ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုအဖြစ် ရမည်းသင်းနှင့် ပျဉ်းမနားမြို့ လူထုအား ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံမည်

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုအဖြစ် ရမည်းသင်းနှင့် ပျဉ်းမနားမြို့ လူထုအား ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံမည်
Published 16 January 2015
စိုးမင်းထိုက်

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြိုအဖြစ် ရမည်းသင်းမြို့နှင့် ပျဉ်းမနားမြို့ လူထုအား ဇန်နဝါရီ ၁၇ ရက်(ယနေ့)တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်း၌ ရမည်းသင်းမြို့တွင် မြို့ခံလူထုနှင့် တွေ့ဆုံဟောပြောမည်ဖြစ်ကာ နေ့လယ်ပိုင်း၌ ပျဉ်းမနားမြို့တွင် လူထုအား တွေ့ဆုံဟောပြောမည်ဖြစ်ကြောင်း သိရသည်။နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဟောပြောပွဲများ၊ ဖျော်ဖြေတင်ဆက်ပွဲများကို ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပျဉ်းမနားမြို့ လူထုအား ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် ပျဉ်းမနားမြို့နယ် ကင်မွန်းတန်းအုပ်စုတွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲအတွက် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ဇန်နဝါရီ ၂၂ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်၏ ပွဲတော်ဇာတ်ရုံတွင် လေးဇီးကလပ်တီးဝိုင်းနှင့် အဆိုတော်များက ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် လယ်ဝေးမြို့သို့ နှစ်ကြိမ်ရောက်ခဲ့ကြောင်း၊ ထို့အတွက် ရန်အောင်မြင် ရွှေလက်လှဘုရားပွဲတော် ကွင်းအတွင်း ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent