မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်း အတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်း အတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်
Published 14 February 2015

မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ရန်ကုန်တိုင်းအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဆန္ဒပြ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များနှင့် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက်နှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်၍ သပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီးဖြစ်ကြောင်း ပါရှိသည်။ အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီထားပြီးဖြစ်ကြောင်း၊ သို့သော် ယခုအခါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက်ဦးတည် လှုပ်ရှားနေကြသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်း မပြုနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ကျနော် အစိုးရရဲ့ ကြေညာချက်ကို လက်ခံတယ်။ သဘောတူညီချက်အရ ပြီးခဲ့ရင် (ဘာအကြောင်းပြချက်မှ မပေးဘဲ)လိုက်နာရမယ်။ သဘောတူညီချက်ကို မယုံကြည်ဘူးလို့ ပြောမယ်ဆိုရင် ဆွေးနွေးပွဲကို လက်ခံခဲ့ဘို့ မသင့်ဘူး။ ဆွေးနွေးပွဲကို လက်ခံပြီးရင် ဆွေးနွေးပွဲရဲ့ အဖြေကို လက်ခံရမယ်။ အဲဒါဟာ ယဉ်ကျေးမှုဘဲ။ ကျောင်းသားတွေကို Ethic နားလည်တဲ့ သူတွေအဖြစ် ကျနော်မြင်ချင်တဲ့အတွက် (အမုန်းခံပြီး) ဒီစာကို ရေးပါတယ်” ဟု တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုက ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်း၌ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

Most Read

Most Recent