၂၀၁၅ ခုနှစ်တွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲနှင့်အတူ ပြည်သူရွေးကောက်သည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုလား

၂၀၁၅ ခုနှစ်တွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲနှင့်အတူ ပြည်သူရွေးကောက်သည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လိုလား
Published 2 January 2015

၂ဝ၁၅ ခုနှစ်တွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲနှင့်အတူ ပြည်သူရွေးကောက် သည့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် များကလိုလားကြောင်း ၂ဝ၁၅ ခုနှစ် ဇန်န ဝါရီ ၁ ရက်တွင် အသီးသီး ပြောကြားခဲ့သည်။
၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံအတွက်အ ရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အထွေ ထွေ ရွေးကောက်ပွဲတရားမျှတရေးစသည့် ကိစ္စများကို ပြည်သူများအားအခြေခံကာ နိုင်ငံခေါင်းဆောင်များအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “၂ဝ၁၅ ကတော့ မြန်မာနိုင်ငံမှာ State Holder လို့ ခေါ်တဲ့ အဓိကတာဝန်ရှိတဲ့ခေါင်းဆောင်တွေ နဲ့ဆွေးနွေးဖို့လိုတယ်။ ဒီလို နိုင်ငံအရေးတွေ့ ဆုံဆွေးနွေးနိုင်မှသာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ်နဲ့ ငြိမ်းချမ်းရေးအလားအလာကောင်း မယ်။ နိုင်ငံဖွံ့ဖြိုးမယ်။ ဒါမျိုးတွေဖြစ်စေချင်တယ်။ နောက်တစ်ခုက ၂ဝ၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။သန့်ရှင်းမျှတ တဲ့ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကာလ တစ်ခုတည်းသန့်ရှင်းမျှတနေဖို့မဟုတ်ဘူး။ ရွေးကောက်ပွဲမတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲ အပြီးကာလတွေမှာလည်း ဥပဒေနဲ့အညီဖြစ် ဖို့လိုပါတယ်။ နောက်တစ်ခုက တစ်ဦး တစ်ပါတီအတွက် သီးခြားစည်းကမ်းထုတ်ပြီး လုပ်တာမျိုး၊ ကိုယ့်ပါတီအတွက် ကိုယ်စည်းကမ်း ကိုယ်ထုတ်ပြီး ကိုယ့်ပါတီကိုယ်နိုင်အောင် လုပ်တာမျိုးလည်း မလုပ်စေချင်ပါဘူး။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်တရား မျှတပြီး ပြည်သူယုံကြည်အားကိုး မြတ်နိုးလေးစားတဲ့ ခေါင်းဆောင်ဦးဆောင်တဲ့ပုဂ္ဂိုလ် ဦးဆောင်တဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က “အန်ကယ်တို့က ၂ဝ၁၅ မှာတော့ ပါတီအနေနဲ့ ပြည်သူတွေရဲ့လိုအပ် ချက်တွေကို အစွမ်းကုန်ဆောင်ရွက်သွားမယ်။ ၂ဝ၁၅ မှာ နိုင်ငံရေး အခြေအနေကောင်းလာ မယ်လို့မျှော်လင့်တယ်။ သို့သော် တစ်ဦး တစ် ယောက်ကောင်းမလုပ်ဘဲ ပါတီအချင်းချင်း ပူးပေါင်းပါဝင်ပြီး နိုင်ငံ့အရေးဆောင်ရွက်ဖို့ လိုတယ်။ ဘာလို့ အဲလိုပြောလဲဆိုရင် ၂ဝ၁၅ မှာ ပါတီအားလုံးစုပေါင်းပြီး ညီညီညွတ်ညွတ် လုပ်နိုင်မှ ရည်ရွယ်ချက်တွေ ပန်းတိုင်ကို ရောက်မှာဖြစ်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုတာ တွေကိုလည်း အဲလိုစည်းလုံးမှရမယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ပါတီကောင်း လုပ်လို့မရဘူး။ အားလုံးမညီညွတ်ဘူးဆိုရင် မအောင်မြင်နိုင်ပါဘူး” ဟု ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းသီဟကျော်က “၂ဝ၁၅မှာ အဓိကကတော့ နိုင်ငံရေးအပြောင်းအလဲပေါ့။ ရွေး ကောက်ပွဲရှိတယ်။ ကျွန်တော်တို့ကတော့ ဒီအပေါ်ပဲ  Target ထားပြီး ကြိုးစားလုပ်ဆောင် ကြမှာဖြစ်တယ်။၂ဝ၁၅ မှာ မျှော်လင့်တာက ငြိမ်းချမ်းတဲ့ နိုင်ငံအဖြစ် ဦးတည်သွား နိုင်ဖို့ပဲဖြစ်တယ်။ ပြီးတော့ ၂ဝ၁၅ မှာ ငြိမ်းချမ်းရေးအပြီးအပြတ် ဆွေးနွေးနိုင်ဖို့လည်း မျှော်လင့်တယ်။ နောက်တစ်ခုက အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာနဲ့ ငွေကြေးဖောင်းပွမှုတွေကို အစိုးရအနေနဲ့အဓိက ထိန်းချုပ် နိုင်ဖို့ မျှော်လင့်တယ်။ အခုက လစာတိုးဖို့ကိစ္စ က အစိုးရကမတိုးချင်ဘူး။ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေတယ်။ အဲဒါကြောင့် အစိုးရဝန်ထမ်းတွေကို ကိုယ်ဘာသာ ကိုယ်ရှာစားဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျွန်တော်တို့အမြင်ကတော့ ဝန်ထမ်းတွေကို လစာတိုးပေးပြီး သူတို့ရဲ့စိတ်ဓာတ်တွေကို ပြောင်းလဲစေချင်တယ်။ အဲဒီအပြောင်းအလဲ တွေကိုလည်း ၂ဝ၁၅ ခုနှစ်အတွင်းမှာ ဖြစ်စေချင်တယ်။ အဲဒီတော့ ၂ဝ၁၅ မှာ နိုင်ငံရေး၊ တိုင်းပြည်တိုးတက်ရေး၊ ရွေးကောက်ပွဲ တရားမျှတရေးစတဲ့ ကိစ္စတွေကို ဖြစ်ပေါ်လာစေချင် ပါတယ်။ အဓိကပြောချင်တာကတော့ ကျွန်တော်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာကိုလည်း ယုံကြည်လို့ လက်ခံပြီး ဝင်လာတာမဟုတ်ဘူး။ အဲဒီအတွက် ပြည်သူတွေကိုလည်း စစ်မှန်တဲ့ ပြောင်းလဲမှုခံစားနေ ရတယ်လို့ မထင်သေးဘူး။ အဲဒါကြောင့် လာ မယ့် ၂ဝ၁၅ ရွေးကောက်ပွဲကိုလည်း လွတ်လပ် ပြီး တရားမျှတစေချင်တယ်။ အဲဒီတရားမျှတ မှုကနေတစ်ဆင့် ပြည်သူရွေးကောက်တဲ့ အစိုးရ တစ်ရပ်ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်”ဟု ပြောကြားသည်။
၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်း ပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
၂ဝ၁၅ခုနှစ် ရွေးကောာက်ပွဲကျင်းပမည့် အချိန်ကိုလည်း ၂ဝ၁၅ ခုနှစ် ဩဂုတ်လ မတိုင် မီထုတ်ပြန်မည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များ အရ ပထမအကြိမ် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက် ပွဲထက် ဒုတိယအကြိမ် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း  ပြောကြားထားသည်။  ဝေယံဖြိုးဦး
 

Most Read

Most Recent