ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ် စီစဉ်

ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ် စီစဉ်
Photo: Getty Images
Photo: Getty Images
Published 11 September 2023

ဂျူဗင်တပ်စ်အသင်းသည် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ကို သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ဗလာဟိုဗစ်(၂၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သော်လည်း အသင်းနှစ်သင်းကြား သဘောတူညီမှု မရရှိခဲ့ပေ။

ယခုအခါ ဂျူဗင်တပ်စ်အသင်းက ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော ဗလာဟိုဗစ်ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတစ်နှစ် ထပ်တိုး၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိအချိန်၌ တစ်နှစ်လစာ ယူရို(၇)သန်းရရှိနေသည့် ဗလာဟိုဗစ်ကို ယူရို(၁၀)သန်းသို့ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး စာချုပ်နောက်ဆုံးနှစ် ရောက်ရှိပါက တစ်နှစ်ယူရို(၁၂.၅)သန်းအထိ ရရှိမည်ဟု သိရသည်။

ဗလာဟိုဗစ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသော်လည်း ဂျူဗင်တပ်စ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ဖွယ်မရှိကြောင်း သုံးသပ်ခံထားရသည်။ 

Most Read

Most Recent