Ford Motor Company က ဖေဖော်ဝါရီတွင် မန္တလေးမြို့၌ Showroom နှင့် Service Center ဖွင့်လှစ်မည်

Ford Motor Company က ဖေဖော်ဝါရီတွင် မန္တလေးမြို့၌ Showroom နှင့် Service Center ဖွင့်လှစ်မည်
Published 18 January 2015

ပြည်တွင်းမော်တော်ကားဈေးကွက်၌ ဈေးကွက်ဝေစု ရရှိထားသော Ford မော်တော်ကားများအား ဖေဖော်ဝါရီတွင် မန္တလေးမြို့၌ Showroom နှင့် Service Center အား ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။မန္တလေး Showroom အသစ်တွင် ကမ္ဘာ့ကားဈေးကွက်မှ ထိပ်တန်းအဆင့်ရှိသည့် ကားများအား ရောင်းချသွားမည့်အပြင် ကျွမ်းကျင်လက်မှတ်ရ ပညာရှင်များ၊ နောက်ဆုံးပေါ် စမ်းသပ်ကိရိယာများ၊ Ford Authorised Service နှင့် အပိုပစ္စည်းများကို ရရှိနိုင်ရန် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။“Ford မန္တလေး Showroom အသစ်ကနေပြီးတော့ နိုင်ငံအနှံ့က Ford ဝယ်ယူ အားပေးသူတွေအတွက် အရောင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပိုပစ္စည်း စတဲ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဈေးကွက်မှာ Ford ဝယ်ယူအားပေးသူတွေကို ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု Ford Motor Company မှ Asia Pacific Emerging Markets ၏ မန်နေးဂျင်းဒါရိုက်တာ Mr. David Westerman က ပြောကြားသည်။ထို့ပြင် Showroom နှင့် Service Center တွင် ကား ၁ဝ စီးအား တစ်ပြိုင်နက် ကြည့်ရှုနိုင်သည့် ပြခန်းနှင့် ကား ၁ဝ စီးအား တစ်ပြိုင်နက်ပြုပြင်နိုင်သည့် ဝန်ဆောင်မှုများပါ ပါဝင်ကြောင်းလည်း သိရသည်။Ford မော်တော်ကားများအား ပြည်တွင်းကိုယ်စားလှယ်အဖြစ် Capital Automotive မှ ရယူထားပြီး ၂ဝ၁၄ ခုနှစ်တွင် မော်တော်ယာဉ် အစီးပေါင်း ၆၄၂ စီးခန့်အထိ ရောင်းချခဲ့ကြောင်းလည်း သိရသည်။Ford ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရထားသော Capital Automotive Ltd သည် Capital Development အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒိုင်းမွန်းစတားကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ဒိုင်းမွန်းစတား ကုမ္ပဏီသည် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး Capital အုပ်စုသည် မြို့ပြဖွံ့ဖြိုးရေး၊ ဈေးဝယ်စင်တာများနှင့် မော်တော်ယာဉ်တင်သွင်း ရောင်းချခြင်းလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက် ရှိသည့်အပြင် ၂ဝ၁၂ ခုနှစ်တွင် Capital Diamond Star အုပ်စုအဖြစ် ဖွဲ့စည်းထားသည်။Ford Motor Company သည် အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ Dearborn City တွင် အခြေစိုက်ပြီး ကမ္ဘာအနှံတွင် ကားစက်ရုံပေါင်း ၆၅ ခုဖြင့် လည်ပတ်လျက်ရှိကြောင်းလည်း သိရသည်။အမေရိကန် အခြေစိုက် Ford ကားကုမ္ပဏီ၏ ရန်ကုန်မြို့ အရောင်းပြခန်း၊ ဝန်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်း များပါဝင်သော 3s စင်တာကို ၂ဝ၁၃ အောက်တိုဘာ ၄ ရက်တွင် အမှတ်-၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read