ရက်ပိုင်းအတွင်း စားအုန်းဆီ စျေးနှုန်းများ သိသာစွာ ကျဆင်းမည်ဖြစ်ကြောင်းနှင့် လက်လီစျေးကွက်အတွင်း စားသုံးဆီများ ဝယ်ယူရာတွင် ယခင်စျေးနှုန်းအတိုင်း အမြင့်စျေးဖြင့် ဆက်လက်ရောင်းချနေပါက တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ခြင်း

ရက်ပိုင်းအတွင်း စားအုန်းဆီ စျေးနှုန်းများ သိသာစွာ ကျဆင်းမည်ဖြစ်ကြောင်းနှင့် လက်လီစျေးကွက်အတွင်း စားသုံးဆီများ ဝယ်ယူရာတွင် ယခင်စျေးနှုန်းအတိုင်း အမြင့်စျေးဖြင့် ဆက်လက်ရောင်းချနေပါက တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ခြင်း
သြဂုတ် ၁၁ ရက်က ပြည်သူ့ရင်ပြင်တွင် သက်သာသောစျေးနှုန်းဖြင့် ဆီများရောင်းချပေးသောကြောင့် ပြည်သူများ တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ် (ဓာတ်ပုံ ကြည်နိုင်)
သြဂုတ် ၁၁ ရက်က ပြည်သူ့ရင်ပြင်တွင် သက်သာသောစျေးနှုန်းဖြင့် ဆီများရောင်းချပေးသောကြောင့် ပြည်သူများ တန်းစီစောင့်ဆိုင်းဝယ်ယူနေစဉ် (ဓာတ်ပုံ ကြည်နိုင်)
Published 3 September 2023

လုပ်ငန်းရှင်များအား ခေါ်ယူ တွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီးဖြစ်သဖြင့်  ရက်ပိုင်းအတွင်း စားအုန်းဆီစျေးနှုန်း များ သိသာစွာကျဆင်းမည်ဖြစ်ကြောင်း သြ ဂုတ် ၃၀ ရက်ကကျင်းပသည့်  ပြည်တွင်းစား သုံးဆီစျေးနှုန်း တည်ငြိမ်ကျဆင်းစေရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။

နိုင်ငံတော်အနေဖြင့် စားအုန်းဆီကိုပြည် သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာ ခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်း ငွေလဲလှယ် နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပစျေးထက် သက်သာသည့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားဖြင့်လည်း ပံ့ပိုးဆောင်ရွက် ပေးထားကြောင်း၊ ထို့ပြင် ဝယ်ယူတင်သွင်းသူ များ ငွေကြေးအခက်အခဲ မပေါ်ပေါက်စေရေး အတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့် လည်း ထောက်ကူပေးထားပါကြောင်း၊ ဖြစ် သင့်ဖြစ်ထိုက်သည့် စားအုန်းဆီအခြေခံရည် ညွှန်းစျေးကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် ပုံမှန်တွက် ချက်ထုတ်ပြန်ပေးလျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြား ခဲ့သည်။

သို့ရာတွင် စားသုံးသူစျေးကွက်တွင် စား အုန်းဆီစျေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက် သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော် အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေး သည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံ စားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုန်းဆီစျေးများ မြင့်တက်နေမှုနှင့် ပတ် သက်၍ ပြည်ထောင် စုဝန်ကြီးအနေဖြင့် ဇူလိုင် (၁) ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များ အား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက် သည့် စျေးနှုန်းများဖြင့် ရောင်းချရေး သတိပေး ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှုတစ်ခု တည်းကိုသာ ဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန် လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စား အုန်းဆီစျေးနှုန်းများ သိသာစွာကျဆင်းစေ ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့်ပတ် သက်၍ လိုအပ်သည့်အစီအမံများ ချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီ ပြည် တွင်း ပို့ဆောင်ရာတွင် QR Code  ဖြင့် ကြပ်မတ်မည့်အစီအစဉ်၊ နေ့စဉ် ကုန်လက်ကျန် သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့် လက်လီ ရောင်းချသူများအကြား စျေးနှုန်းကွာဟမှုမရှိ စေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်စျေး နှုန်းဖြင့်စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေးဆောင် ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ် ငန်းရှင်များက သတ်မှတ်ရည်ညွှန်းစျေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီး သီး၏ စျေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာ တွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင် ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းစျေးအပေါ် အခြေခံကာ သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီစျေးနှုန်း များကို လက်ရှိအခြေအနေမှ လျှော့ချသွားရေး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အပြည့်အဝ လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ကြကြောင်း သိရသည်။

လက်လီစျေးကွက်အတွင်း စားသုံးဆီများ ဝယ်ယူရာတွင် ယခင်စျေးနှုန်းအတိုင်း အမြင့်စျေးဖြင့် ဆက်လက်ရောင်းချနေပါက တိုင်ကြားနိုင်

လက်လီစျေးကွက်အတွင်း  စားသုံးဆီ များ ဝယ်ယူရာတွင် ယခင်စျေးနှုန်းအတိုင်း အမြင့်စျေးဖြင့် ဆက်လက်ရောင်းချနေပါက စားသုံးသူရေးရာဦးစီးဌာန၏ call center  ၁၅၃၅ သို့ တိုင်ကြားနိုင်ကြောင်း  စားသုံးသူ ရေးရာဦးစီးဌာနက အသိပေးချက်ထုတ်ပြန် ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေ သည့် စားအုန်းဆီလက်လီစျေးနှုန်းများ ကြီး မြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေး နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ညှိ နှိုင်း၍ သက်သာသောစျေးနှုန်းများဖြင့် ပို့ ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

စားသုံးသူပြည်သူများအနေဖြင့် လက်လီ စျေးကွက်အတွင်း စားသုံးဆီများဝယ်ယူရာတွင် ယခင်စျေးနှုန်းအတိုင်း အမြင့်စျေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ call center ၁၅၃၅ ၊ စားသုံးသူရေးရာဦးစီး ဌာန facebook page နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၏ facebook page များသို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

စားအုန်းဆီလက်ကျန်များကို စျေးကွက် အတွင်း လက်ကားရည်ညွှန်းစျေးအပေါ်တွင် အထွေထွေ ကုန်ကျစရိတ်များနှင့် အသားတင် အမြတ်နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် အဆင့်ဆင့် လက်လွှဲရောင်းချ သည့်တိုင်အောင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောစျေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

စားသုံးဆီများကို စျေးကွက်အတွင်း ပြန့် ပြန့်နှံ့နှံ့ရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောစျေးဖြင့် ဝယ်ယူရရှိနိုင်ရန် အသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၊  တိုင်းဒေ သကြီးနှင့် ပြည်နယ်များရှိ စားသုံးဆီ လက်လီ၊ လက်ကားကုန်သည်များနှင့် ဆီအရောင်းဆိုင် များအနေဖြင့် လက်ကားရည်ညွှန်းစျေးနှုန်း ဖြင့် ဝယ်ယူရရှိစေရေးအတွက် စျေးကွက် အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအ သင်းအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက် တွင် “စားသုံးဆီစျေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ် စားလှယ်၊ စားသုံးဆီ တင်သွင်းသောကုမ္ပဏီ များ၏ တာဝန်ရှိသူများ ပါဝင်သော လုပ်ငန်း အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည်။

စျေးကွက်အတွင်း စားသုံးဆီလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ end user  များ ဝယ်ယူရသည့်အချိန်အထိ စျေးနှုန်းကြီး မြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ် သွားရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထား သည်။ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက် နှင့်စျေးနှုန်းဖြစ်ပေါ် မှုများအရ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီတစ် ပိဿာလျှင် ၄၁၅၅ ကျပ်ဖြစ်သည်။

MSME လုပ်ငန်းများ ချေးယူလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေး သည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင် သည့်လုပ်ငန်းများနှင့် ပြည်ပသို့တင်ပို့ရောင်း ချနိုင်မည့် MSME လုပ်ငန်းများ ချေးယူ လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ကြေညာထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့်အ လတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုး တက်စေရန်နှင့် တန်ဖိုးမြှင့်သွင်းကုန်အစား ထိုး ထုတ်လုပ်ရေးလုပ်ငန်းအတွက် တစ်ဖက် တစ်လမ်းမှ အားပေးကူညီလျက်ရှိသည်။

MSME လုပ်ငန်းများ၌ value added production ထုတ်ကုန်များ၊ သွင်းကုန်အစား ထိုးထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ် ငန်းများ ချေးငွေရရှိနိုင်ရေးအတွက် ဆောင် ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ချေးငွေလျှောက်ထားရန် အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့် ဆည်းပေးသည့် လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးနိုင်သည့် လုပ်ငန်းများနှင့် ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည့် လုပ်ငန်းများကို ချေးယူခွင့် ပြုသွားမည်ဖြစ်သည်။

ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်မည် ဖြစ်သည်။ 

ချေးငွေများကို သတ်မှတ်ထားသည့်ချေး ငွေအတွက် အဆိုပြု လျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြုလျှောက် လွှာနှင့်အတူ ပူးတွဲပေးပို့ရန် ဖော်ပြထားသည့် စာရွက်စာတမ်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများ ကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရ သည်။

လျှောက်လွှာများကို ၂၀၂၃ ခုနှစ် စက် တင်ဘာ ၃၀  ရက်အထိ အစိုးရရုံးဖွင့် ရက် များတွင် ရုံးချိန်အတွင်း အောက်ပါနေရာများ၌ လက်ခံသွားမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်း  ချုပ်ရုံး၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူ များအသင်း၊ မြန်မာနိုင်ငံပလတ်စတစ်လုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက် ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန် မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အလှကုန်အသင်း၊ မြန်မာစီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးများကွန်ရက်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်အသင်းရုံးများသို့ လျှောက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent