မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီအသစ် ၁၄ ပါတီရှိသည့်အနက် ၁၀ ပါတီကို တည်ထောင်ခွင့် ပြုခဲ့ကြောင်း UEC ထုတ်ပြန် 

မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီအသစ် ၁၄ ပါတီရှိသည့်အနက် ၁၀ ပါတီကို တည်ထောင်ခွင့် ပြုခဲ့ကြောင်း UEC ထုတ်ပြန် 
Published 26 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီအသစ် ၁၄ ပါတီရှိသည့်အနက် ၁၀ ပါတီကို တည်ထောင်ခွင့် ပြုခဲ့ကြောင်း UEC ထုတ်ပြန်သည်။ 

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ စက်တင်ဘာ ၂၅ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၀ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပ‌ဒေ ၇ နှင့်အညီ ကော်မရှင်သို့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်။ 

တည်ထောင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် ပါတီ ခုနစ်ပါတီကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။