ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးတွင် Light Truck ယာဉ်တစ်စီးကို လက်နက်ကိုင်များက ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး

ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးတွင် Light Truck ယာဉ်တစ်စီးကို လက်နက်ကိုင်များက ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး
Published 1 October 2023

ရေးမြို့နယ် ကျောက်မိချောင်း (တောင်) ကျေးရွာအနီးတွင် စက်တင်ဘာ ၃၀ ရက် မွန်း လွဲ ၁ နာရီခန့်က Light Truck ယာဉ်တစ်စီး အား လက်နက်ကိုင်များက ပစ်ခတ်မှုဖြစ်ပွား ပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးခဲ့သည့် Light Truck ယာဉ် မောင်းမှာ သင်္ကန်းကျွန်းကျေးရွာနေ ခြံလုပ် ငန်းလုပ်ကိုင်သူ ၅၄ နှစ်အရွယ် ဦးစိုးအောင် ဆိုသူဖြစ်ကြောင်းနှင့် ၎င်းင်းနှင့်အတူ ၇၇ နှစ် အရွယ် ဒေါ်တင်ဝင်း ဆိုသူလိုက်ပါလာသည့် Light Truck ယာဉ်မှာ ကျောင်းရွာကျေးရွာ မှ သင်္ကန်းကျွန်းကျေးရွာဘက်သို့ မောင်းနှင် လာစဉ် ကျောက်မိချောင်း (တောင်) ကျေးရွာ အနီးတွင် လက်နက်ကိုင်များ၏ ပစ်ခတ်ခြင်း ကိုခံခဲ့ရပြီး ယာဉ်မောင်းမှာ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ဦးစိုးအောင်ကတော့ အခင်းဖြစ်တဲ့နေ ရာမှာ သေဆုံးခဲ့တယ်။ ဒေါ်တင်ဝင်းကတော့ ပစ်ခတ်မှုတွေကြားမှာ သတိမေ့မျောသွားလို့ ရေးခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက် ရတယ်လို့ သိရတယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားသည်။

ဦးစိုးအောင်မှာ လည်ပင်း၊ ယာဘက်လက် အောက်၊ ဘက်လက်ဖျံ၊ ညာလက်အောက်ဝတ် နေရာများတွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent