မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေး

မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေး
Published 30 September 2023

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ (၆၇) ကြိမ်မြောက် အ ထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအ တွင်း မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် IAEA တာဝန်ရှိသူများ စက်တင်ဘာ ၂၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ရပ်များအား ဆွေးနွေး ခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗီယင်နာမြို့ အ ခြေစိုက် ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏု မြူ စွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီ မောင်မောင်နှင့် IAEA  နည်း ပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာ ရှနှင့်ပစိဖိတ်ဒေသ ဌာနခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

IAEA သည် ၎င်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်အရ Nuclear Safety, Food and Agriculture, Water and the Environment, Industrial Applications နှင့် Health and Nutrition ကဏ္ဍများတွင် မြန်မာနိုင်ငံသို့ နည်းပညာအကူအညီများ ပေးအပ်လျက်ရှိ ကြောင်းသိရသည်။ 

Most Read

Most Recent