မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ရုရှားနိုင်ငံမှ လူသားချင်း စာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၉ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တင်ဆောင်လာသော အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁၀ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ပါဝင်ကြောင်း သိရသည်၊၊
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်မှုကို နံနက်(၉)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak ကလှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ရုရှားနိုင်ငံ EMERCOM မှ Mr. Andrei KHOMENKO တို့က မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံလက်မှတ်ရေးထိုးပြီး လဲလှယ်ခဲ့ကြောင်း
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak ထံဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်၊၊
Photo - MOI















