နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘက် အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံ၍ နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘက် အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံ၍ နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး
Published 19 October 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘက်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၁၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေလျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘက်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်ဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားနိုင်ငံ၊ စိန့်ပီတာစဘက် အစိုးရဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent