မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြား နားလည်မှုစာချွန်လွှာရေးထိုးရန်နှင့် ဒေသန္တရ ရွေးကောက်ပွဲလေ့လာရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက်

မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်အကြား နားလည်မှုစာချွန်လွှာရေးထိုးရန်နှင့် ဒေသန္တရ ရွေးကောက်ပွဲလေ့လာရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက်
Published 7 September 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားလာမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရရွေးကောက်ပွဲသို့ လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၆ ရက်တွင် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

UEC ဥက္ကဋ္ဌနှင့်အတူ UEC အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ်တို့ လိုက်ပါသွားပြီး  ၎င်းတို့သည် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်၍ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲသို့သွားရောက် လေ့လာခြင်းဖြင့် နှစ်နိုင်ငံအကြားရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲ ကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်သည် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent