အာဆီယံကုန်ထုတ်လုပ်ရေးကဏ္ဍတွင် တတိယသုံးလပတ်အလယ်ပိုင်းမှာ လုပ်ကိုင် မှုအခြေအနေများ တိုးတက်လာနေကြောင်း ဆက်လက်တွေ့မြင်ရပြီး ခြုံငုံသုံးသပ်ပါက အော်ဒါအသစ်များ ရှေ့ဆက်တိုးရလာပြီး ထုတ်လုပ်မှုတိုးတက်မှုမှာလည်း သုံးလအ တွင်း အမြင့်ဆုံးအရှိန်ရလာခဲ့ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြ ထားသည်။
S&P Global အာဆီယံကုန်ထုတ်လုပ် မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်း၊ဗီယက်နမ်နိုင်ငံ များမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာ များထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်များအပေါ်အခြေ ခံပြီး S&P Global မှ တွက်ချက်ထားသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူ များ၏ ထပ်တိုးတန်ဖိုး ၉၈ ရာခိုင်နှုန်းထုတ် လုပ်ပေးကြသည်။
အာဆီယံစစ်တမ်းတွင် နောက်ဆုံးဒေ တာက စျေးနှုန်းဖိအားပေးမှုများ ပိုမိုပြင်းထန် လာနေခြင်းကို အချက်ပြနေသည်။ ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများနှင့် ရောင်းစျေးနှစ်ခုစလုံး မှာ ဇူလိုင်တွင် မြင်ခဲ့ရသည်ထက် ပိုမိုအား ကောင်းစွာ မြင့်တက်လာကြကြောင်း၊ မည်သို့ ပင်ဖြစ်စေ နောက်ဆုံးဦးမော့မှုသည် သမိုင်း စဉ်အရ အားပျော့လျက်ရှိနေသေးကြောင်း ဖော်ပြထားသည်။
သြဂုတ်ဒေတာအရ အာဆီယံ၏ နိုင်ငံ ခုနစ်နိုင်ငံအနက် လေးနိုင်ငံတွင် ထုတ်လုပ် မှုအခြေအနေများ ပိုမိုအားကောင်းလာမှုကို ဖော်ပြနေကြောင်း၊ နှစ်လဆက်တိုက်ဦးမော့ မှုကို ပြသနေသည့်နိုင်ငံမှာ အင်ဒိုနီးရှားဖြစ် လာကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ သည်လည်း အခြေအနေများ တိုးတက်လာ နေခြင်းကို ပြသနေပြီး နောက်ဆုံး ခုနစ်လအ တွင်း လစဉ်တိုးတက်မှုကို တွေ့ခဲ့ရကြောင်း၊ စင်ကာပူနိုင်ငံမှ ထုတ်လုပ်သူတို့သည် သြ ဂုတ်လတွင် ထုတ်လုပ်မှုအခြေအနေများ တိုး တက်လာကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ထုတ် လုပ်မှုမှာ မသိမသာမျှပင်ရှိကြောင်း၊ ဖိလစ် ပိုင်နှင့် ထိုင်း နှစ်နိုင်ငံစလုံးသည် စစ်တမ်း၏ နောက်ဆုံးလတွင် ကျဆင်းမှုနယ်မြေထဲ ဆင်းသွားခဲ့ကြောင်း၊ မလေးရှားထုတ်လုပ်သူ တို့တွင်မူ ၁၂ ဆက်တိုက် ဆုတ်ယုတ်လာခဲ့ ကြောင်း ဖော်ပြထားသည်။
“နိုင်ငံတကာစီးပွားရေးအခြေအနေဆီ က တိုက်ခတ်လာနေတဲ့ဂယက်တွေနဲ့ အာဆီ ယံနိုင်ငံတော်တော်များများမှာ တွေ့မြင်နေရ တဲ့ အတိုးနှုန်းသံသရာတွေကြောင့် လက်ရှိ ဝယ်လိုအား အလားအလာက ဒုတိယနှစ်ဝက် မှာ ဆက်ကျန်ရှိနေဦးမလားလို့ စိုးရိမ်ရမယ့် အချက်တွေ ဖြစ်နေကြပါတယ်” ဟု အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် သြဂုတ်လအတွက် ထုတ် ပြန်သည့် S & P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာတွင်မူ အော်ဒါအသစ်များ တစ်ဟုန်ထိုးတိုးရလာမှု က စက်မှုထုတ်လုပ်မှုကို ရှေ့ဆက်မြှင့်ပေး လိုက်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ထုတ် လုပ် မှုပမာဏ အခိုင်အမာမြင့်တက်လာခြင်း၊ ပစ္စည်းပေးသွင်းရေးကွင်းဆက် ပြတ်တောက် မှုများ မှတ်တမ်းတွင် အဆိုးဆုံးတစ်ခု ဖြစ် လာခြင်း၊ စျေးနှုန်းများ၏ ဖိအားပေးမှုများ သိသိသာသာပြင်းထန်လာခြင်းတို့ ကြုံ တွေ့ ခဲ့ရကြောင်း ဖော်ပြထားသည်။
S & P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက် ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“သြဂုတ်လဒေတာက ဝယ်လိုအားအ လားအလာ တိုးတက်လာနေခြင်းက ကုမ္ပဏီ တွေကို ရောင်းချရမှုတွေကို တိုးမြှင့်ဖို့နဲ့ ထုတ် လုပ်မှုကို တိုးချဲ့ဖို့ အားပေးနေတဲ့အတွက် မြန် မာနိုင်ငံရဲ့ စက်မှုကဏ္ဍတစ်ဝန်း အခြေအနေ တွေဟာ ရှေ့ဆက်ပိုကောင်းလာခြင်းကို ဖော်ပြ နေပါတယ်။ဒါပေမဲ့ ဒေတာက စိုးရိမ်ရ မယ့် နယ်ပယ်တချို့ကိုပါ ညွှန်ပြနေတာကြောင့် နောက်ဆုံးဦးမော့လာမှုဟာ ခဏတဖြုတ် များလားလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်”ဟု S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏စက်မှုကဏ္ဍသည် ဝယ် လိုအားအခြေအနေများ ဆက်လက်တိုးတက် လာနေသည့်နောက်ခံတွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ပိုမိုလျင်မြန်စွာ ဦးမော့ လာနေသည်။ သို့သော်လည်း အလုပ်နေရာ များနှင့် ဝယ်ယူရေးလုပ်ငန်းများမှာ သြဂုတ် လတွင် လျော့နည်းလာခဲ့ကြောင်းကို မှတ် တမ်းတင်ခဲ့ကြသည်။
လုပ်သားများနှင့် ကုန်ကြမ်းများ မလုံ မလောက်ဖြစ်လာမှုကြောင့်လည်းကောင်း၊ သွင်းအားစုများ စျေးမြင့်တက်လာမှုကြောင့် လည်းကောင်း ရောင်းအားမြင့်တက်လာမှုကို ဖြည့်ဆည်းပေးရန် လိုအပ်ခဲ့သည့်အတွက် သိုလှောင်ထားသည့် ကုန်စည်များမှာ သိသာ စွာ ကုန်ခန်းလာခဲ့သည်။
ဒေါ်လာအတွက် ကျပ်ငွေနှုန်းတန်ဖိုး ကျလာနေပြီး ပို့ဆောင်ခနှင့် ကုန်ကြမ်းစျေး နှုန်းများ မြင့်တက်လာမှုကြောင့် သြဂုတ်လ တွင် ရောင်းစျေးများကို မြင့်တက်လာစေခဲ့ သည်။
အဓိကအကျဆုံး S & P Global မြန်မာ စက်မှုထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ် လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့်တစ်ခုတည်းသော အညွှန်းကိန်းကို အရေးပါသည့်ကြားနေအ မှတ် ၅၀ ဒသမ ၀ အထက်တွင် မှတ်တမ်းတင် ခဲ့သည် မှာ သြဂုတ်လတွင် ခုနစ်လဆက် တိုက်ဖြစ်လာသည်။ ဇူလိုင်လ၏ ၅၁ ဒသမ ၁ မှ ၅၃ ဒသမ ၀ သို့ တက် လိုက်သော အညွှန်း ကိန်းမှာ သုံးလအတွင်း လုပ်ငန်းအခြေ အနေ များ အားအကောင်းဆုံး တိုးတက်လာမှုကို အချက်ပြနေသည်။
အော်ဒါအသစ်များ ရှစ်လဆက်တိုက် ရရှိလာသည့်အတွက် သြဂုတ်လဒေတာက ဝယ်လိုအားအခြေအနေများကို ပံ့ပိုးပေး သည့် တိုးတက်မှုများ ဆက်ရှိနေခြင်းကို ထောက်ပြနေသည်။ ထိုအချက်က စက်မှု ထုတ် လုပ်မှုလျင်မြန်စွာ တိုးတက်လာရေးကို ပံ့ပိုးပေးခဲ့သည်။
သို့သော်လည်း ဒေတာများအရ ဆန်း စစ်ကြည့်လျှင် အရေးကြီးဆုံးအညွှန်းကိန်း သည် အဓိကအားဖြင့် ထုတ်လုပ်ရေးကဏ္ဍ ကို မြှင့်တင်ပေးရာတွင် ထောက်ကူပေးသည့် ဝယ်လိုအားပေါ်တွင် များစွာမှီခိုနေရခြင်းကို ပြသနေချိန်တွင် ကုမ္ပဏီများကမူ အလုပ်မှ နုတ်ထွက်မှုများ ကျယ်ပြန့်လာနေသည့်အ ကြား အလုပ်နေရာများကို တိုးမြှင့်ရန် ရုန်း ကန်နေကြရသည်။
တစ်ချိန်တည်းမှာပင် ကုန်ကြမ်းစျေးနှုန်း များ မြင့်တက်နေချိန်တွင် ကုမ္ပဏီများသည် သိုလှောင်ကုန်များကို သုံးနိုင်ခဲ့ကြသည့်အ တွက် မကြာမီက လုပ်ငန်းအခြေအနေများ ထိုးတက်လာခဲ့သည့်တိုင်အောင် ၎င်းင်းတို့၏ ဝယ်ယူမှုများကို တိုးချဲ့လိုစိတ်မရှိခဲ့ကြကြော င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒါ့အပြင် ထည့်ကုန်တွေအတွက် ပေး သွင်းရေး ကြာမြင့်ချိန်တွေဟာ မှတ်တမ်းထဲ မှာ အဆိုးဆုံးအဆင့်ကို တိုးလာခဲ့ပြီး ထုတ် လုပ်သူတွေအနေနဲ့ ကုန်ကြမ်းတွေကို စိတ်ချ လက်ချ အချိန်မီရရှိဖို့အတွက် အခက်အခဲ တွေ ရင်ဆိုင်နေရခြင်းကို အလေးပေးထောက် ပြနေပါတယ်။ ဒါ့အပြင် ဒေါ်လာကျပ်ငွေ လဲ လှယ်နှုန်း ပိုဆုတ်ယုတ်လာနေခြင်းက ငွေ ကြေးဖောင်းပွမှု ဖိအားပေးမှုများကို တိုးမြှင့် ပေးနေကာ တစ်နှစ်နီးပါးအတွင်း
လုပ်သားများ၊ ကုန်ကြမ်းများနှင့် လျှပ် စစ်မီး မလုံလောက်မှုများအကြားတွင် ကုမ္ပ ဏီများသည် လက်ထဲရှိအလုပ်များ ပြီးစီးရန် အားထုတ်နေကြရရာ လက်ကျန်အလုပ်များ မှာ သြဂုတ်လတွင် ထင်ရှားသည့်နှုန်းဖြင့် မြင့် တက်လာခဲ့ပြန်သည်။ ယင်းအတောအတွင်း ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး ဝယ် လိုအားကို ဖြည့်ဆည်းပေးရန်အလို့ငှာ သို လှောင်ကုန်များ ကုန်ခန်းလာခဲ့သည်။
ကုန်ကြမ်းပြတ်တောက်မှုများ၊ ငွေလဲနှု န်း ပိုဆိုးလာနေခြင်းနှင့် ပို့ဆောင်ရေးကုန်ကျ စရိတ်များ မြင့်တက်လာနေမှုက ထည့်ကုန် များ၏စျေးနှုန်းများ နောက်ဆုံးမြင့်တက်လာ မှုကို အားပေးခဲ့သည်။
သြဂုတ်လအတွင်း ကုန်ကျမှု ဝန်ထုပ် ဝန်ပိုးများ သိသိသာသာ မြင့်တက်လာခဲ့ပြီး သွင်းအားစု ကုန်ကျစရိတ်များ၏ ငွေကြေး ဖောင်းပွမှုမှာ တစ်နှစ်နီးပါးအတွင်း အလျင် မြန်ဆုံးဖြစ်လာသည်။ အလားတူ ထည့်ကုန် များ၏ မြင့်တက်လာသည့်စျေးနှုန်းများကို ထည့်တွက်လျက် ရောင်းစျေးများပါ မြင့်တက် လာခဲ့ကြရာ ၁၁ လအတွင်း အလျင်မြန်ဆုံး နှုန်း ဖြစ်လာခဲ့သည်။
ထို့ပြင် ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်း ပေးသွင်းမှု ကြာမြင့်ချိန်များသည် နောက်ဆုံး လအတွင်း ထပ်တိုးလာခဲ့ကြောင်း၊ ကုန်ကြမ်း ရှားပါးမှုများ၊အကောက်ခွန်ဌာန၏ကြန့် ကြာ မှုများနှင့် ပို့ဆောင်ရေးအခက်အခဲများက စက်မှုထုတ်ကုန်များကို အချိန်မီ ဖြန့်ချိမရ အောင် နှောင့်ယှက်ခဲ့ကြောင်း စစ်တမ်းတွင် ပါဝင်ဖြေဆိုသူတို့က ထောက်ပြခဲ့ကြသည်ဟု သိရသည်။
“ပစ္စည်းပေးသွင်းမှုဆိုင်ရာ ကားချပ်ပုံ က တိုးတက်လာနေကြောင်း လက္ခဏာတွေ မပြသရွေ့ မြန်မာနိုင်ငံတစ်ဝန်း လတ်တ လော တိုးတက်ထုတ်လုပ်နိုင်မှုဟာ တစ်ဖက် စောင်းနင်း ဖြစ်နေဦးမှာဖြစ်ပြီး လက်ကျန်စာ ရင်းများ ကုန်ခန်းသွားတာနဲ့ ရပ်တန့်သွားမှာ စိုးရပါတယ်”ဟု စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ထားသည်။
အနာဂတ်ကို လှမ်းမျှော်ကြည့်မည်ဆိုပါ က မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတစ်ဝန်းတွင် တွေ့မြင်ရသည့် ယုံကြည်မှုပမာဏများမှာ အားပျော့ကျန်ရစ်နေလျက် စစ်တမ်းမှ မေး မြန်းခဲ့သည့်လုပ်ငန်းများထဲက ခြောက်ရာခိုင် နှုန်းကသာလျှင် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုပမာဏများ တိုးလာမည်ဟု မှန်း ဆကြကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။