နိုင်ငံတော်အခွန် မဆုံးရှုံးစေရန်နှင့် တရားမျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်စေရန် နယ်စပ်ဒေသများမှ တရားမဝင် စက်သုံးဆီ တင်သွင်းမှုများကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေဟုဆို

နိုင်ငံတော်အခွန် မဆုံးရှုံးစေရန်နှင့် တရားမျှတသော ဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်စေရန် နယ်စပ်ဒေသများမှ တရားမဝင် စက်သုံးဆီ တင်သွင်းမှုများကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်နေဟုဆို
Published 18 January 2015
အငယ်ထွေး၊ နီလာ

နိုင်ငံတော်အနေဖြင့် အခွန်မဆုံးရှုံးစေရန်နှင့် မျှတသောဈေးကွက်ယှဉ်ပြိုင်မှု ဖြစ်စေရန် နယ်စပ်ဒေသများမှ တရားမဝင် ဆီမှောင်ခိုတင်သွင်းမှုများကို ထိန်းသိမ်းရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။“စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းက တရားဝင်ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်ပါတယ်။ နယ်စပ်ဒေသတွေကလည်း တရားဝင်တင်သွင်းခွင့် ပြုထားပါတယ်။ နယ်စပ်ဒေသကတော့ ကားနဲ့လာတယ်။ ဒီနေ့သွင်းရင် မနက်ဖြန် ရောက်တာပေါ့။ ယိုးဒယားကနေ သွင်းတယ်။ နယ်စပ်ဒေသကသွင်းဖို့ ခွင့်ပြုပေးထားပါတယ်။ သို့သော်လည်း တင်သွင်းမှုသည် တရားဝင်တင်သွင်းမှုပဲ ဖြစ်ရပါမယ်။ တရားဝင်တင်သွင်းမှုသည် နိုင်ငံတော်ကို ပေးသင့်ပေးထိုက်တဲ့ အခွန်၊ သတ်မှတ်ထားတဲ့ အခွန်ပေးဆောင်ဖို့ လိုပါတယ်။ နယ်စပ်က သွင်းတာတွေ ကုန်းလမ်းတွေက သွင်းတာတွေက များသောအားဖြင့် တရားဝင်သွင်းတာ ရှိသလို တရားဝင်သွင်းတာရဲ့နောက်မှာ အရိပ်လိုက်ပြီး တရားမဝင် တင်သွင်းတာတွေလည်း ဒီနေ့အထိ ရှိနေတုန်းလို့ ယူဆရပါတယ်။ ဒါတွေကိုတော့ ဖော်ထုတ်လို့ရရင် ဒါကို အရေးယူရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။“ဥပမာ-နယ်စပ်က အေဆိုတဲ့ ကုမ္ပဏီက ဆီတင်သွင်းလာတယ်။ လိုင်စင်က တန် ၁၀၀၀၀ ယူလိုက်တယ်။ ဒါပေမဲ့ သူက တန် ၁၀၀၀၀ လိုင်စင်ယူပြီးတော့မှ ပြည်တွင်းမှာရှိတဲ့ ဆီဆိုင်တွေ ဖြန့်ဖြူးတဲ့ စာရင်းဇယားတွေ အခုယူနေပါတယ်။ အသင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဒါလည်းပါပါတယ်။ နိုင်ငံတော်ရဲ့အခွန် မဆုံးရှုံးရအောင်ရယ် တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှု ဖြစ်အောင်လို့ တရားမဝင် စက်သုံးဆီတွေကို ကျွန်တော်တို့အသင်းက ထိန်းသိမ်းနိုင်အောင်လို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် သတင်းစာရင်းတွေ အကုန်ပြန်ယူရပါတယ်။ ဆီဆိုင်တွေက ဆီရောင်းတယ်ဆို တစ်နေ့ကို ဆီဘယ်လောက်ကုန်လဲ။ အဲဒီကုန်တဲ့ဆီ ဘယ်ကနေ ဝယ်သလဲ။ ဘယ်ကုမ္ပဏီကနေ ဝယ်လဲဆိုတာ ကျွန်တော်တို့ စာရင်းယူပါတယ်။ ယူတဲ့အခါ သူကတော့ ဒီကုမ္ပဏီကနေ ယူပါတယ်ဆိုတာ စာရင်းပေးမှာပဲ။ ပေးတယ်ဆိုရင် အဲဒီကုမ္ပဏီတွေ စာရင်းကို ပြန်ပြီးစိစစ်နိုင်အောင်လို့ ကျွန်တော်တို့ လုပ်နေပါတယ်။ စိစစ်လိုက်လို့ စောစောက ကုမ္ပဏီက ၁၀၀၀၀ ပဲ လိုင်စင်ယူထားတယ်။ သူဖြန့်ထားတဲ့ဆိုင်တွေက စာရင်းတက်လာတာက တန်ချိန် ၃၀၀၀၀ တက်လာတယ်ဆိုရင် အဲဒီကုမ္ပဏီကို ကျွန်တော်တို့က ခေါ်ယူရှင်းလင်း ခိုင်းရပါမယ်။ ခင်ဗျား တန်ချိန် ၂၀၀၀၀ က လိုင်စင်မယူဘဲ အခွန်မဆောင်ဘဲနဲ့ ဘာကြောင့်ဖြစ်လဲ။ သူရှင်းရပါမယ်။ မရှင်းလင်းနိုင်ရင် သူက တရားဥပဒေအတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နယ်စပ်က အေဆိုတဲ့ ကုမ္ပဏီက ဆီတင်သွင်းလာတယ်။ လိုင်စင်က တန် ၁၀၀၀၀ ယူလိုက်တယ်။ ဒါပေမဲ့ သူက တန် ၁၀၀၀၀ လိုင်စင်ယူပြီးတော့မှ ပြည်တွင်းမှာရှိတဲ့ ဆီဆိုင်တွေ ဖြန့်ဖြူးတဲ့ စာရင်းဇယားတွေ အခုယူနေပါတယ်။ အသင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဒါလည်းပါပါတယ်။ နိုင်ငံတော်ရဲ့အခွန် မဆုံးရှုံးရအောင်ရယ် တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှု ဖြစ်အောင်လို့ တရားမဝင် စက်သုံးဆီတွေကို . . . . .

ဈေးနှုန်းဆိုသည်မှာ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မူတည်ကြောင်း၊ ကုန်စည်စီးဆင်းမှု မှန်မမှန်နှင့်လည်း သက်ဆိုင်ကြောင်း၊ ထို့ပြင် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် အခြေအနေမျိုးအပေါ် မူတည်ကြောင်း၊ လက်ရှိအချိန်တွင် အသင်းအနေဖြင့် အဆိုပါ အနေအထားများအပေါ် ညှိနှိုင်းကာ စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းစေရန် ဆောင်ရွက်လျက်ရှိရာ အချို့ဆီဆိုင်များတွင် ဈေးချရောင်းချမှုများ ရှိလာပြီဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ပြည်တွင်းဈေးကွက်တွင် ဒီဇယ်ဆီနှင့် ဓာတ်ဆီဈေးနှုန်းများ ကျဆင်းရန် အသင်းအနေဖြင့် ဆောင်ရွက်နေကြောင်းနှင့် စက်သုံးဆီဈေးကွက်အား လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူး ရောင်းချသူအများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။အလားတူ လက်ရှိ လက်လီဈေးကွက်တွင် သိသိသာသာကျဆင်းခြင်း မရှိသေးသော်လည်း လက်ကားဈေးကွက်တွင် ကျဆင်းနေပြီဖြစ်ကြောင်း၊ လက်လီဈေးကွက် ကျဆင်းရန်လည်း အသင်းအနေနှင့် ညှိနှိုင်းမှုများ ရှိနေကြောင်း ၎င်းကပြောကြားသည်။ပြည်တွင်းစက်သုံးဆီဈေးများမှာမူ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစ၍ အချို့ဆိုင်များတွင် 92 Ron အောက်တိန်းအား ယခင် တစ်လီတာလျှင် ကျပ် ၇၀၀၊ တစ်ဂါလန်လျှင် ကျပ် ၃၁၀၀ ဝန်းကျင်မှ ယခုအခါ တစ်လီတာလျှင် ကျပ် ၅၉၀ နှင့် တစ်ဂါလန်လျှင် ၂၆၈၂ ကျပ်နှင့် ရောင်းချပေးနေကြောင်း၊ သို့သော် အချို့စက်သုံးဆီဆိုင်များမှာမူ အထိုက်အလျောက်သာ ဈေးချ၍ ရောင်းနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စက်သုံးဆီများထဲတွင် 92 Ron သာ အများဆုံးရောင်းချရပြီး နေ့စဉ်ရောင်းအား စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ မှာ ယင်းအမျိုးအစားဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent