၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း ၁၈၆ မိုင်၊ တံတားအစင်းရေ ၁၄၀၊ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် တံတားအစင်းရေပေါင်း ၈၈၃ စင်း ဆောင်ရွက်ပေးမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း ၁၈၆ မိုင်၊ တံတားအစင်းရေ ၁၄၀၊ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် တံတားအစင်းရေပေါင်း ၈၈၃ စင်း ဆောင်ရွက်ပေးမည်
သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေး နှစ်အစည်းအဝေ
သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေး နှစ်အစည်းအဝေ
Published 9 September 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စုရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း ၁၈၆ မိုင်၊ တံတားအစင်းရေ ၁၄၀၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် တံတားအစင်းရေပေါင်း ၈၈၃ စင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေး နှစ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနများအနေဖြင့် ကျေးလက်လမ်း၊ တံတား များ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ နိုင်ငံရှိ ကျေးရွာပေါင်း ၆၃၈၈၉ ရွာ၌ ကျေး လက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ကျေး လက်လမ်းအရှည်မိုင် ၃၅၈၉၀ တာဝန်ယူ တည်ဆောက်ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ဖြင့် လမ်းမိုင်ပေါင်း ၁၈၆ မိုင်၊ တံတားအစင်း ရေ ၁၄၀၊ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေ ဖြင့် လမ်းမိုင်ပေါင်း ၉၀၀၊ တံတားအစင်းရေ ပေါင်း ၈၈၃ စင်းတို့ကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက် ခြင်းတို့ကို အရည်အသွေးပြည့်မီစွာ မြန်မြန် ဆန်ဆန် တည်ဆောက်ပေးခြင်းဖြင့် ကျေး လက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အ ကောင်အ ထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက်လမ်းလုပ် ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်လမ်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြကြောင်း၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများ၏ တင်ပြချက်များအ ပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေး နွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

Most Read

Most Recent