ဆယ်ကျော်သက်တွေမှာဆေးလိပ်မသောက်ပဲအီစီးကရက်(Vape)သောက်ရင်တောင်ကျန်မားရေးဆိုးကျိုးများနိုင်တယ်လို့သုတေသီတွေကဆိုတယ်။ဆေးလိပ်နဲ့အီးစီးကရက်(Vape)သောက်တဲ့အလေ့အကျင့်တွေကိုအ သေးစိက်လေ့လာဆန်စစ်မှုပြုလုပ်ခဲ့ရာမှာအမေရိကန်ဆယ်ကျော်သက်(၂၀၀၀)ဦးကျော်ပါဝင်ခဲ့ပြီး၊တစ်ကြိမ်တစ်ခါမျှ(vape)မသောက်ဖူးတဲ့ဆယ်ကျော်သက်တွေနဲ့လေ့လာမှုမတိုင်ခင်တစ်လခန့်အကြိုကမှအီးစီးကရက်(Vape)စသောက်ခဲ့တဲ့ဆယ်ကျော်သက်တွေကိုနှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်တယ်။အဆိုပါလေ့လာမှုအရ(vape)သောက်တဲ့ဆယ်ကျော်သက်တွေမှာအသက်ရူကျပ်တဲ့အခြေအနေကြုံတွေ့ရနိုင်ခြေ(၈၀%)ပိုများတာတွေ့ရကြောင်း တောင်ကယ်လီဖိုးနီးယားကလေးကျန်းမားရေးလေ့လာမှုအရသိရတယ်။ရိုးရိုးဆေးလိပ်သောက်ကာထက်(vape)သောက်တာကကျန်းမာရေးဆိုးကျိုးသက်ရောက်မှုပိုနည်းနိုင်ပေမယ့်အီးစီးကရက်(vape)ကလည်းအန္တရာယ်ရှိကာဆယ်ကျော်သက်ရွယ်နဲ့ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေတစ်ခါမှမသုံးစွဲဖူးသေးတဲ့လူငယ်တွေမှာဆိုးကျိုးဖြစ်စေတယ်လို့အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်ကင်ဆာရောဂါဌာနရဲ့ဆေးရွက်ကြီးသုတေသနစင်တာကကလေးစိတ်ပညာသုတေသီအလေနာတက်တက်ကပြောကြားခဲ့ပါတယ်။
အီစီးကရက်(vape)မှာဓာတုပစ္စည်းပါဝင်မှုအမျိုးအစားများအထိအကျဖော်ပြထားခြင်းမရှိပေမယ့်ဘင်ဇင်း(Ben zen)ခေါ်စက်မှုလုပ်ငန်းသုံးအရည်တစ်မျိုးပါရှိနေပြီး၊ရေနံစိမ်းမှချက်လုပ်ထားတာဖြစ်တယ်။(ခ)အာဆင်းနစ်(Arsenic)ခေါ်အဆိပ်တစ်မျိုးပါရှိနေပြီး၊သစ်သားထည်များတာရှည်ခံအောင်ထိန်းသိမ်းရာမှာအသုံးပြုလေ့ရှိတယ်။(ဂ)ကတ်မီယမ်(cadmium)ဓာတုပစ္စည်းတစ်မျိုး၊ပါရှိပြီး၊ဘက်ထရီထုက်လုပ်ရာမှာသုံးတယ်။ခဲ(lead)ပါရှိပြီးယင်းကိုလည်းဘက်ထရီလုပ်ငန်းတွေမှာသုံးတယ်။ဖော်မယ်ဒီဟိုက်(Formaldehyde)ပါရှိပြီးယင်းဓာက်ငွေ့ကို၊ရင်ခွဲရုံများ၊ရေခဲတိုက်များနဲ့သုတ်ဆေးထုက်လုပ်ရာမှာအသုံးပြုပါတယ်။(င)ပိုတက်နီယမ်(၂၁၀)(Potonium-210)ခေါ်ရေဒီယိုသတ္တိကြွပစ္စည်းတစ်မျိုးကိုအသုံးပြုထားတယ်။(ဆ)ခရိုမီယမ်(chromium)ဓာတုဆေးတစ်မျိုးပါရှိပြီးဆိုးဆေးသုတ်ဆေးနဲ့သတ္တုစပ်ပစ္စည်းများထုတ်လုပ်ရာမှာအသုံးပြုလေ့ရှိတယ်။(ဇ)ဗျူတာဒင်း(Butadiene)ဓာတုပစ္စည်းပါရှိပြီးရော်ဘာထုက်လုပ်ရာမှာသုံးတယ်။(ဈ)နီကယ်(Nickel)ဓာတုပစ္စည်းတစ်မျိုးပါရှိပြီးသတ္တုထည်များသံချေးတက်ခြင်းမှကာကွယ်တယ်။(ည)ဗိနိူင်းကလိုရိုက်(vinyl chloride)ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး၊ပလပ်စတစ်နဲ့ဗီနိူင်းများထုတ်လုပ်ရာမှာအသုံးပြုတယ်။(ဋ)ဘယ်လီလီရမ်၊(Berynium)ဓာတုပစ္စည်းတစ်မျိုးကအဏုမြူဓာက်ပေါင်းဖိုမှာသုံးတယ်။(ဌ)အီသိုင်းလင်းအောက်ဆိုဒ်(Ethylene oxide)ဓာတုပစ္စည်းကဆေးရုံသုံးပစ္စည်းများပိုးသတ်ရာမှာသုံးတယ်။ပိုလီဆိုင်ကလစ်(polycyclic)ဓာတုပစ္စည်းတစ်မျိုးပါရှိပြီးဒီအင်အေ(DNA)ပျက်စီးစေတဲ့ဓာတုပစ္စည်းဖြစ်တယ်။(ဎ)အော်သိုလူဒင်း(Ortho luidine)ဓာတုပစ္စည်းတစ်မျိုးပါရှိပြီးပေါင်သတ်ဆေးထုတ်လုပ်ရာမှာသုံးတယ်။
အီစီးကရက်မှာပါးစပ်မှာတပ်ပြီးအငွေ့ခံဖို့အစီခံပိုင်း၊ဆေးရည်ထည့်ဗူး၊အငွေ့ပြန်စေတဲ့ကိရိယား၊အီလက်ထရွန်းနစ်ပရိုဒတ်စာ၊ဘက်ထရီနဲ့ဆေးလိပ်မီးနဲ့တူစေတဲ့အယ်အီးဒီ(LED)မီးသီးဆိုပြီးအစိတ်အပိုင်း(၆)မျိုးပါဝင်တယ်။အီးစီးကရက်ကိုပထမတီထွင်ခဲ့စဉ်ကဆေးလိပ်ဖြတ်ဖို့ဖြစ်တယ်။(၂၀၀၃)ခုနှစ်ကုန်ပိုင်းမှာတရုတ်ဆရာဝန်/ ဆေးဝါးပညာရှင်တစ်ယောက်ကသူအဖေဆေးလိပ်သောက်လွန်းလို့အဆုတ်ကင်ဆာနဲ့သေဆုံးရတဲ့အပေါ်၊ဆေးလိပ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့တီထွင်ထုတ်ခဲ့ရာယခုအခါအီစီးကရက်အနံ့အရသာမျိုးစုံနဲ့အရည်ထုတ်လုပ်တာမှာ(၁၇၀၀၀) ကျော်ရှိတယ်။
(၂၀၁၉)ခုနှစ်အောက်တိုဘာလမှာအမေရိကန်ပြည်တောင်စုကလူပေါင်း(၁၀၀၀)ဦးယာအဆုတ်ရောဂါတစ်မျိုးပြင်းထန်စွာခံစားရပြီး၊ဆေးရုံရောက်လာတယ်။(၂၁)ဦးမှာသေဆုံးခဲ့တယ်။အမေရိကန်ရောဂါထိန်းချုပ်ရေးကြိုတင်ကာကွယ်ရေးဗဟိုဌာန(CDC)ကအီစီးကရက်သောက်သုံးသူများဖြစ်ကြောင်းသိလာရတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွါးပြီးနောက်တစ်ကမ္ဘာ့လုံးမှာအီးစီးကရက်ဟာဆေးလိပ်လိုပဲ။လူကိုဒုက္ခပေးတဲ့အရာအဖြစ်သတ်မှတ်လိုက်ကြောင်နဲ့အီးစီးကရက်သောက်သုံးမှုဟာကျန်းမားရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်ကြောင်းပြန်လည်ကြေညာရတဲ့အထိအီးစီးကရက်ဆိုးကျိုးပြင်းထန်လှပါတယ်။တရုတ်လူမျိုး၊ဆေးဝါးပညာရှင်၊ဟွန်လင့်တီထွင်ခဲ့တာဖြစ်ပြီး၊သူ့အန္တရာယ်ကပိုးများနေတယ်။
အီစီးကရက်ဟာအီလက်ထရွန်နစ်နဲ့ပြုပြင်ဖန်တီးတားတဲ့စီးကရက်လိုအငွေ့ထွက်စေတဲ့ပစ္စည်းဆေးလိပ်တစ်မျိုးဖြစ်တယ်။အီးစီးကရက်လို့ခေါ်တွင်ပေမယ့်ပုံမှားရိုက်လာတဲ့စီးကရက်တစ်မျိုးဖြစ်တယ်။စီးကရက်ပုံသဏ္ဍန်နဲ့တူအောင်လုပ်တာပြီးမူလရည်ရွယ်ချက်မှာဆေးလိပ်စွဲလန်းသူကိုဆေးလိပ်ဖြတ်စေလိုတဲ့ရည်ရွယ်ချက်ကောင်းဖြစ်တယ်။လက်တလောလေ့လာဆန်းစစ်မှုမှတ်တမ်းများအရအီးစီးကရက်သောက်ဆိုးခြင်းနဲ့ဆက်နွယ်တဲ့အဆုတ်ရောဂါဖြစ်ပွါးသူအရေထွက်ဟာ(၈၀၅)ဦးအထိရှိနေပြီး၊((၁၂)ဦးမှာသေဆုံကြောင်းအမေရိကန်(CDC)ကဆိုတယ်။
အီးစီးကရက်သောက်သုံးမှုများ(၉၅%)၊အန္တရာယ်မရှိလို့ထင်ကြောပေးနေပေမယ့်နီကိုတင်းအရည်ကစွဲလန့းစေပြီးအဆိပ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းများပါဝင်မှုအချိုးအစားပေါ်မူတည်ကာအသက်ရူလမ်းကြောင်းဆိုင်ရာ၊အဆုတ်နဲ့နှလုံးတို့ကိုထိခိုက်စေပါတယ်။ကြွက်များကိုသီတင်းတစ်ပတ်မှာနာရီ(၂၀)ကြာသီတင်းပတ်(၅၄)ပတ်ထိကိုနီကိုတင်းပါတဲ့အီးစီးကရက်အခိုးအငွေ့များနဲ့ထိတွေ့စေပြီးနောက်ကြွက်(၂၂.၅%)ဟာအဆုတ်ကင်ဆာတစ်မျိုးဖြစ်ပွါးကြောင်းတွေရှိခဲ့တယ်။အခြားကြွက်အုပ်စုမှာနီကိုတင်းမပါတဲ့အီးစီးကရက်အငွေ့နဲ့အဆိုပါအတိုင်း၊ထိတွေ့စေရာအဆုတ်ကင်ဆာမဖြစ်ပွါးကြောင်းလေ့လာတွေ့ရှိထားတယ်။
အီးစီးကရက်ငွေ့ပါဝင်တဲ့ဓာတုပစ္စည်းများဟာရေရှည်မှာအဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်သလို၊နောက်ဆက်တွဲကင်ဆာရောဂါများကိုလည်းဖြစ်ပွါးစေနိုင်တယ်။အီးစီးကရက်အရည်(Vape)ကိုမတော်တဆအောက်စီဂျင်လိုတိုက်ရိုက်ရှူမိခြင်း၊မျက်စိထဲဝင်ရောက်ခြင်းနဲ့အရေပြားပေါ်ထိခြင်းတို့ကြောင့်အန္တရာယ်ဖြစ်စေပြီး၊ကလေးငယ်တွေမှာအသက်ဆုံးရှုံးတဲ့ထိဖြစ်စေတယ်။အီစီးကရက်သောက်သုံးသူများထဲမှထွက်လာတဲ့အငွေ့ဟာပတ်ဝန်းကျင်မှလူများရှူမိစေလို့၊တစ်ဆင့်ခံစီးကရက်မီးခိုးငွေ့ရှူရိုက်ရသလို၊အလားတူဆိုးကျိုးများခံစားရနိုင်တယ်။ကိုယ်ဝန်ဆောင်များ၊ကလေးငယ်များနဲ့၊သက်ကြီးရွယ်အိုများမှာတစ်ဆင့်အီးစီးကရက်မီးခိုးငွေ့များကအန္တရာယ်ဖြစ်စေနိုင်တယ်။သုံးစွဲသူကိုစွဲလန်းစေတဲ့နီကိုတင်းလွန်ကဲစွာပါဝင်နေလို့ဆေးလိပ်လိုပဲစွဲစေတယ်။လူငယ်တွေမှာဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေခြင်းအာရုံစူးစိုက်မှုကျဆင်းခြင်း၊သင်ယူနိုင်စွမ်းရည်နည်းပါခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကရောဂါအမျိုးမျိုးရရှိကာနှလုံးသွေးကြောကျဉ်းရောဂါ၊အဆုတ်ကင်ဆာတို့ဖြစ်စေတယ်။ဆေးလိပ်ငွေ့မှနီကိုတင်းဓာတ်ကတ္တရာနဲ့ကာဗွန်ဗိုနောက်ဆိုဒ်၊အဆိပ်ငွေ့များအများဆုံးဒုက္ခပေးလျက်ရှိရာ၊နီကိုတင်းဓာတ်ဟာအဆီဓာတ်ကိုသွေးထဲမှာများပြားစေတယ်။သွေးခဲခြင်း၊သွေးကြောနံရံများမှာအဆီစုပုံလာခြင်း၊တို့ကြောင့်နှလုံးသွေးကြောကျဉ်းရောဂါကိုရရှိစေတယ်။ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ဟာအဆုတ်မှအောက်စီဂျင်ဓာက်ကိုခန္ဓာကိုယ်အနှံ့သယ်ဆောင်ပေးတဲ့သွေးနီဥထဲရှိဟေမိုဂလိုဘင်ရဲ့လုပ်ငန်းတွေပျက်စီးလျော့နည်းစေတယ်။ဆေးလိပ်သောက်ခြင်းကဖြစ်ပေါ်လာတဲ့ရောဂါတို့အနက်ယခုထိ တွေ့ရတဲ့အများဆုံးရောဂါမှာနှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးရုတ်တရက်အတိုက်ခိုက်ခံရခြင်းရောဂါတို့ဖြစ်တယ်။ဆေးလိပ်ရဲ့ဆိုးကျိုးကြောင့်သေဆုံးသူ(၁၀)ဦးမှာ(၈)ဦးကနှလုံးသွေးကြောကျဉ်းနဲ့နှလုံးရုတ်တရက်အတိုက်ခိုက်ခံရလို့၊နှလုံးသွေးငတ်ရောဂါဖြစ်ကာသေဆုံးရခြင်းဖြစ်ကြောင်းတွေရှိရပါတယ်။
ဆေးလိပ်မသောက်ခြင်း၊အီးစီးကရက်မသောက်ခြင်းကလူတို့ကျန်မားရေးကောင်းမွန်စေဖို့ရှောင်ရှားနိုင်တဲ့တစ်ခုတည်းအင်အားအကြီးဆုံးကိစ္စရပ်ဖြစ်တယ်။ဆေးလိပ်မသောက်ခြင်းကကလူရဲ့သက်တမ်း(၁၅%)တိုးပွါးစေတယ်။ဆေးလိပ်ရဲ့အခြားဆိုးကျိုးရှိပေမယ့်အစာအိမ်နဲ့အူသိမ်ဦးပိုင်းအနာဖြစ်စေတယ်။ကိုယ်ဝန်ဆောင်မိခင်ဟာ၊ဆေးလိပ်သောက်သုံးရင်ကလေးပေါင်မပြည့်၊လမစေ့မွေးနိုင်တယ်။ကလေးကြုံလှီခြင်း၊ကလေးမှတ်ဉာဏ်ချွတ်ယွင်းခြင်း၊မွေးပြီးကျန်းမားရေးချို့တဲ့ကာတရှောင်ရှောင်နေမကောင်းဖြစ်တတ်ပါတယ်။မိခင်သောက်တဲ့ဆေးလိပ်မှကာဗွန်မိုနောက်ဆိုဒ်ဟာကလေးကိုအချင်းမှတစ်ဆင့်ရောက်ရှိသွားတာအောက်စီဂျင်ဓာတ်မလုံးလောက်လို့ကလေးပျက်ကျခြင်း၊အသေမွေးခြင်းတို့လည်းဖြစ်စေနိုင်တယ်။ဆေးလိပ်နဲ့အီစီးကရက်ကိုနှစ်ပေါင်းများစွာသောက်ရင်းနာတာရှည်အဆုတ်ရောင်ရောဂါ၊အဆုတ်ရဲ့ကျုံ့နိုင်၊ဆန့်နိုင်တဲ့သတ္တိလျော့ပါးစေတဲ့၊အင်ပိုင်ရီဟာ(Empyema)အဆုတ်ရောဂါနဲ့ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်စေတယ်။လူကိုကျန်းမာမှုချို့တဲ့စေကာ၊လှုပ်ရှားမှုအနည်းငယ်လုပ်ရုံနဲ့မောပန်းနေလို့ဆေးလိပ်၊စီးကရက်အီးစီးကရက်များရှောင်ကြည့်သင့်ပါတယ်။