နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မရှိစေရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ မြန်မာနှင့် တရုတ်ဆွေးနွေး

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မရှိစေရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ မြန်မာနှင့် တရုတ်ဆွေးနွေး
Published 23 September 2023

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင်ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများမရှိစေရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ မြန်မာနှင့် တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ် အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr.Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr.Jia Dong နှင့်အဖွဲ့ကို တွေ့ဆုံခဲ့ပြီး အထက်ပါကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် Mr.Hu Xiaoming နှင့် ဒုတိယဌာနမှူး Mr.Jia Dong တို့က တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်နေပြည်သူများ အပြန်အလှန် ကူးလူးဆက်ဆံသွားလာနေမှု၊ ယူနန်ပြည်နယ် ရွှေလီ-မူဆယ်ဒေသတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးနှင့် တရားဝင်ဝင်ထွက် သွားလာနိုင်ရေးအတွက် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မူဆယ်ဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံချက်တွင် ယူနန်ပြည်နယ်၏ အရေးပါမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ဝင်/ပြည်ထွက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်အပြန်အလှန်သတင်းအချက်အလက်များ မျှဝေနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်း နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် မူဆယ်-ရွှေလီဂိတ်မှ မြန်မာနှင့် တရုတ်နိုင်ငံသားများ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်းသွားလာခွင့် ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ-တရုတ်နယ်စပ်စစ် ဆေးရေးဂိတ်များကို နှစ်နိုင်ငံပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်း၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင်ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများ မရှိစေရေးအတွက် အလေးဂရုပြုဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည့် ယူနန်ပြည်နယ်နှင့်ပူးပေါင်းကာ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent