ဂျော်အိုဖေးလစ်မှာ မိမိတို့ကစားသမားဖြစ်နေဆဲဖြစ်ပြီး အသင်းသို့ ပြန်လာနိုင်ကြောင်း အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇို ပြောကြား

ဂျော်အိုဖေးလစ်မှာ မိမိတို့ကစားသမားဖြစ်နေဆဲဖြစ်ပြီး အသင်းသို့ ပြန်လာနိုင်ကြောင်း အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 30 September 2023

ဂျော်အိုဖေးလစ်ာ အသင်းသို့ ပြန်လာနိုင်ကြောင်း အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇို ပြောကြား

အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇိုက ဂျော်အိုဖေးလစ်မှာ မိမိတို့ကစားသမားဖြစ်နေဆဲဖြစ်ပြီး အသင်းသို့ ပြန်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဂျော်အိုဖေးလစ်(၂၃ နှစ်)သည် အက်သလက်တီကိုနှင့် ၂၀၂၉ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ပြီးခဲ့သည့်နွေကမှ ဘာစီလိုနာသို့ တစ်ရာသီအငှားဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

အက်သလက်တီကိုဥက္ကဋ္ဌ စီရီဇိုက "ဂျော်အိုဖေးလစ်က ကျွန်တော်တို့ကစားသမားဖြစ်နေဆဲပါ။ ကျွန်တော်တို့အသင်းမှာ သူ ကံမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ သူ ပြန်လာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂျော်အိုဖေးလစ်သည် ဘာစီလိုနာအသင်းတွင် ခြေစွမ်းပြလျက်ရှိပြီး ယခုရာသီ (၅) ပွဲတွင် (၄) ဂိုးသွင်းယူထားသည်။ 

Most Read

Most Recent