ဦးနှောက်အကျိတ် ၊ ဦးနှောက်ကင်ဆာ

ဦးနှောက်အကျိတ် ၊ ဦးနှောက်ကင်ဆာ
Published 27 August 2023
(ဒေါက်တာလွင်သန့်)

 အင်္ဂလန်မှ အယ်လာမက်ခရီဒီအသက်(၁၃)နှစ်ဟာ(၂၀၂၂)ဒီဇင်ဘာလမှာညဖက်အိပ်ရာဝင်ပြီးနောက်တစ်နေ့မနက်မှာပြန်မနိုးတော့ပဲ၊အသက်သေဆုံးခဲ့တယ်။ယခင်တုန်းကထူးခြားတဲ့လက္ခဏာဘာတစ်ခုမှမပြပဲရုက်ချည်အိပ်ရာထဲကွယ်လွန်နေတဲ့သမီးကိုတွေ့မြင်ရပြီး၊စစ်ဆေးချက်အရအယ်လာမှာဂလိုင်ရိုဟာ(Glioma)ဖြစ်တဲ့ဦးနှောက်ကင်ဆာဖြစ်ကြောင်းတွေ့ရှိခဲ့ကြတယ်။နောက်ပိုင်းမှာအယ်လာရဲ့မိဘနဲ့မောင်နှမတွေဦးနှောက်အကျိတ်ကင်ဆာသုတေသနရန်ပုံငွေပွဲမှာ(Watch Of Hope )  လမ်းလျှောက်ပွဲတွေမှာတက်ကြွစွာပါဝင်လာပြီး၊အသိပညာပေးမှုတွေမှာလည်းကူညီမှုတွေလုပ်ပေးနေကြတယ်။ဦးနှောက်ကင်ဆာမှာခေါင်းကိုက်တာ၊ရုတ်တရက်တက်တာ၊ပင်ကိုယ်စရိုက်ပြောင်းတာ၊စိတ်ခံစားချက်ပြောင်းတာ၊အနံ့အရသာခံစားမှုပြောင်းတာ၊အမြင်နှစ်ထပ်ဖြစ်တာ၊မှက်ဉာဏ်နဲ့စကားပြောဆိုမှုအပိုင်းပြဿနာရှိလာတာမျိုးတွေ့ကြုံတွေရတယ်လို့သိရှိရပါတယ်။လူထုပညာပေးလှုပ်ရှားမှုတွေပိုလုပ်စေချင်ကယ်လို့ဆိုပါတယ်။

 ဦးနှောက်ကင်ဆာဆိုတာဦးနှောက်ထဲမှာပုံမှန်မဟုတ်တဲ့ကင်ဆာ(malignant tumor)ဆဲလ်တွေပေါက်ဖွားလာတာကိုဆိုလိုတယ်။ဦးနှောက်ကင်ဆာ(၂)မျိုးရှိတယ်။(၁)ပင်မ နောက်လိုက်ကင်ဆာကအဖြစ်နည်းပြီးဦးနှောက်မှာအစပျိုးဖြစ်ပေါ်တယ်။(၂)နောက်ထပ်ဦးနှောက်ကင်ဆာကတစ်နည်းပြန့်ပွါးဦးနှောက်ကင်ဆာလို့လည်းခေါ်ပါတယ်။အခြားခန္ဓာအစိတ်အပိုင်းတွေမှာစဖြစ်ပြီးဦးနှောက်ကိုပြန့်လာပြီးဖြစ်ခြင်းဖြစ်ပါတယ်။သည်အမျိုးစားကပိုဖြစ်တတ်တယ်။

 ဦးနှောက်ကင်ဆာဟာကုလို့ရတဲ့ရောဂါဖြစ်ပြီးစောစောသိခြင်းကအသက်ရှင်သန်နှုန်းကိုမြှင့်တင်ပေးပါတယ်။ဘယ်လိုစစ်ဆေးရမလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

နောက်လိုက်ဦးနှောက်ကင်ဆာကလူကြီးတွေမှာအဖြစ်များပြီး၊ပင်မဦးနှောက်ကင်ဆာကတော့ကလေးနဲ့လူငယ်တွေပုံမှန်အနေနဲ့အသက်(၂၀)အောက်မှာဖြစ်တတ်ပါတယ်။ဦးနှောက်ကင်ဆာဟာကင်ဆာကြောင့်သေဆုံးမှုတစ်ခုထဲကတစ်ခုဖြစ်တယ်။

ဦးနှောက်ကင်ဆာရဲ့လက္ခဏာတွေကခေါင်းကိုက်ခြင်း၊မနက်ပိုင်းမှာကိုက်ခြင်း၊ပျို့ခြင်းနဲ့အန်ခြင်း၊စကာပြောနိုင်မှု၊အကြားအာရုံ(သို့)မြင်နိုင်စွမ်းပြောင်းလဲလာခြင်း၊ကိုယ်ဟန်ချက်မညီခြင်း(သို့)လမ်းလျှောက်မမှန်ခြင်းပြဿနာများစဉ်းစားခြင်း၊(သို့)မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာများ၊အားနည်းသလို၊ခံစားရခြင်း(သို့)အိပ်ငိုက်ခြင်း၊ကိုယ့်စိတ်အနေထား(သို့)အပြုအမူပြောင်းလဲလာခြင်း၊တက်ခြင်း၊သတိလစ် မေ့ မျောသေဆုံးခြင်းတို့ပဲဖြစ်တယ်။အဆိုပါရောဂါလက္ခဏာတစ်ခုခုရှိရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်တယ်။ဆရာဝန်နဲ့ပြသင့်တဲ့အချိန်ကကိုယ့်ရောဂါလက္ခဏာတွေကောင်းလာရင်(သို့)ပိုဆိုးလာရင်၊ကိုယ့်ခေါင်ကိုက်များတာစိပ်လာပြီး၊ကိုယ့်နေ့စဉ်လုပ်ငန်းဆောင်တာကိုထိခိုက်လာရင်၊ကိုယ့်မှာခဏခဏအတက်ရောဂါရှိရင်ဦးနှောက်ကင်ဆာသံသယရှိပါတယ်။

 ဦးနှောက်ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းကအချို့ပင်မဦးနှောက်ကင်ဆာတွေကတော့တစ်ရှူးဆဲလ်တွေမှာသန္ဓေပြောင်းလဲတာကနေ၊ဖြစ်တတ်ကြပါတယ်။ကင်ဆာဆဲလ်ကြီးထွားပြန့်ပွါးမှုနူန်းကိုမြန်စေပါတယ်။ပင်မဦးနှောက်ကင်ဆာ၊အမျိုးအစားများစွာရှိပါတယ်။ပါဝင်တဲ့ဆဲလ်အမျိုးစားပေါ်မူတည်ပါတယ်။နောက်လိုက်ကင်ဆာကတော့အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှကင်ဆာဆဲလ်တွေကဦးနှောက်ဆီကိုပြန်ပွါးရာကနေဖြစ်တတ်ပါတယ်။အရင်ကင်ဆာဖြစ်ဖူးတဲ့သူတွေမှာပိုအဖြစ်များတယ်။ကင်ဆာတိုင်းကဦးနှောက်ကိုပြန့်နိုင်ပေမယ့်၊ရင်သားကင်ဆာ၊အူကင်ဆာ၊ကျောက်ကပ်ကင်ဆာ၊အဆုတ်ကင်ဆာ၊အရေပြားကင်ဆာ(melanoma)တို့မှတစ်ဆင့်ဦးနှောက်ကင်ဆာဖြစ်ပွါးနိုင်ပါတယ်။

 ဖြစ်ပွါးနိုင်ခြေမြင့်မားစေတဲ့အကြောင်းရင်းမှာကိုယ့်အသက်အရွယ်ကကလေးဘဝမှာသာဖြစ်တတ်တဲ့ကင်ဆာတွေရှိပေမယ့်၊ကိုယ့်အသက်ကြီးလေ၊ကင်ဆာဖြစ်နိုင်လေဖြစ်တယ်။ဓာတ်ရောင်ခြည်သင့်ခြင်း၊မိသားစုဝင်မှာဖြစ်ခြင်းတို့ဖြစ်တယ်။

 ရောဂါအဖြေရှာခြင်းကုသမှုမှာဦးနှောက်ဓာက်မှန်(Skull x'ray)စီတီရိုက်ခြင်း(CTscan)အမ်အာအိုင်(MRI)ရိုက်ခြင်းတို့နဲ့တွေ့ရနိုင်တယ်။ဆေးနဲ့လက်တွေ့စစ်ဆေးစမ်းသပ်ခြင်း၊ဦးနှောက်အကျိတ်အသားစ(biopsy)ယူပြီး၊ဦးနှောက်တစ်ရှူးများစစ်ခြင်း၊သံလိုက်ဓာတ်မှန်ရိုက်ခြင်း(MRI)ကနေတိုက်ရိုက်သိနိုင်ပါတယ်။

 ဦးနှောက်ကင်ဆာတွေကုသရာမှာတစ်ခုထက်ပိုပြီးကုသမှုခံယူရနိုင်ပါတယ်။ခွဲစိတ်ခြင်းပြုနိုင်တယ်။ဦးနှောက်ခွဲစိပ်ကုသရာမှာကင်ဆာအမျိုးစားနဲ့နေရာပေါ်မှုတည်ပြီးကင်ဆာအကျိတ်တစ်ခုလုံးကိုထုတ်နိုင်(သို့)မထုတ်နိုင်ဆုံးဖြတ်ရပါမယ်။ခွဲစိတ်ခြင်းဟာကင်ဆာရောဂါအဖြေရှာရာမှာအထောက်ကူပြုပြီး၊ဦးနှောက်တွင်းဖိအားကိုလည်းလျော့ကျစေပါတယ်။

 ဓာတ်ရောင်ခြည်ပေးကုသခြင်းပြုလုပ်နိုင်ပါတယ်။ဓာတ်ရောင်ခြည်အထူးကုတွေကဓာတ်ရောင်ခြည်ပေးခြင်းကိုကင်ဆာကျိတ်အချို့ခွဲထုတ်မရခြင်း(သို့)ကင်ဆာတစ်ခုလုံးခွဲထုတ်မရခြင်း(သို့)ခွဲစိတ်ပြီးဦးနှောက်ကင်ဆာအတွက်တစ်ခါတစ်ရံသုံးတတ်ပါတယ်။

 ကင်ဆာဆေးသွင်း(Chemo therapy)ခြင်းကုသနိုင်ပါတယ်။ကင်ဆာဆေးပေးတာတော့ကင်ဆာကုသရာမှာအသုံးများတဲ့နည်းဖြစ်ပေမယ့်၊ပင်မကင်ဆာတွေမှာမသုံးတတ်ပါဘူး။အတက်ကျဆေးဥပမာပင်နိုင်တိုင်(Phongtoph)လိုဆေးတွေကိုမခွဲခင်နဲ့ခွဲပြီးနောက်အတတ်ရောဂါကာကွယ်ဖို့ပေးတတ်ပါတယ်။ဦးနှောက်တွင်းရောင်ခြင်းအတွက်ဆရာဝန်ကစတီးရွိုက်(Steroid)(သို့)၊ဒက်ဆာ(Dexamethesone)ပေးတတ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများလည်းရှိပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးတွေမှာဦးနှောက်ကင်ဆာကုသရာမှာလိုက်လျောညီ ထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ကိုယ့်မှာဦးနှောက်ကင်ဆာရှိနေရင်၊ကိုယ်နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်နိုင်ဖို့(သို့)ကိုယ့်ကိုယ်အားပေးနိုင်ဖို့ဂရုဏာအဖွဲ့တွေရှာဖွေသင့်ပါတယ်။ကိုယ့်အခြေအနေကိုစောင့်ကြည့်ဖို့ဆရာဝန်နဲ့ပုံမှန်ပြသင့်ပါတယ်။ကိုယ့်မှာရောဂါလက္ခဏာအသစ်တွေပေါ်လာရင်အဆိုပါရောဂါလက္ခဏာတွေမသက်သာရင်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

ကိုယ့်မှာအရင်ကမဖြစ်ဖူး သေးပဲ၊ခုမှဖြစ်တဲ့အတက်(fit)ရောဂါ(သို့)ခေါင်းကိုက်ခြင်းဖြစ်ရင်နောက်ဆက်တွဲရောဂါများကာကွယ်နိုင်ဖို့ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။ကိုယ့်မှာ မေးခွန်းတွေရှိမယ်ဆိုရင်ကိုယ့်အတွက်သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ဆရာဝန်နဲ့ဆွေးနွေးထိုင်ပင်သင့်ပါတယ်။

 ဦးနှောက်အကျိတ်ပုံစံပေါင်း(၁၃၀)လောက်ထိရှိပါတယ်။ယေဘူယျသူတို့စတင်ဖြစ်ပေါ်လာတဲ့ဆဲလ်ပုံစံကိုအစွဲပြုပြီး၊နာမည်ပေးတတ်ကြပါတယ်။ဦးနှောက်အကျိတ်အတော်များများဟာချိုင်ရင့်ဆဲလ်(Giant cells tumor of brain)လို့ခေါ်တဲ့ဦးနှောက်ရဲ့အာရုံကြောဆဲလ် တွေကနေဖြစ်လာတတ်ပါတယ်။အဆိုပါအကျိတ်ကိုဂလိုင်ရိုမား(Glioma)လို့ခေါ်ပါတယ်။

ဦးနှောက်အကျိတ်တွေကိုသူတို့ကြီးပြင်လာတဲ့ဦးနှောက်နေရာတွေကိုအစွဲပြုပြီးတော့လည်းအမည်ပေးလေ့ရှိပါတယ်။ပစ်ကျူထရီဂရင်း(pituitaryglant)မှာဖြစ်တဲ့အကျိတ်(Pituitaryadenoma)လို့ခေါ်ပါတယ်။ဦးနှောက်မြှေးလာဖြစ်လာတဲ့အကျိတ်ကိုမဒ်နယ်ဂျီရိုးမား(memingiome)လို့ခေါ်ပါတယ်။ဦးနှောက်ထဲကိုစင်သွားတဲ့အာရုံကြောတွေမှာပ္ပါးလာရင်နူရိုးမား(Nearoma)လို့ခေါ်တယ်။ဟန်ချက်ညီမျှမှုနဲ့အကြားအာရုံတို့ကိုထိန်းချုပ်တဲ့အာရုံကြောတွေါပေါ်မှာပ္ပါးများရင်တော့(Vestibulas schuoumnoma)(သို့)အကော့တစ်နူရိုးမား(Acoustic Nearoma)လို့ခေါ်တယ်။

 ဦးနှောက်အကျိတ်တွေကိုသူတို့ဘယ်လိုမြန်မြန်ပ္ပါးလဲဆိုတာပေါ်မှုတည်ပြီးရိုးရိုးအကျိတ်လား၊ကင်ဆာလာခွဲနိုင်တယ်။အုပ်စု(၁-၄)ထိရှိပါတယ်။ရောဂါဝေဒပညာရှင်ကဆဲလ်တွေကိုအဏကြည်ကိရိယာနဲ့စစ်ဆေးပါတယ်။ဆဲလ်တွေကပုံမှန်ဖြစ်လေလေဦးနှောက်အကျိတ်ကပိုနှေးနှေးပ္ပါးနိုင်ခြေရှိပြီးအဆင့်နည်းလေဖြစ်တယ်။ပုံသဏ္ဌန်မမှန်တဲ့ဆဲလ်တွေကပ္ပါးကာပိုပြန်ပြီး၊အဆင့်ပိုမြင့်ပါတယ်။အဆင့်နိမ့်တဲ့ဂလိုင်ရိုးမား(Glioma)တွေအဆင့်(၁)နဲ့(၂)ဟာပ္ပါးတာအနှေးဆုံးဖြတ်တဲ့ဦးနှောက်အကျိတ်တွေဖြစ်တယ်။ကိုယ့်မှာရိုးရိုး(သို့)ကင်ဆာအကျိတ်ရှိတယ်လို့ပြောတာကြုံဖူးပါလိမ့်မယ်။အဆင့်နိမ့်တဲ့ဦးနှောက်အကျိတ်တွေကိုရိုးရိုးအကျိတ်လိုသက်မှက်ပြီးအဆင့်မြင့်အကျိတ်တွေကိုတောကင်ဆာအကျိတ်ကိုလို့သက်မှက်ပါတယ်။

 ရိုးရိုးအကျိတ်တွေဟာ၊ကင်ဆာအကျိတ်မဟုတ်ဘူး။သူဟာသူ့အနားကတစ်ရူးတွေနဲ့ခန္ဓာကိုယ်ရဲ့အခြားအစိက်အပိုင်းတွေဆီကင်ဆာလို့ပြန့်ပ္ပါးလေ့မရှိပါဘူး။အခြေအနေအတော်များများမှာရိုးရိုးအကျိတ်တွေရဲ့ပုံစံဟာအတော်ကောင်းမွန်ပါတယ်။ဒါပေမယ့်သူတို့ဟာအရေကြီးအစိတ်ပိုင်းတွေဖြစ်တဲ့သွေးကြောတွေနဲ့အာရုံကြောတွေကိုဖိမိရင်အန္တာရာယ်ရှိလာတက်ပလတယ်။ဒါကြောင့်တစ်ခါတစ်လေကုသမှုလိုအပ်ပြီး၊တစ်ခါတစ်လေကုသဖို့မလိုပါဘူး။

 အကျိတ်ဟာပွါးနှုန်းနှေးပါတယ်။သူ့ကိုဖယ်ထုတ်လိုက်ရင်လည်းပြန်မဖြစ်နိုင်ပါဘူး။ဦးနှောက်ရဲ့အခြားအစိတ်ပိုင်းတွေရောက်သွားနိုင်ပါတယ်။မန်ဒျူလိုဘလတ်စတိုမာ(Mandula blastoma)ဦးနှောက်ငယ်မှာဖြစ်ပွါးတဲ့ဦးနှောက်ဟာဦးနှောက်ကင်ဆာအကျိတ်ဖြစ်တယ်။ကလေးတွေမှာအဖြစ်များပြီး၊ဦးနှောက်ကင်ဆာကျိတ်ဖြစ်ပြီး၊ကလေးတွေမှာလည်းဖြစ်ပွါးတက်တဲ့ဗဟိုနာ့ဗ်ကြောအဖွဲ့အစည်း(CNS)အကျိတ်များရဲ့(၂၀%)၊ဟာအကျိတ်များဖြစ်တယ်။အမေရိကန်မှာဦးနှောက်ကင်ဆာဖြစ်ပ္ပါးမှုဖြစ်စ‌ဉ်အသစ်ဟာနှစ်စဉ်(၂၅၀-၅၀၀)အကြားမှာရှိပါတယ်။

အသက်(၁၆)နှစ်အောက်ကလေးငယ်တွေမှာအဖြစ်အများဆုံးဖြစ်ပြီးရောဂါရှာတွေ့မှုအများဆုံးအသက်အရွယ်မှာ(၅-၉)နှစ်ကြားဖြစ်တယ်။ကြီးကောင်ဝင်စနဲ့လူကြီးအချို့မှာတွေ့ရပါတယ်။ကင်ဆာကုသမှုအနေနဲ့ခွဲစိတ်ကုသခြင်း၊ဓာတ်ရောင်ခြည်ပေး(Radiation)ကုသခြင်း၊ကင်ဆာဆေးသွင်းကုသခြင်း(Chemotherapy)တစ်ခုထက်မကကုသမှုခံယူသင့်ပါတယ်။။

Most Read

Most Recent