အာဆီယံနှင့် တရုတ်နိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

အာဆီယံနှင့် တရုတ်နိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်
Published 7 September 2023

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ စက်တင်ဘာ ၆ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ အာဆီယံ-တရုတ် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား အာဆီယံကိုယ်စား အာဆီယံအတွင်းရေးမှူးချုပ် H.E Dr.Kao Kim Hourn ကလည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီဥက္ကဋ္ဌ H.E Lou Zhaohui ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအနေဖြင့် ယင်းသဘောတူစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးရန်အတွက် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ပေါင်းစပ်ညှိနှိုင်းပေးနိုင်ခဲ့ပြီး စာချုပ်အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာ၊ အခြေခံအဆောက်အအုံ၊ ခေတ်မီမြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင် နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent