သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA ၊SIA စစ်တမ်းများ လုပ်ဆောင်စေခြင်း EITI အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များ ပြည့်စုံမှ စတင်လုပ်ကိုင်ခွင့်ပြုနေကြောင်း သိရ

သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA ၊SIA စစ်တမ်းများ လုပ်ဆောင်စေခြင်း EITI အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များ ပြည့်စုံမှ စတင်လုပ်ကိုင်ခွင့်ပြုနေကြောင်း သိရ
Published 18 December 2014

မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA  ၊ SIA  စစ်တမ်းများ လုပ်ဆောင်စေခြင်း၊ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များပြည့်စုံမှသာ ပြည်တွင်းသတ္တုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးနေကြာင်း သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောကြားသည်။
"အခုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် EIA ၊SIA စစ်တမ်းများ လုပ်ဆောင်စေတာ ၊ EITI အဖွဲ့ဝင်နိုင်ငံဖြစ်တာစတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှ ပြည်တွင်းမှာရင်းနှီးမြှုပ်နှံခွင့် တူးဖော်ထုတ်လုပ်ခွင့်တွေကို ခွင့်ပြုပေးနေပါတယ်" ဟု ဦးဝင်းထိန်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ယခင်ကဝင်ရောက်မြှုပ်နှံခွင့်ပြုခဲ့သည့် လုပ်ငန်းအများစုမှာ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ငန်းများ အစဉ်တစိုက်မလုပ်ဆောင်နိုင်ခြင်း၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်မှုနည်းပါးခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လူမှုအကျိုးပြုလုပ်ငန်းများ နည်းပါးနေခြင်းကြောင့် ဒေသခံများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား အငြင်းပွားမှု၊ လက်ပံတောင်းတောင်စီမံကိန်းကဲ့သို့ အဓိကရုဏ်းများ၊ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားနေရကြောင်း သိရသည်။
တွင်းထွက်သယံဇာတများ ပွင့်လင်းမြင်သာမှုဆိုင်ရာ EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ခန့်မှ လုပ်ဆောင်မှုများရှိနေသော်လည်း စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်ကဲ့သို့ နိုင်ငံများသည်ပင် EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားနိုင်ရန် ကြိုးပမ်းနေဆဲအဆင့်သာ ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းရှိ မြွေတောင် ဖားတောင်စီမံကိန်းတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining Investment ကုမ္ပဏီမှ နှစ်စဉ်သတ္တုရိုင်းတန်ချိန် ၁၅ သိန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း  သိရသည်။ စမ်းသပ်ရှာဖွေမှုအပြီးတွင် စီးပွားဖြစ် ထုတ်လုပ်ခွင့်ပြုရန် တင်ပြထားကြောင်း သိရသည်။
ထိုသို့ စီးပွားဖြစ်ထုတ်လုပ်ခွင့် တင်ပြထားသော်လည်း တရုတ်နိုင်ငံမှာ EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာရန်၊ အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေခြင်းစသည့် ကြိုးပမ်းမှုများမရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ EITI  ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့အနီးရှိ  မြွေတောင် ဖားတောင်စီမံကိန်းတွင် စီးပွားဖြစ်ထုတ်ယူနိုင်သည့် နီကယ်နှင့်သံရောရာ သတ္တုရိုင်းသိုက်သုံးခု တွေ့ရှိထားပြီး အဆိုပါသုံးခုတွင် ပျမ်းမျှနီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာ ခိုင်နှုန်းခန့်ရှိသော သတ္တုရိုင်းမက်ထရစ်တန်ချိန် စုစုပေါင်းမှာ ၄၂၂၁၀၀၀၀ ခန့်အထိ ရှိနေနိုင်ကြောင်း သိရသည်။
အဆိုပါ ပမာဏမှသန့်စင်ပြီး နီကယ်မက်ထရစ်တန်ချိန် ၅၉၅၀၀၀ ခန့် ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းတူးဖော်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

Most Read

Most Recent