လူငယ်နှင့်ခေါင်းဆောင်မှုစိတ်ဓာတ်

လူငယ်နှင့်ခေါင်းဆောင်မှုစိတ်ဓာတ်
Published 17 September 2023
■ (ဒေါက်တာလွင်သန့်)

 လူငယ်များဟာအနာဂတ်ရဲ့ခေါင်းဆောင်များဖြစ်ကြတယ်။မိဘဆရာကန်တော့ပွဲတွေမှာသူငယ်ချင်းတွေပြန်ဆုံတွေ့ကြတဲ့အခါ၊ကိုယ်ငယ်စဉ်တုန်းကပညာတော်၊စာတော်တဲ့သူတွေကအရောင်ဝါထိန်ထိန်လင်းလင်းမတွေ့ရပေမယ့်သာမန်အဆင့်အီးကျူကောင်းတဲ့ငယ်သူငယ်ချင်းတွေကလူကြီးလူကောင်းပိုဆန်ကာ၊ပိုပြီးကျန်းမာပိုပြီးချမ်းသာနေတတ်တယ်။အချို့ကခေါင်းဆောင်တွေသီးသန့်မွေးဖွားယူတယ်လို့ထင်တတ်ကြတယ်။ကျောင်းတွေမှာစာသင်ကြားတာခေါင်းဆောင်လုပ်ဖို့မဟုတ်၊ပညာတတ်ဖို့၊ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဖြစ်တယ်။

လူငယ်တွေဟာအနာဂတ်ခေါင်းဆောင်တွေပါ။ သူတို့ကိုခေါင်းဆောင်အဖြစ်မွေးဖွားပေးလို့မရပါဘူး။ေ ခါင်းဆောင်ကိုမွေးဖွားလို့မရပေမယ့်လေ့ကျင့်ပေးလို့ရပါတယ်။ လူငယ်တွေကအနာဂတ်ခေါင်းဆောင်တွေ၊ဖ‌ယောင်းတုံး လေးတွေ၊ပုံလောင်းပေးသူရဲ့၊ခေါင်းကိုင်သူဆရာမိဘတွေပေါ်မူတည်ပါတယ်။ဒါကိုသိလို့သဘောပေါက်သူတွေကသူတို့သားသမီးတွေကိုခေါင်းဆောင်ကောင်းတွေဖြစ်လာစေဖို့ပျိုး ထောင်ပေးကြတယ်။ 

စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူက သူရဲ့သားလီရှန်လွန်းကို အစိုးရပေးထားတဲ့အိမ်တော်မှာမထားပဲ၊သာမန်ဝန်ထမ်းတွေနေတဲ့ ရပ်ကွက်ထဲပြောင်းရွှေနေထိုင်စေတယ်။ သူ့သားဘောလုံးကန်တာ ဝန်ထမ်းတွေက ကောက်ကောက်ပေးတယ်။ ဒီကောင်တော့ပျက်စီးတော့မှာပဲ တွေးကာမြို့ပြင်ကအိမ်မှာ ကိုယ်ထူးကိုယ်ချွန်နေစေခဲ့ရာ ယခု စင်ကာပူ ဝန်ကြီးချုပ် ဖြစ်နေပါပြီ။

 အမေရိကန်ပြည်တောင်စုရဲ့(၄၄)ဆက်မြောက်သမ္မတအိုတာမားဟာလူမည်တစ်ယောက်ဖြစ်တယ်။သည့်ထက်ပြောစမှတ်ပြုစရာကသူသမီး(၂)ယောက်ဟာကျောင်းဆင်းတာနဲ့အရောင်ဆိုင်ဝန်ထမ်းအဖြစ်အလုပ်ဝင်ကြရပါတယ်။အမေရိကန်သမ္မတရဲ့သမီးတွေပါလားဆိုပြီး၊အလုပ်မခိုင်းပဲမနေပါဘူး။ပုံမှန်ဆက်ဆံလုပ်ကိုင်ကြတာပဲဖြစ်ပါတယ်။အိုဘားမားရဲ့အောင်မြင်မှုဟာဘေးပယောဂမပါပဲအောင်မြင်မှုစစ်စစ်တာဖြစ်တယ်။အခက်အခဲတွေကစိတ်ပိုင်း(mind set)တွေကိုပြောင်းလဲနိုင်တယ်။တစ်ချိန်တွန်းကလူမည်းတွေဟာလူဖြူတွေရဲ့ကျွန်တွေဖြစ်တယ်။ရုပ်ရှင်၊ဝတ္ထု၊သမိုင်းစာမျက်နှာမှာသည်လိုပဲခံယူထားကြတယ်။ယနေ့တိုင် ဘောလုံးကလပ်များဖြစ်တဲ့လာလီဂါ(စပိန်)၊ဘွန်ဒစ်လီဂါ(ဂျာမနီ)၊စီးရီးအေ(အီတလီ)၊ပရီးမီးယားလိဂ်(အဂ်လန်)တို့မှာလူမျိုးခွဲခြားမှုအချို့ကြုံရပါသေးတယ်။သူတို့လည်းသည်းခံမှုခံယူပြီးအထူးချွန်ဆုံးကြုံစားကြလို့သာပြောင်းရွှေကြေးမြင့်မြင့်မားမား၊လစာမြင့်မြင့်မားမားရ နေကာလူမှုရေးလုပ်ငန်းဦးဆောင်သူတွေဖြစ်နေတယ်။

လူငယ်ရဲ့ကိုယ့်ကိုယ်မယုံကြည်မှုကိုရပ်တန့်ပစ်သင့်ပါတယ်။တကယ်လို့ကိုယ့်ကိုယ်မယုံကြည်အောင်ဖြစ်နေရင်၊ဘယ်သူကကိုယ့်ကိုယုံကြည်မှာလဲ။အောင်မြင်ခြင်းရဲ့အစကကိုယ့်ဦးနှောက်ကစတာပါ။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှဖြစ်မှာပါ။အနာဂတ်အတွက်ကျရှုံးမှုတွေတာမြင်ယောင်နေရင်၊ဘဝကြီးဟာကိုယ်ထင်သလိုတွေး၊ကိုယ်တွေးသလိုတွေဖြစ်ပွါးပြီး၊ကိုယ်ကနောက်ကျကျန်ရစ်ခဲ့ပါလိမ့်မယ်။

  အပျက်သဘော ဆောင်တဲ့၊နဂ္ဂတစ်(Negative)အကျင့်ဆိုးကြီးရပ်တန့်ပစ်သင့်တယ်။ကိုယ့်ကိုယ်ကိုယ်အထင်မ သေးသင့်ပါဘူး။ပတ်ဝန်းကျင်ကလူတွေကအထင်မ သေးစေသင့်ဘူး။ကိုယ့်ကိုယ်ကိုယ်အထင် သေးမယ့်အစား၊မယုံကြည်မယ့်အစားခုကြုံတွေ့နေရတဲ့ပြဿနာတစ်ခုချင်းစီကိုတန်းစီပြီးကောင်းကောင်းပြန်စဉ်းစားသင့်တယ်။သည်လိုလုပ်ရင်နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့ပြင်၊ကိုယ့်ဘဝလည်းအောင်မြင်စေမှာဖြစ်တယ်။

ငါအခုမလုပ်သေးဘူး။နောင်မှလုပ်မယ်ဆိုရင်အကျင့်ပါသွားတတ်ပါတယ်။အချိန်ဆွဲနေတာအလုပ်မပြီးတတ်ပါဘူး။သဘောထားသေးသိမ်တဲ့အကျင့်ဆိုးကြီးကိုရပ်တန့်ပစ်သင့်ပါတယ်။သူတစ်ပါးကကိုယ့်အပေါ်မကောင်းလို့၊ကိုယ်ကိုမကောင်းတာပြောနေလို့၊သူကိုလည်းအဲလိုပြန်တုံ့ပြန်လိုက်မယ်လို့မလုပ်သင့်ဘူး။သူဖာသာသူစဉ်းစားသင့်တယ်။ပြော စေသင့်တယ်။လူကြားထဲစကားပြောတတ်မှလူတွေရဲ့သဘောထားကိုသူသိရှိသွားမှာပဲဖြစ်တယ်။

အပြင်မှာထမင်းစားခြင်းကငွေဖြုန်းတီးရာရောက်တယ်။ကျန်းမာရေးနဲ့လည်းမညီဘူး။ကိုယ်ကြိုက်တဲ့ဟင်းကောင်းကောင်းချက်တတ်သင့်တယ်။ပျင်းရိတတ်တဲ့အကျင့်ကိုရပ်တန့်ပစ်သင့်တယ်။ပျင်းရိတဲ့လူကသူ့ကိုဘယ်လောက်အပြုသဘော ဆောင် ဆောင်၊ဘွဲ့အောင်ပါစေ၊ပျင်းနေမှာဖြစ်တယ်။စာကျက်ဖို့ချိန်းထားတယ်။အိပ်ရာကမထသေးဘူးဆိုရင်တစ်ကြိမ်တော့ရအောင်နှိုးပြီး၊နောက်တစ်ကြိမ်မနှိုးရအောင်ဆွဲဆောင်သင့်ပါတယ်။

 တစ်ကိုယ်ကောင်းဆန်တဲ့အကျင့်တွေရပ်တန့်ပစ်သင့်တယ်။ကိုယ်ကကိုယ့်ကောင်းကျိုးပဲကြည့်သူဆိုရင်ပေါင်းသင်းဆက်ဆံရေးပြေပြစ်မှာမဟုတ်ပါဘူး။စကားအများကြီးမပြောဖို့လည်းအင်မတန်အရေးပါနေတယ်။ဆိတ်ဆိတ်နေတတ်သလို၊အနားယူရဲ့အချိန်သီးသန့်ထားသင့်ပါတယ်။မြန်မြန်ပြေးတိုင်းခရီးရောက်တာမဟုတ်ပါဘူး။

  လူငယ်တစ်ယောက်မှာကိုယ်ပိုင်ဉာဏ်(IQ)၊ပေါင်းသင်းဆက်ဆံရေး(EQ)စိတ်ဓာတ်မြင့်မားမှု(SQ)နဲ့အများနဲ့အဆင်ပြေမှု(AQ)တို့ကောင်းမွန်ဖို့အရေးကြီးပါတယ်။အခက်အခဲတွေ့တိုင်းရင်ဆိုင်ကျော်လွှားသွားဖို့လိုတယ်။အိုဘာမားသမီးတွေကိုအိုဘားမား(မိဘ)က၊မိမိကိုယ်ကိုမိမိသိဖို့(Self realization)ဖြစ် စေတယ်။အနာဂတ်ခေါင်းဆောင်တွေဖြစ် စေချင်တယ်။

လူငယ်တွေကိုယ်ရည်ကိုယ်သွေးကောင်းသင့်ပါတယ်။ကိုယ်ရည်ကိုယ်သွေးဆိုတာရင်တွင်းမှာဖွဲ့စည်းထားတဲ့ခြင်းရာလက္ခဏာတစ်ခုပဲဖြစ်တယ်။အဆိုပါအချက်ကိုသတိပြုမိရင်ရှင်းလင်းလွယ်ကူတိုင်းလက်တွေမှာအသုံးဝင်တာမဟုတ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်သင့်ပါတယ်။

 တစ်ဖက်စွန်းရောက်အပြင်စွဲ၊တစ်ဖက်စွန်းရောက်အတွင်းစွဲများရှိကြတယ်။လူအများစုဟာအတွင်းစွဲနဲ့၊အပြင်စွဲကြားအလယ်အလတ်မှာရှိကြပါတယ်။စမ်းသပ်ခံလူ(၁၀၀)ကိုအတွင်းစွဲ၊အပြင်စွဲ(၁၀)မှတ်ပေးကာစကေး(Skilles)နဲ့စစ်ဆေးရင်းအတွင်းစွဲစစ်စစ်(၀-၁-၅)၊အပြင်စွဲစစ်စစ်(၈-၉-၁၀)သတ်မှတ်ထားရင်(၀-၁)မှတ်စီရရှိတဲ့အတွင်းစွဲဦးရေ(၁၀)ယောက်၊(၉-၁၀)မှတ်ရတဲ့အပြင်စွဲငါးယောက်(၇-၈)မှတ်ရတဲ့အပြင်စွဲဦးရေ(၁၀)ယောက်(၄-၅-၆)မှတ်ရတဲ့အပြင်စွဲ၊အတွင်းစွဲဦးရေ(၇၀)‌ယောက်ရတာကြောင့်ကြာနေ(၇၀)ယောက်ဖြစ်တယ်။

  စိတ်ပညာရဲ့ထူခြားချက်ကစိတ်ရဲ့ခြင်းရာသတ္တိများအခြေခံတာပဲဖြစ်စေ၊ရုပ်ပိုင်းဆိုင်ရာသတ္တိများအခြေခံထားတာဖြစ်စေအမျိုးအစားသီဝရီအများအပြားမှာသီးခြားဖြစ်တဲ့အမျိုးအစားနည်းပါကတစ်ဆက်တည်းဖြစ်တဲ့ရမှတ်ပေါ်မှာပျံ့နှံ့တည်ရှိနေတဲ့အလယ်အလတ်တန်းအမျိုးအစားကများကြောင်းတွေ့ရတာဖြစ်တယ်။

   ဉာာဏ်ရည်ညဏ်သွေး၊ရန်လိုမှုစတဲ့အဂ်ါရပ်တို့တစ်ဆက်တည်းဖြစ်တဲ့စ ကေး(Continuous Scale)နဲ့တိုင်းတာကာကိုယ်ရဲ့ပမာဏကိုအကဲဖြတ်နိုင်တယ်။တစ်စုံတစ်ဦးရဲ့ကိုယ်ရည်ကိုယ်သွေးခြုံငုံတာဖော်ပြဖို့အတွက်သက်ဆိုင်ရာအဂ်ါရပ်စကေးများအပေါ်ဘယ်လိုအကဲဖြတ်တာကြောင်းသိဖို့လိုတယ်။

 အဂ်ါရပ်ဆိုတာတစ်စုံတစ်ဦးပိုင်ဆိုင်တဲ့အခြားသူတို့ရဲ့အမြဲတစ် စေပုံမှန်ခြားနားတတ်တဲ့ခြင်းရာသတ္တိတစ်ခုခုကိုရည်ညွှန်းတယ်။မိတ်ဆွေဖြစ်လွယ်တယ်။မာနကြီးတယ်။စိတ်ဓာတ်တက်ကြွတယ်။လိုက်လျောတယ်။ထက်မြက်တယ်။စိုးရိမ်လွယ်တယ်စတဲ့သုံးနူန်းပြောဆိုတတ်ကာအသုံးပြုတဲ့ဝေါဟာရအားလုံးဟာပုံမှန်အပြုအမူကိုရူမှတ်တာ(သို့)အပြုအမူတစ်ခုမှထပ်ဆင့်ထုက်နုတ်ကောက်ချက်ချထားခြင်းဖြစ်တယ်။

 အချို့ကလူတွေနဲ့အဆင်ပြေပြေမဆက်ဆံတတ်ပဲ၊ရန်လိုတတ်သူဖြစ်နေတတ်ပါတယ်။လူကြားထဲမဝင်ဆံ့တတ်ဘူး။သူ့ဘာသာအောက်လူဖြစ်နေပြီး၊အများကြားထဲလူရာမသွင်းခံရဘူး။သူကိုယ်တိုင်သိရှိနေလို့၊ရန်လိုတက်သူဖြစ်နေတာလည်းပါတယ်။ကိုယ်ရည်ကိုယ်သွေးပြဿနာကအနာဂတ်ခေါင်းဆောင်ကိုပုံဖော်ပေးနေပါတယ်။

 ကတိအလွယ်မပေးသင့်ပါဘူး။အမြဲတမ်းလွယ်လွယ်ကူကူကတိပေးပြီး၊မရလာရင်၊နောင်စိတ်ဆင်းရဲရပါမယ်။အမြဲတမ်းမရဘူး။(No)လို့မငြင်းတတ်တဲ့လူလိမ္မာအကျင့်ကိုရပ်တန့်ပစ်သင့်ပါတယ်။လူတွေဟာသူတို့ဘက်၊သူတို့လိုဖြစ်စေချင်ကြတယ်။ဒါကြောင့်အမြဲတမ်းကိုယ့်ကိုသူတို့ဘက်ပါအောင်စကားလမ်းကြောင်းတတ်တယ်။လိုအပ်တဲ့နေရမှာမလုပ်ပေးနိုင်ကြောင်း(No)ပြေလည်စွာပြောကြားကာ၊မိတ်ဆွေအဖျက်မထားခဲ့သင့်ပါဘူး။

   ကိုယ့်ကိုယ်မချစ်တဲ့သူတွေရဲ့စကားကိုနားယောင်တတ်တဲ့အကျင့်ရပ်ပစ်သင့်ပါတယ်။ကိုယ်ဘာပဲလုပ်လုပ်အချို့လူတွေကမင်းကိုစလုပ်ဝာာနဲ့ဘာတွေကြောင့်၊ညာတွေကြောင့်၊မအောင်မြင်နိုင်ဘူးလို့လာပြီးအပျက်သဘော ဆောင်တဲ့စကားတွေပြောကြမှာပဲ။ငါကတော့မင်းဝါသနာပါတာနဲ့စိတ်ဝင်စားတာတွေမကန့်ကွက်ပါဘူး။ဒါကြောင့်ဘာဖြစ်လို့သူတစ်ပါးရဲ့စကားကြောင့်မင်းဝါသနာပါတာစိတ်ဝင်စားတာတွေလုပ်ဖို့နှောင့်နှေးရမှလဲ။

  ဖြုန်းတီးတတ်တဲ့အကျင့်ရပ်သင့်ပါတယ်။ထမင်းကိုမကုန်ပဲ၊ထည့်တယ်။ဘူဖေးခင်းကျင်းထားတာ၊ကိုယ်ကမကုန်နိုင်အောင်ထည့်ထားတယ်။ဒါဟာဖြုန်းတီးရာရောက်တယ်။ဂျာမနီမှာမကုန်ပဲထမင်းဟင်းစားစရာကျန်တွေချန်ထားခဲ့ရင်ရဲကအရေးယူတယ်။ကိုယ့်စားနိုင်သလောက်သာကုန်အောင်စားသောက်သင့်ပါတယ်။

အမှိုက်ကိုစည်းမရှိ၊ကမ်းမရှိပစ်ခြင်းရပ်သင့်တယ်။ပုဂံညောင်ဦးဘုရားဝင်းမှာနိုင်ငံခြားသူတစ်ယောက်ငှက်ပျောသီးခွံကိုင်ရင်းရွာလည်နေတယ်။ဒါကိုသိတဲ့တိုးဂိုက်(Tour guide)ငှက်ပျောခွံကိုကိုင်လိုက်ပြီးအမှိုက်ပုံးမှာပစ်လိုက်တော့မှအဆင်ပြေသွားတယ်။တို့မြန်မာတွေကတော့တွေ့တဲ့နေရာအမှိုက်ပစ်ကွမ်းတံတွေး ထွေးနေတုန်းပဲ။စအနာဂတ်ခေါင်းဆောင်လူငယ်တွေဟာ၊မကောင်းတဲ့အကျင့်တွေဖျက်ရမယ်။စည်းပင်ဝန်ထမ်းတာဝန်လို့သတ်မှတ်ထားပေမယ့်၊ကိုယ့်အမှိုက်ကိုယ်စနစ်တကျပစ်လိုက်ရင်၊အခြားပန်းဉယျာဉ်စိုက်ပျိုးရေးတွေမှာအလုပ်ပိုပြီး၊ပြီးနိုင်ပါတယ်။ဒါကတစ်ဖက်ကအသုံးပြုမယ့်အင်အားကိုအကျိုးရှိအောင်အသုံးပြုတဲ့နည်းပဲဖြစ်တယ်။လူငယ်တို့သိထားသင့်ပါတယ်။။ 

 

Most Read

Most Recent