အာရှအားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိ

အာရှအားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိ
Photo: Asean Football
Photo: Asean Football
Published 2 October 2023

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပနေသော အာရှအားကစားပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် တောင်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်နှင့် ဂျပန်တို့ ဆုံတွေ့ပြီး အောက်တိုဘာ(၄)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အုပ်စုအဆင့်မှစ၍ ကွာတားဖိုင်နယ်အထိ ပုံမှန်ပွဲချိန်အတွင်း ရာနှုန်းပြည့်အနိုင်ရလာသည့်အသင်းများဖြစ်ပြီး ဗိုလ်စွဲရန်လည်း ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် တရုတ်နှင့် ဂျပန်၊ ဥဇဘက်ကစ္စတန်နှင့် မြောက်ကိုရီးယားတို့ ဆုံတွေ့ပြီး အောက်တိုဘာ(၃)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဂိုးအပြိုင်သွင်းပြီး ခြေစွမ်းပြနေသည့် အိမ်ရှင် တရုတ်နှင့် ဂျပန်အသင်းတို့ ထိပ်တိုက်ဆုံတွေ့ခြင်းဖြစ်သည်။

Most Read

Most Recent