တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ပြန်လည် ပြုပြင်ပြီးသဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်းများကို စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည်လက်ခံသွားမည်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုများအား အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာသံရုံးက ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ရေရှည်တွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်မှစ၍ ပြုပြင်ထိန်းသိမ်းခဲ့ပြီးဖြစ် သောကြောင့် သာမန်မြန်မာနိုင်ငံ သက်တမ်းတိုးလျှောက်ထားခြင်းများအား ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းကြောင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းများကို စက်တင်ဘာ ၁၁ ရက် (တနင်္လာနေ့) မှစ၍ ပုံမှန်အတိုင်း ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားလိုပါက တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂: နာရီ ၃၀ မိနစ်အတွင်း သံရုံးဖုန်း (02) 790-3814 သို့ ဆက်သွယ်၍ အနည်းဆုံးသုံး ရက်ခန့် ကြိုတင်၍ရက်ချိန်းရယူပြီးနောက် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လူကိုယ်တိုင်လာရောက်၍ လျှောက်ထား နိုင်ပြီဖြစ်ပါကြောင်း ဆိုးမြို့ရှိ မြန်မာ သံရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။















