သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရားမဝင် သတ္တုတူးဖော်မှုများကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရှင်းလင်းမည်ဟုဆို

သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရားမဝင် သတ္တုတူးဖော်မှုများကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရှင်းလင်းမည်ဟုဆို
ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ရွှေကျင်နေသည့် စက်လှေအချို့ကို တွေ့ရစဉ်
ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ရွှေကျင်နေသည့် စက်လှေအချို့ကို တွေ့ရစဉ်
Published 16 September 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ရွှေပေါ်ကျွန်းအနီးတွင် ဆောင်ရွက်နေသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရားမဝင် သတ္တုတူးဖော်မှုများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် ကချင်ပြည်နယ်၊ရွှေကူမြို့နှင့် ကပ်လျက်ရှိသော ဒေသအခေါ် ရွှေပေါ်ကျွန်းအနီး ငါးဘက်ဝရွာနှင့် သင်္ဘောအင်းရွာများ၌ ရွှေကျင်သည့် စက်လှေကြီးများဖြင့် တရားမဝင် ရွှေကျင်မှုများကို မည်သို့ ဆောင်ရွက်သွားမည်နည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားထားခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရားမဝင် သတ္ထုတူးဖေါ်မှု၊ ရွှေကျင်မှုကို တရားမဝင် ခွင့်ပြုပေးခြင်း၊ ငွေကြေး ကောက်ခံခြင်းမရှိပါကြောင်းနှင့် အထက်ပါဖြစ်စဉ်အား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားထားသည်။

ယခင်ကလည်း ဗန်းမော်/ရွှေကူဖက်တွင် မြစ်အတွင်းတရားမဝင်ရွှေကျင်မှုများကို စက်လှေ၊စက်များ၊ဖေါင်များကိုဖမ်းဆီးခြင်း၊ဖျက်ဆီးခြင်းဖြင့်အရေးယူဆောင်ရွက်မှုများဆောင်ရွက်ခဲ့ကြောင်းနှင့် ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့များက ငွေကြေး ရယူ၍ ဆောင််ရွက်ခွင့်ပြုသည်ဟုလည်းသိရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားထားသည်။

Most Read

Most Recent