ဒီဇင်ဘာ တတိယပတ်အထိ ပြည်ပမှ ဒေါ်လာ ၁၁ ဘီလျံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခဲ့ပြီး ယခင်နှစ် တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် များနေ

ဒီဇင်ဘာ တတိယပတ်အထိ ပြည်ပမှ ဒေါ်လာ ၁၁ ဘီလျံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခဲ့ပြီး ယခင်နှစ် တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် များနေ
Published 30 December 2014
မင်းသီဟဇော်

ဒီဇင်ဘာ တတိယပတ်အထိ ပြည်ပနိုင်ငံများမှ ဒေါ်လာ ၁၁ ဘီလျံကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခဲ့ပြီး ယခင်နှစ် တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် များနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ သွင်းကုန်ပစ္စည်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အတွင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၁၁၆၄၄ ဒသမ ၂၆၁ သန်း ရှိခဲ့သည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ဒေါ်လာ ၉၂၃၉ ဒသမ ၉၈၃ သန်းဖိုးသာ တင်သွင်းခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ နှစ်ဘီလျံကျော် များပြားခဲ့ကြောင်း သိရသည်။လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်ပစ္စည်း အမျိုးအစားအလိုက် တင်သွင်းမှု အခြေအနေမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း ဒေါ်လာ ၄၉၀၃ ဒသမ ၇၄၉ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း ဒေါ်လာ ၄၀၅၄ ဒသမ ၅၅၈ သန်း၊ လူသုံးကုန်ပစ္စည်း ၂၆၈၅ ဒသမ ၉၅၄ သန်းဖိုး တင်သွင်းခဲ့သည်။လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံး သီးနှံဆီများ၊ ဓာတုဗေဒ ပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရော်ဘာကုန်ကြမ်းပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ်စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူများ၊ အခြားစက္ကူများ၊ ဓာတုဗေဒ ချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိ ပစ္စည်းများ၊ သတ္တုကုန်ကြမ်း ပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုန်ပစ္စည်းများအနက် ရေနံထွက်ပစ္စည်း တင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။အဆိုပါ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မီးရထားနှင့် မီးရထားပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေး ပစ္စည်းကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့် စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ဝိုင်ယာကြိုးများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်ဘီးများ၊ မှန်ပြောင်း၊ ဓာတ်ပုံကင်မရာ၊ ရုပ်ရှင်ရိုက်ကူးစက်နှင့် ဓာတုဗေဒဆိုင်ရာ ကိရိယာများ၊ အခြားပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လူသုံးကုန် ပစ္စည်းများတွင် အိမ်သုံး အပ်ချုပ်စက်များ၊ ဘက်ထရီခြောက်များ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ နို့ဆီ၊ နို့မှုန့်၊ ဟင်းခတ် အမွှေးအကြိုင်၊ အချိုမှုန့်၊ စားအုန်းဆီ၊ ပဲပုပ်စေ့ဆီ၊ ဟင်းရွက်ဆီ၊ ချည်ထည်များ၊ အပ်ချည်ကြိုး၊ ဆေးဝါးပစ္စည်းများ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ပရိဘောဂများ၊ အဖျော်ယမကာမျိုးစုံ၊ အလှကုန်ပစ္စည်း၊ အားကစားပစ္စည်း၊ ချုပ်ပြီးအဝတ်အထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆေးရွက်ကြီးဖြင့် ပြုလုပ်ထားသော ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent