အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အစိုးရမှပြင်ဆင်လိုသည်များကို ဥပဒေကြမ်းအဖြစ်ပေးပို့လာပါက လွှတ်တော်မှ အမြန်ဆုံးပြင်ဆင်ပေးမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဇန်နဝါရီ ၂၂ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

Published 23 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အစိုးရမှပြင်ဆင်လိုသည်များကို ဥပဒေကြမ်းအဖြစ်ပေးပို့လာပါက လွှတ်တော်မှ အမြန်ဆုံးပြင်ဆင်ပေးမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ ဇန်နဝါရီ ၂၂ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာအပေါ်မူတည်ကာ နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
 
 အမျိုးသားပညာရေးဥပဒေသည် ၃ဝ-၉-၂ဝ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၄၁) အဖြစ် ထုတ်ပြန်ကြေညာပြီးဖြစ်ရာ တည်ဆဲဥပဒေတစ်ရပ်ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်အနေနှင့် ပြန်လည်သုံးသပ်ခြင်းထက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနဖြစ်သည့် ပညာရေးဝန်ကြီးဌာနက ပြင်ဆင်လိုသည့်အချက်များနှင့်အတူ ဥပဒေကြမ်းတစ်ရပ်ရေးဆွဲပြီး ပေးပို့တင်သွင်းလာပါက ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားရှိသော ဥပဒေကြမ်းကော်မတီများ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ဥပဒေရေးရာကော်မရှင်၊ အခြားဆက်စပ်ကော်မတီများ၊ စိတ်ပါဝင်စားသူများ၊ ဝန်ကြီးဌာန၊ ပညာရှင်များနှင့် ညိနှိုင်းကာ လွှတ်တော်တွင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံခဲ့သည်။
 
ထို့ပြင် ယင်းဥပဒေသည် ၃ဝ-၉-၂ဝ၁၄ ရက်ကတည်းက ဥပဒေအဖြစ် တရားဝင် တည်ရှိနေပြီးဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အနေနှင့် ပြန်လည်သုံးသပ်ခြင်းထက် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိုပြုစုကာ ပြည်ထောင်စုလွှတ်တော်သို့ ဆောလျင်စွာပေးပို့ပါက ပြည်ထောင်စုလွှတ်တော်ကလည်း အမြန်ဆုံးညိနှိုင်းပြင်ဆင်ဆောင်ရွက်ပေးသင့်ပါကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံခဲ့သည်။
 
အမျိုးသားပညာရေးဥပဒေနှင့်  ပတ်သက်၍ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးစသည့်အချက်များကို တောင်းဆိုမှုများရှိလာသဖြင့် လွှတ်တော်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတမှ လွှတ်တော်သို့ မကြာမီက သဝဏ်လွှာပေးပို့တောင်းဆိုခဲ့မှုအပေါ် လွှတ်တော်က ယခုကဲ့သို့ အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။
 
အမျိုးသားပညာရေးဥပဒေပါ ပြဠာန်းချက်အချို့ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိလာခဲ့ကြောင်း၊ ၎င်းတို့မှာ ဗဟိုချုပ်ကိုင်မှုလျှော့ချပေးရန် အမျိုးသားပညာရေးကော်မရှင် မလိုအပ်ကြောင်း တောင်းဆိုမှုနှင့် အလားတူအဆင့်မြင့်ပညာပေါင်းစပ်ညိနှိုင်းရေးကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု၊ ဆရာအဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပေးရန် တောင်းဆိုမှု၊ လူတိုင်းအကျုံးဝင်ပညာရေးကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပေးရန်တောင်းဆိုမှု၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုမှုတို့ဖြစ်ကြောင်း သိရသည်။
 
Most Read

Most Recent