မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ် သုံးခု နှင့် ရုရှားနိုင်ငံ MEPhI တက္ကသိုလ်အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ် သုံးခု နှင့် ရုရှားနိုင်ငံ MEPhI တက္ကသိုလ်အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
Published 7 October 2023

မြန်မာနိုင်ငံမှ နည်းပညာ တက္ကသိုလ်သုံး ခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်တို့အကြား အဏုမြူစွမ်းအင်၊ နျူ ကလီးယားနည်း ပညာဘာသာရပ်များအ ပါ အဝင် သိပ္ပံနည်း ပညာနှင့် အင်ဂျင်နီယာ ဘာ သာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြု စွမ်းအားစုများအဖြစ် အရည်အသွေးပြည့် မီသော နည်းပညာရှင် များကို မွေးထုတ်ရေးနှင့် ပြည်သူ့အကျိုးပြု သု တေသနများ ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုမြှင့် တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍နား လည် မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၆ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားပြီး ဒုတိယဝန်ကြီးက ရုရှားနိုင်ငံ သည် မြန်မာနိုင်ငံနှင့် အစဉ်မိတ်ဖက် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယခုနှစ်သည် နှစ်နိုင်ငံ သံတ မန်ဆက်ဆံရေး(၇၅)နှစ်မြောက်စိန်ရ တုပြည့် နှစ်ဖြစ်ရာ ၁၉၅၈ ခုနှစ်၌ ရုရှားနိုင်ငံမှ စီးပွားရေးနှင့်ကျွမ်းကျင်မှုဆိုင်ရာပံ့ပိုးမှုများဖြင့် စ တင်တည်ထောင်ပေးခဲ့ရာမှ မြန်မာ့အင်ဂျင် နီယာပညာရေးကဏ္ဍတွင် မီးရှုး တန်ဆောင် ဖြစ်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယခုကျင်းပသည့် အခမ်းအနားသည် နှစ်နိုင်ငံ ကြားခိုင်မြဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် သိပ္ပံ နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထူးခြားပြီး အရေးပါသည့် မှတ်တိုင်သစ် တစ်ခုကို စိုက်ထူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ွRanking မြင့်မားသည့်အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်ရသည်ကို ဝမ်းမြောက်ဂုဏ် ယူ ကြောင်းနှင့် နျူကလီးယားနည်းပညာ ကဏ္ဍ မြင့်မားရေးအတွက် အပြန်အလှန်ဖလှယ်ကာ မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြော ကြားသည်။     

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ MEPhI  တက္ကသိုလ်ဒုတိယပါမောက္ခချုပ်  Dmitry A Savkin က အဖွင့်အမှာစကားပြော ကြားပြီး ရန်ကုန်နည်းပညာတက္ကသိုလ်၊ သ တင်းအချက်အလက်နည်းပညာတက္က သိုလ် နှင့်နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့နှင့် MEPhI တက္ကသိုလ်တို့အကြား နား လည်မှုစာချွန်လွှာများရေးထိုးခဲ့ကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန  documentary သီချင်း နှင့် MEPhI တက္ကသိုလ် documentary ဗီဒီယို တို့ကို ကြည့်ရှုခဲ့ကြောင်းသိရသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ MEPhI တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ သည် ပင်မဆောင်ရှေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့တို့တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။