ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ထာဝရပြောင်းလဲသွားမည့် အရာများ

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ထာဝရပြောင်းလဲသွားမည့် အရာများ
Published 2 February 2015
ကိုမိုး (သတ္တုတွင်း)

နှစ် (၂၀) အတွင်း ပျောက်ကွယ်သွားမည့် The Great Barrier သန္တာကျောက်တန်းသြစတြေးလျတိုက် Queen land ပြည်နယ် တောင်ဘက်သမုဒ္ဒရာမှာ ကျွန်းပေါင်း ၉၀၀ ကျော်၊ သန္တာကျောက်တန်းပေါင်း ၂၉၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ The Great Barrier ကျောက်တန်းဟာ စတုရန်းကီလိုမီတာ ၃၄၀၀၀၀ ကျော်ကျယ်ဝန်းပြီး ငါးမျိုးစိတ်ပေါင်း ၁၅၀၀၊ ငှက်မျိုးစိတ်ပေါင်း ၂၁၅ နဲ့ ပင်လယ်လိပ်မျိုးစိတ်ပေါင်း ကိုးမျိုးတို့ ကျင်လည်ကျက်စားနေထိုင်ရာ ဒေသ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ UNESCO က ကမ္ဘာ့အမွေအနှစ် တည်နေရာ (World Heritage Site) လို့ အသိအမှတ်ပြုခံရတဲ့ ဒီသန္တာကျောက်တန်းဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာမှု၊ ပင်လယ်ရေ အပူချိန် မြင့်တက်လာမှု၊ ကျောက်မီးသွေးသယ် သင်္ဘောတွေ၊ ရေနံတင်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ သွားလာမှုကြောင့် ပင်လယ်ရေ ညစ်ညမ်းလာမှု၊ ငါးသတ္တဝါတွေ အလွန်အကျွံ ဖမ်းဆီးလာမှုတွေကြောင့် တဖြည်းဖြည်း ပျက်စီးလို့ နေပါပြီ။ သြစတြေးလျ အဏ္ဏဝါသုတေသနမှူးချုပ်ဖြစ်တဲ့ Charlic Veron က တခြားနည်းလမ်းတွေနဲ့ ဘယ်လိုမှ ကယ်တင်လို့ မရတော့ပါဘူး။ The Great Barrier Reef သန္တာကျောက်တန်းဟာ အလွန်ဆုံး နှစ်ပေါင်း ၂၀ အတွင်း ပျက်စီးသွားတော့မှာပါ။ ၂၀၃၀ နဲ့ ၂၀၆၀ အတွင်း ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တိုးမြင့်လာမှုဟာ ဒီသန္တာကျောက်တန်းတွေ ပျောက်ကွယ်သွားတဲ့အထိ ကြမ္မာဆိုးကို ဖြစ်ပေါ်စေမှာပါ။ ဒါဟာ ကမ္ဘာရဲ့ ပထမဆုံး ဂေဟစနစ် ပြိုကွဲခြင်းပါပဲ။ အတိတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ သန္တာကျောက်တန်းများ ဆုတ်ယုတ်ပျက်စီးမှု သုတေသန လေ့လာတွေ့ရှိချက် အထောက်အထားတွေအရ ဒီအဖြစ်ဆိုးကြီး ကြုံတွေ့လာမှာ ဧကန်ပါပဲလို့ The Times သတင်းစာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။သဲကန္တာရအဖြစ် ပြောင်းလဲသွားမည့် အမေဇုန် မိုးသစ်တောဇီဝမျိုးကွဲ သန်းပေါင်းများစွာနဲ့ ဖွေးဖွေးလှုပ်နေတဲ့ အမေဇုန် မုတ်သုံမိုးသစ်တောဟာ ကမ္ဘာ့ရေကြည်ရဲ့ ငါးပုံတစ်ပုံ စုဝေးရာဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သစ်အလွန်အကျွံ ခုတ်ထွင်ခြင်းဟာ အမေဇုန်သစ်တောကြီးရဲ့ ရာခိုင်နှုန်း ၃၀ က ရာခိုင်နှုန်း ၆၀ အထိ အပူပိုင်း မြက်ခင်းလွင်ပြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီနှုန်းအတိုင်း သွားမည်ဆိုရင် လာမည့် ၂၀၅၀ ပြည့်နှစ်မှာ အမေဇုံ မိုးသစ်တောကြီးဟာ လုံးဝပျောက်ကွယ်သွားပြီး သဲကန္တာရအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။စိမ်းလန်းလာမည့် ဆာဟာရ သဲကန္တာရမိုးရွာသွန်းရက် တိုးလာတာရယ်၊ ရွာသွန်းတဲ့မိုးရေ များလာတာရယ်ကြောင့် ဆာဟာရသဲကန္တာရကြီး ပတ်ဝန်းကျင်ဟာ စိမ်းစိုလာတယ်လို့ သိပ္ပံပညာရှင်များက သတိပြုလာမိပါတယ်။ ဒီဖြစ်စဉ် ဆက်လက်တည်တံ့နေမယ်ဆိုရင် မိုးခေါင်လို့ ပပ်ကြားအက်ခဲ့တဲ့ ဒေသတွေဟာ ပြန်လည်သက်ဝင် လှုပ်ရှားရှင်သန်လာပြီး လယ်ယာစိုက်ပျိုးရေးတွေကို အသစ်တစ်ဖန် ပြန်ဖြစ်ပေါ်စေမှာဖြစ်လို့ သဲကန္တာရ အကျယ်အဝန်းဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ ကာလက စိမ်းလန်းစိုပြည်ခဲ့တဲ့ ဆာဟာရဘဝကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။Katrina ထက် ဖွတ်ဖွတ်ညက်ညက် ကြေစေမည့် ဟာရီကိန်းများသတ်မှတ်ချက်အဆင့်(၄)ရှိတဲ့ Katrina ဟာရီကိန်းဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာရတယ် ဆိုတာကို ယတိပြတ် မဆုံးဖြတ်နိုင်သေးပါဘူး။ Louisiana မြို့ကို ဖျက်ဆီးခဲ့တဲ့ Katrina ထက်ပြင်းတဲ့ သတ်မှတ်ချက် အဆင့်ငါးရှိတဲ့ ဟာရီကိန်းများ ဖြစ်ပေါ်လာနိုင်တဲ့အကြောင်း ရှေ့ပြေးနမူနာပုံစံတွေအရ သိရှိလာရလို့ ပူနွေးတဲ့ ပင်လယ်ရေတွေကြောင့် အင်အားပြင်းထန်တဲ့ ဟာရီကိန်းများဟာ ပင်လယ်ရေလွှမ်းမိုးမှုနဲ့အတူ မုချဖြစ်ပေါ်လာမည်လို့ ခန့်မှန်းရပါတယ်။ (နှစ်ပေ မြင့်တက်လာမည့် ပင်လယ်ရေဟာ Massachusetts ပြည်နယ်ထက် ကျယ်ဝန်းတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကမ်းရိုးတန်းတွေကို ရေအောက်ကို ရောက်စေမှာ ဖြစ်ပါတယ်။)၂၁၀၀ ပြည့်နှစ် ရေအောက်မှာ ပျောက်ကွယ်မည့် လန်ဒန်မြို့သန္တာကျောက်တန်းတွေနဲ့ သမုဒ္ဒရာတွင်းက မြေနိမ့်ကျွန်းတွေသာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်ခြင်းခံရတာ မဟုတ်ပါဘူး။ မြို့ကြီးပြကြီး လူနေထူထပ်တဲ့ ကမ်းရိုးတန်းဒေသတွေပါ ရေအောက်နစ်မြုပ်မည့်
ကမ္ဘာတစ်ဝန်းက ဆင်းရဲတဲ့ နိုင်ငံများက လူသားများဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရှားပါးလာတဲ့ စားနပ်ရိက္ခာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် နိုင်ငံကိုစွန့်ခွာပြီး တိုင်းတစ်ပါးကို တရားမဝင် ခိုးဝင်နေကြပါတယ်။ များပြားလာတဲ့ ဒုက္ခသည်စခန်းတွေ၊ တိုးပွားလာတဲ့ ဒုက္ခသည်တွေကြောင့် ဒုက္ခသည်တွေကို လက်ခံဖို့ အခက်အခဲဖြစ်လာတဲ့ နိုင်ငံတွေကြားမှာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးဆိုးရွားရွား . . . . .

အန္တရာယ်ကြုံတွေ့လာနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြင့်တက်လာမည့် ပင်လယ်ရေမျက်နှာပြင်အောက်ကို ကမ္ဘာ့မြို့တော်ကြီးတွေဖြစ်တဲ့ လန်ဒန်မြို့၊ နယူးယောက်မြို့နဲ့ ဘန်ကောက်မြို့တွေဟာ (၂၁) ရာစုနှစ်အကုန်မှာ ရောက်ရှိသွားမှာလို့ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားပါတယ်။ကြုံလှီသွားမည့် တိရစ္ဆာန်များကမ္ဘာကြီး ပူနွေးလာလို့ ကိုယ်ခန္ဓာကြီးမားတဲ့ တိရစ္ဆာန်များထက် ကိုယ်ခန္ဓာငယ်တဲ့ တိရစ္ဆာန်များက ပိုပြီးခံနိုင်ရည် ရှိပါတယ်။ ငါးများ၊ ရေမွှားများ၊ ဗက်တီးရီးယားများနဲ့ တိရစ္ဆာန်များကို သုတေသနပြုခဲ့ကြတဲ့ ဥရောပက သိပ္ပံပညာရှင်များ တွေ့ရှိချက်အရ စကော့တလန်ကျွန်းတွေမှာ ကျက်စားနေထိုင်ကြတဲ့ သိုးများဟာ တိုတောင်းလာတဲ့ ဆောင်းရာသီ၊ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုတွေကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ကိုယ်ခန္ဓာရဲ့ ရာခိုင်နှုန်း ၅၀ နီးပါး ကြုံလှီသွားကြတယ်လို့ တွေ့ရှိကြပါတယ်။ပျောက်ကွယ်သွားမည့် အင်ဒိုနီးရှား ကျွန်းစုများသတ္တုအလွန်အကျွံ တူးဖော်မှုကြောင့် ပျက်စီးသွားတဲ့ ဂေဟစနစ်တွေနဲ့အတူ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၂၀၀၀ ကျော်ဟာ ၂၀၃၀ မှာ သမုဒ္ဒရာအောက်ကို နစ်မြုပ်ပျောက်ကွယ်သွားလိမ့်မယ်။ အင်ဒိုနီးရှား ကျွန်းစုပေါင်း ၁၇၅၀၀ ကျော်ထဲက လက်ရှိ ၂၄ ကျွန်းဟာ ပျောက်ကွယ်လို့ နေပါပြီ။အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသော ကမ္ဘာကြီး ပူနွေးလာမှုဆင်းရဲတွင်းမှ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာတစ်ဝန်းက ဆင်းရဲတဲ့ နိုင်ငံများက လူသားများဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရှားပါးလာတဲ့ စားနပ်ရိက္ခာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် နိုင်ငံကိုစွန့်ခွာပြီး တိုင်းတစ်ပါးကို တရားမဝင် ခိုးဝင်နေကြပါတယ်။ များပြားလာတဲ့ ဒုက္ခသည်စခန်းတွေ၊ တိုးပွားလာတဲ့ ဒုက္ခသည်တွေကြောင့် ဒုက္ခသည်တွေကို လက်ခံဖို့ အခက်အခဲဖြစ်လာတဲ့ နိုင်ငံတွေကြားမှာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပါတယ်။လုံးဝအရည်ပျော်သွားမည့် Alps တောင်တန်းရေခဲမြစ်တွေဟာ ပူနွေးတဲ့ ရာသီ၊ ခြောက်သွေ့တဲ့ ရာသီ၊ ပူပြင်းတဲ့ နွေရာသီတွေမှာ အရည်ပျော်ဆင်းသွားကြပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် နှင်းလျှောစီးတဲ့ ရာသီကစပြီး နှင်းကျတာတွေ လျော့နည်းစ ပြုလာပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင့်မားတဲ့ တောင်ပေါ်တောင်ထိပ်တွေမှာ နှင်းအကျ နည်းလာပါတယ်။ လာမည့် ၂၀၃၀-၂၀၅၀ အတွင်း ရေခဲမြစ်တွေ လုံးဝပျောက်ကွယ်သွားမှာမို့ ယခင် Apls တောင်တန်းက ရေခဲတောင်တွေကို နယ်နိမိတ် သတ်မှတ်ခဲ့ကြတဲ့ အီတလီနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ဟာ နယ်ခြားနယ်နိမိတ် ပြန်လည်သတ်မှတ် ကြရပါလိမ့်မယ်။လုံး၀ ပျောက်ကွယ်သွားမည့် မော်လဒိုက်ကျွန်းပင်လယ်ရေမျက်နှာပြင်အထက် အနည်းငယ်သာ ပိုမြင့်တဲ့ မော်လဒိုက်ကျွန်းဟာ ကမ်းရိုးတန်းတွေ ပြိုကျနေတာကြောင့် ကျွန်းအကျယ်အဝန်းဟာ တစ်စတစ်စနဲ့ ကျဉ်းမြောင်းလာပါတယ်။ နူးညံ့တဲ့ သဲသောင်အဖြူတွေ၊ ပူနွေးတဲ့ ပင်လယ်ရေတွေကြောင့် ကမ္ဘာအရပ်ရပ်က အပန်းဖြေသူတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ဒီကျွန်းသာယာဟာ မြင့်တက်လာတဲ့ ပင်လယ်ရေကြောင့် လာမည့်နှစ် ၁၀၀ အတွင်း သမုဒ္ဒရာထဲ လုံးဝနစ်မြုပ်သွားလိမ့်မယ်လို့ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားပါတယ်။ရာသီဥတု ပြောင်းလဲမှုကို စောင့်ကြည့်သုတေသီတွေ ဟောကိန်းထုတ်ထားတဲ့ အချက် ၁၀ ချက်ထဲက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အချက်နှစ်ချက် လေ့လာတွေ့ရှိရပါတယ်။ အဲဒီနှစ်ချက်က သဲကန္တာရအဖြစ် ပြောင်းလဲမည့် ဖြစ်ရပ်နဲ့ ပင်လယ်ရေပြင်အောက် ရောက်သွားမည့် ကမ်းရိုးတန်းမြို့တော်တွေပါပဲ။ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသများဟာ မုတ်သုံမိုး အဝင်နောက်ကျ၊ အထွက်စောပြီး ရွာသွန်းမိုးရေချိန်၊ မိုးရွာရက် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ဆိုပေမယ့် မိုးရေထိန်းသိမ်းထားမည့် သစ်တောသစ်ပင်တွေ အလွန်အကျွံ ခုတ်ထွင်မှု၊ စည်းမဲ့ကမ်းမဲ့ သတ္တုတူးဖော်မှု၊ စိုက်ပျိုးလယ်မြေတွေ တိုးချဲ့ဖော်ထုတ်မှု၊ မြို့ရွာတွေ တိုးချဲ့လာမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုနဲ့ လိုက်လျောညီထွေဖြစ်မည့် ပြုပြင်ပြောင်းလဲမှုတွေ အချိန်မီ မဖော်ဆောင်ရင် ဒီတိုင်းဒေသကြီး (၃)ခုဟာလည်း ကန္တာရအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အလားတူ The Intergoverment Panel on Climate Change က ရေခဲမြစ်တွေက ပျော်ဝင်လာတဲ့ရေတွေ သမုဒ္ဒရာထဲ ပိုပြီး စီးဝင်လာတာတွေကြောင့်ရော ရေဟာ ပူနွေးလာရင် ထုထည်ပွလာတာကြောင့်ရော ပင်လယ်ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ထက် ရှစ်လက်မ မြင့်တက်လာကြောင်း၊ ဒီနှုန်းအတိုင်းသွားရင် ခရစ်နှစ် ၂၁၀၀ ပြည့်နှစ်မှာ နောက်ထပ်နှစ်ပေ ဆက်လက်မြင့်တက်လာမည့်အကြောင်း ကြိုတင်ဟောကိန်း ထုတ်ထားပါတယ်။ ဒီတက်လာမည့် ပင်လယ်ရေအောက်ရောက်ရှိသွားမည့် လန်ဒန်မြို့၊ နယူးယောက်မြို့၊ ဘန်ကောက်မြို့တွေနဲ့အတူ ရန်ကုန်မြို့ဟာလည်း ပါဝင် နစ်မြုပ်သွားနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။