ဖူလ်ဟမ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
ချယ်လ်ဆီးက ဒီပွဲပြီးရင် ဘန်လေ၊ အာဆင်နယ်၊ ဘရန့်ဖို့ဒ်တို့နဲ့ ဆက်ကစားရမယ်။ အသင်းက နိုင်ပွဲတွေအရမ်းဝေးနေပြီး ၂၀၁၃ မှာ နိုင်ပွဲ (၂) ပွဲပဲ ယူထားနိုင်တယ်။ အသင်းလိုက်ကစားပုံကောင်းပြီး ရလဒ်ဆိုးရာကနေ အသင်းလိုက်ကစားပုံပါ တဖြည်းဖြည်း အားနည်းလာတာကိုလည်း တွေ့ရတယ်။ ဖူလ်ဟမ်က မာကျောတဲ့အသင်းတစ်သင်းဖြစ်ပြီး ချယ်လ်ဆီးအတွက်နောက်ထပ် အမှတ်လျော့မယ့်ပွဲလည်း ဖြစ်တယ်။
ဆာဆူအိုလို နှင့် မွန်ဇာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
တိုက်စစ်အားပြုကစားတဲ့ (၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်ပြီး သွင်းဂိုးတွေ မြင်ရဖို့လည်း ရှိတယ်။ ဆာဆူအိုလိုက အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် ဂိုးပြတ်အနိုင်ရထားတယ်။ (၂-၁)လောက်နဲ့ ဆာဆူအိုလို နိုင်မယ်။
တိုရီနို နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
တိုရီနိုက ဗီရိုနာနဲ့တွေ့တဲ့ စီးရီးအေနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိ ကစားထားတယ်။ ခြေစွမ်းချင်းကွာဟချက် သိပ်မရှိပေမဲ့ ဗီရိုနာက အဝေးကွင်းရှုံးပွဲဆက်နေတယ်။ တိုရီနို အနိုင်နဲ့ သရေပါပဲ။
ဖီအိုရင်တီးနား နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဖီအိုရင်တီးနားက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတယ်လို့ ဆိုနိုင်ပြီး ၀ါရင့်ကွင်းလယ်လူ ဘိုနာဗန်ကျူရာကိုယ်တိုင် ပုံစံကောင်းပြနေတယ်။ ကာဂလီယာရီက သွင်းဂိုးတွေအတွက် ရုန်းကန်နေရသလို၊ တိုက်စစ်ကလည်း အားနည်းပါတယ်။ ဖီအိုရင်တီးနား အနိုင်ကစားဖို့များတယ်။
လက်စ်ပါမားစ် နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လက်စ်ပါမားစ်တိုက်စစ်က ဂိုးရအောင်မကစားတတ်သလို ဖြစ်နေတယ်။ ခံစစ်ကစားပုံစိတ်ချရပေမဲ့ ဆယ်လ်တာဗီဂိုရဲ့ အဝေးကွင်းဂိုးသွင်းအားကိုတော့ မနည်းတောင့်ခံရဦးမှာပါ။ အဝေးကွင်းမှာ ပိုကစားပြနိုင်တဲ့ ဆယ်လ်တာဗီဂိုကိုပဲ ရွေးထားချင်တယ်။ ဂိုးနည်းနိုင်တယ်။