တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆားဘီးယားသံအမတ်တို့ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆားဘီးယားသံအမတ်တို့ တွေ့ဆုံဆွေးနွေး
Published 3 January 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံ သံအမတ်ကြီး Mr.Miodrag Nikolin တို့သည် ဇန်နဝါရီ ၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးသည် ၆၅ နှစ်ကြာရှိခဲ့ပြီး ကောင်းမွန်ရှည်လျားသည့် သမိုင်းကြောင်းဆက်ဆံရေး ရှိခဲ့ကြောင်း၊ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ပြီး နီးကပ်သည့် ဆက်ဆံရေးများရှိ၍ အနာဂတ်တွင် ပိုမိုခိုင်မာ ကောင်းမွန်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တစ်စိတ်တစ်ဒေသ ကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း၊ ဆားဘီးယားနိုင်ငံ၏ နည်းပညာမြင့်မားမှုဖြင့် စီးပွားရေးနယ်ပယ် များစွာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု သိရသည်။ဆားဗီးယားနိုင်ငံ သံအမတ်ကြီးကလည်း နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေသော စစ်ဘက်နှင့် စီးပွားရေးနယ်ပယ် အသီးသီးတို့တွင် ဆက်ဆံရေးကောင်းများ ရှိခဲ့ကြောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ဆားဘီးယားအစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ၏ တိုးတက်ဆောင်ရွက်မှုများအပေါ် အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent