား သန်းပေါင်းများစွာကို အသက်ဆုံးစေခဲ့၍ အခြားသောလူသား သန်းပေါင်းများစွာ ကား ဘဝပျက်ရရှာ၏။ မိမဲ့ဘမဲ့ဘဝကို ရောက်ရရှာသော လူမမည်ကလေးများသည် စင်စစ် ဟစ်တလာ၏ ရန်သူမဟုတ်ကြချေ။ ထိုကဲ့သို့ပင် ကြင်နာသနားတတ်သော မိခင် များသည်လည်း ဟစ်တလာနှင့် တစ်ရံတစ်ခါမျှ ရန်ငြိုးရန်စမရှိဘူးချေ။ ပြောရလျှင် ဟစ်တလာဆိုသော လူတစ်ယောက်သည် သာမန်ခြေသလုံး အိမ်တိုင်သမား တစ်ယောက်သာလျှင် ဖြစ်၏။ ဘဝကို ဖြစ်သလို ရင်ဆိုင်ခဲ့ရ သူလည်းဖြစ်၏။ သူ့မှာ ဦးနှောက်လည်းရှိ၊ နှလုံးသားလည်း ရှိပါသည်။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် လူသားတို့ထားရှိအပ်သော ကျင့်ဝတ်တရားများကိုလည်း သူသိနေလိမ့်မည်ဟု စာရေးသူထင်ပါသည်။
သို့သော် သူ့ဘဝကို ဆိုးယုတ်ညစ်နွမ်း အောင်ခြယ်လှယ်လိုက်သော အကြောင်းတ ရားကား များများမရှိ။ ပထမတစ်ခုမှာ အကြွင်းမဲ့အာဏာဖြစ်၍ ဒုတိယတစ်မျိုးမှာ သူ ကိုယ်တိုင်ခံစားလိုက်ရသော အကြင်နာမဲ့မှုပင် ဖြစ်လိမ့်မည်ဟုထင်ပါသည်။ အကယ်၍သာ သူသည် ထိုအာဏာကို မရလိုက်သည် ရှိသော် ရလိုက်သော်မှလည်း သူ့ဘဝတွင် လူလူချင်းထားရှိအပ်သည့် အကြင်နာတရား များကို အပြည့်အဝရရှိခဲ့မည်ဆိုသော် ဒုတိယ ကမ္ဘာစစ်သည်လည်း ဖြစ်လာနိုင်ဖွယ်မရှိသလို လူသားသန်းပေါင်းများစွာလည်း ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းကြလိမ့်မည်ဟု မရဲကိုးစားစွာ ထင်မြင်ယူဆမိပါသည်။
လူသားတိုင်း အကြင်နာတရားကို အလိုရှိကြ၏။ အကြင်နာထားတတ်သော စိတ်သဘောရှိသူများနှင့် ကြုံဆုံရသည့်အခါ အလွန်ခက်ထန်သော ဒေါသသည်ပင်လျှင် ပြေလျော့သွားရ၏။ သို့သော် တစ်ခါတရံ၌ ကံဆိုးစွာပင် အကြင်နာမဲ့စွာဖြင့် တစ်ဦးကိုတစ် ဦး အနိုင်ကျင့်နှိပ်စက်ရာမှတစ်ဆင့် လူသား တစ်ဦး၏စိတ်တွင် အနာတရဖြစ်သွားခဲ့ရ၏။ ထိုသူက တစ်ဖန်ပြန်လည်၍ လက်တုံ့ပြန်ခွင့် ရလာသောအခါ မမျှော်မှန်းနိုင်လောက်သော ဆိုးကျိုးများသည် ပတ်ဝန်းကျင်ကိုပင် ရိုက်ခတ်လေတော့သည်။
ဤသဘောပင်ဖြစ်သည်။ သာသနာ့ သမိုင်းတွင်လည်း ဝိဋဋူပသည် သာကီဝင်မင်း၏ အဆက်အနွှယ်ဟူသမျှကို အကြွင်းမထား အကုန်အစင် သတ်ဖူးလေသည်။ လူတစ်ဦးချင်းစီ၏ အကြင်နာမဲ့မှုသည် လူ့ဘောင် လောကကိုပင် တစ်ဖန်ပြန်၍ ဖျက်ဆီးတတ်စွာ၏။
အကြင်နာမဲ့မှု၏ လက်သည်တရားခံ စစ်စစ်ကား စိတ်ကို မကောင်းအောင်ခြယ် လှယ်တတ်သည့် လောဘ၊ ဒေါသ၊ မောဟ ဟူသည့် အကုသိုလ်တရားများသာလျှင်ဖြစ် ကြပေသည်။ လောဘဟူသော လိုချင်တပ်မက်မှုကြောင့် တရားသည် မတရားသည်ဟူ ၍မတွေး၊ ရနိုင်သမျှအကုန်သိမ်းကျုံး၍ယူ ချင်တတ်၏။ ထိုလောဘအလိုကြောင့်ပင် လျှင် သူတစ်ပါးတို့အား နှိပ်စက်ဖျက်ဆီးခြင်း အမှုကိုပြုမိတတ်ကြ၏။ ထိုကဲ့သို့ပင် ဒေါသ ဟူသော စိတ်ဆိုးစိတ်ပျက်ခြင်းကို အရင်းခံ၍ ရန်သူမိတ်ဆွေ မကွဲပြားဘဲ မြင်မြင်သမျှကို နင်းခြေဖျက်ဆီး ချင်မိတတ်၏။
ထိုဒေါသ အကြောင်းကြောင့်ပင်လျှင် သူတစ်ပါးတို့အား နာကျင်အောင်နှိပ်စက် ဖျက်ဆီးမိလေတော့သည်။ ထို့အတူပင် မောဟတည်းဟူသော ဆင်ခြင်တုံတရား ကင်းမဲ့စွာ မိုက်မိုက်မဲမဲ ပြုမူတတ်မှုကြောင့် မှန်သည်မှားသည် အကြောင်းလျော်သည် မလျော်သည် မတွေးနိုင်ဘဲ အမှားတို့ကိုသာ တွင်တွင်ပြု၏။ ထို့ကြောင့်ပင်လျှင် သူတစ်ပါးတို့ ပျက်စီးရချေ၏။
ထိုသို့ပြုမိသောအမှုသည် ဦးစွာပထမ မိမိ၏စိတ်ကိုပူလောင်စေ၏။ ပမာဆိုသော် လောကကို လောင်မီးမြိုက်အံ့ဟု ရည်ရွယ် သော မီးစာသည် မိမိကိုယ်ကို အလျင်ဦးစွာ မီးရှို့ရသကဲ့သို့ပင်သာတည်း။ နောက်ဆုံး သော် နှစ်ဦးစလုံးပင်ပျက်စီးခြင်း၌ အဆုံး သတ်ရ၏။ ပြုသူကိုယ်တိုင်က ပြုခွင့်ရသောအခါ တစ်ဆုံးတစ်ဆထိရောက်လောက်အောင် အားစိုက်ရသဖြင့် အကုသိုလ်ဇောအဟုန်ကား အလွန်ပြင်းစွာဖြစ်၏။
လောက၏နိယာမကား မိမိစိုက်ထုတ် သမျှ အားနှင့်ညီမျှသော တန်ပြန်သက်ရောက်မှုသည် မိမိထံသို့တစ်ဖန်ပြန်၍ ရောက်လာတတ်သည့် သဘောရှိရာ ထိုပြုသူကိုယ်တိုင်လည်း သံသရာတွင် ဤနည်းတစ်ဖန်ပင် ပြန်၍ ခံရမည်မလွဲချေ။
စာရေးသူ ဖတ်မိသိရှိသလောက် တစ်ချိန် တစ်ခါက လူသားတို့အပေါ်၌ ရက်ရက်စက်စက် နှိမ်နင်းဖျက်ဆီးသူတို့သည် လက်ရှိ ဘဝမသေမီကာလ၌ပင် နောင်တဖြင့် တစ်ဖန်ပူပန်နေရလိမ့်ရှိကြောင်း တွေ့ရ၏။ တချို့ကား ယခုဘဝအပြစ်မှ လွတ်လိုလွတ်ငြား “အထက်က ခိုင်းလို့ပါ တာဝန်အရပါ” ဟု မရဲသော်လည်းပြေးခဲစေ ဆိုတတ်လိမ့်ရှိကြသည်။ အမှန်ဆိုရလျှင် ထိုသူတို့သည် အကြင်နာတရားရှိ၍ သနားတတ်ပါက ငါသည် ထိုအမှုကို မည်သူကပင် ပြုခိုင်းသည် ဖြစ်စေ မတရားတော့ဖြင့် မလုပ်နိုင်ပါဟု သတိတရားစွဲကပ်ကာ ခံသာအောင်ပြုမူသင့်လှ၏။
ထိုသူတို့သည် ကိုယ်တိုင်ကိုယ်ကျခံရ သည့်အလှည့်သို့ ရောက်သောအခါ၌မူ မျက်နှာညှိုးငယ်ကြ၏။ ငါ့ကို မတရားပြုရက်ကြ လေခြင်းဟု မျက်ရည်ပေါက်ပေါက်ကျကြ၏။ စင်စစ်သော် ကိုယ့်တရားက ကိုယ့်ကိုပြန်၍ စီရင်ခြင်းသာဖြစ်ရာ ဘယ်သူမပြု မိမိမှုဟူ၍ ပင် ဆိုရခြေတော့မည်။
ဤနေရာ၌ သက်ရှိလူသားတို့ ပေါက်ပွား ကျင်လည်နေရသော လောကသည် ဓမ္မတည်းဟူသော အမှန်တရားကို အခြေခံကာ သံသရာကို လှည့်ပတ်လျက်ရှိ၏။ ဤကမ္ဘာ၌ သက်ရှိဟူ၍ မပေါ်မီကပင်လျှင် လောကဓမ္မတည်းဟူသော လောကကို စောင့်ရှောက်ခြင်း တရားသည်ရှိ၏။ ထိုတရားသည် မျက်နှာကြီး ငယ်မရွေး၊ ပုဂ္ဂိုလ်သတ္တဝါမရွေး အားလုံးအပေါ်၌ မျှမျှတတထားကာ ပြုမူဆက်ဆံ၏။
ပမာဆိုရလျှင် လူတို့လောက၌ တရားဥပဒေဟူသည်ရှိ၏။ အပြစ်ရှိသူကို အပြစ်အလျောက်စီရင်၏။ သို့သော် အချို့သူတို့သည် ကံအားလျော်စွာ လူတို့၏ စီရင်ပိုင်ခွင့် ဥပဒေများလက်မှ လွတ်ကာ ချမ်းသာရာရ လျက်ရှိကြသည်ကိုတွေ့နိုင်၏။
သို့သော် ထိုသူတို့သည် လွတ်ပြီဟူ၍ ဝမ်းမြောက်ဝမ်းသာ မရှိသင့်။ အဘယ့်ကြောင့် ဆိုသော် လောကဓမ္မသည် ထိုသူတို့အား အမြဲမပြတ်စောင့်၍ ကြည့်လျက်ရှိ၏။ ထိုသူ ၏ ဘဝအကျိုးပေး ကံမကုန်သေးသည့် အခိုက်တွင် အလှည့်မပေးသဖြင့် နေသာသေး၏။ သို့သော် လွတ်သွားသည်ဟူ၍ကား မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် သံသရာ၌ ကံကြမ္မာ၏ လက်တွင်း၌ပင် အဖန်ဖန်ပြန်၍ ကျင်လည်ရသော ကြောင့်ပင်ဖြစ်လေသည်။
ထို့ကြောင့် လူဟူသမျှ ကံပေး၍ရသခိုက် အခိုက်အတန့်မျှ ရလာကြသည့် စည်းစိမ်ဥစ္စာ ရာထူးအာဏာတို့ကိုစွဲ၍ သူတစ်ထူးအပေါ် ၌ အကြင်နာမဲ့စွာ ကာယကံ၊ ဝစီကံ၊ မနောကံအလျောက် မှားမှားယွင်းယွင်း မပြုမိစေရန် အစဉ်သတိစွဲ၍ ဆင်ခြင်သင့်လှ၏။
လူသားတစ်ယောက်အနေနှင့် မိမိပြုသင့်သည့် တာဝန်ဝတ္တရားများကို လူသားတို့အား တတ်စွမ်းသမျှ အကျိုးဖြစ်အောင် ဆောင်ရွက်တော့မည်ဟု စိတ်ပိုင်းဖြတ်ကာ အမှန်တရားကို စွဲကိုင်၍ အကြင်နာထားကာ စောင့်ရှောက်သင့်လှ၏။ အကြင်နာထား၍ အမှန်တရားဖြင့် ပြုမူသမျှ ကိစ္စအဝဝတို့သည် မှားသည်ဟူ၍မရှိ။ နောင်တဖြင့်လည်း မိမိကိုယ်ကို ဘယ်သောအခါမျှ တစ်ဖန်ပြန်၍ နှိပ်စက်သည် ဟူ၍လည်းမရှိချေ။ ဤနည်းဖြင့်ပင် လူ့ဘဝကို ဖြတ်သန်းသင့်လှ ပေတော့သည်။