ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ၍  ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မြှင့်ရေး ကိစ္စရပ်များ ဆွေးနွေး

ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ၍  ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မြှင့်ရေး ကိစ္စရပ်များ ဆွေးနွေး
Published 7 September 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်)လာအယ်လ်စုဘေးအိအား စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမား၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစရှိသောကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံမှုပေးရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent