သတိ - လိမ်လည်မှုများ၊ အွန်လိုင်းခြိမ်းခြောက်မှုများ ဖြစ်ပွားနေသည်

သတိ - လိမ်လည်မှုများ၊ အွန်လိုင်းခြိမ်းခြောက်မှုများ ဖြစ်ပွားနေသည်
Published 19 August 2023
ဇော်မင်းနိုင်

လက်တလောတွင် မည်သည့်ကဏ္ဍတွင် မဆို လိမ်လည်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ ကားအရောင်းအဝယ်လောက၊ ချေးငွေလုပ် ငန်း အစရှိသည့်နေရာများတွင် လိမ်လည်မှု များဖြစ်ပွားနေခြင်းဖြစ်သည်။

“ ကားကိုကြည့်တယ် ကြိုက်တယ်။စျေး စကားပြော ကားကိုစစ်ရင်း မိနစ်သုံးဆယ်လောက်ကြာသွားတယ်။ ဝှီးတတ်က ပါတယ်၊ အုံနာဘုတ်ကြည့်မယ်ပြောတော့ ပထမသူ့ ဖက်က အိမ်မှာရှိကြောင်း၊အထောက်အထားပြည့်စုံကြောင်း အမျိုးမျိုးပြောလာပါတယ်။ပထမ ကျနော့် (လုံးဝ) မရိပ်မိခဲ့ပါဘူး။သူ့ရဲ့ အပြောအဆို လေယူလေသွေး အမြင့်ဆိုတော့ ကျနော်သူ့ကို အထင်ကြီးနေမိတယ်။ လေးစား မိတုန်းပဲ။စျေးစကား အဆင်ပြေသွားပြီဆို တော့ ကျနော်ညီမတို့အိမ်လိုက်ပြီး အုံနာဘုတ် လေးတချက်ကြည့်မယ် ပြီးရင် တခါတည်းငွေ ချေမယ်ပြောတော့ အဲ့မှာ ဇာတ်လမ်းတွေက စတော့တာပါပဲ” ဟု မော်တော်ယာဉ်ရောင်း ဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည့်  ကိုဘလှိုင်က သူ၏လူမှုကွန်ရက်စာမျက်နှာ တွင်ရေးသားထားသည်။

ယင်းသို့ အုံနာဘုတ်ကို ကြည့်ရှုမည်ဟု ပြောကြားပြီးနောက်တွင် စရန်ကိုသာအရင် ပေးချေခိုင်းကြောင်း၊ ရုံးကတ်နှင့် မှတ်ပုံတင် သာထုတ်ပြပြီး အုံနာဘုတ်တွင် အမျိုးသားဖြစ်သူ၏ အမည်ပေါက်ဖြစ်ကြောင်း ကိုဘလှိုင်က ဆက်လက်ရေးသားထားသည်။“ အိမ်ကလူကို viber ကနေ အုံနာဘုတ် စာမျက်နှာတွေ အခု ဓာတ်ပုံရိုက်ပို့ခိုင်းပါလား ကျနော်ကြည့်ပါရစေပြောတော့ ဖုန်းတွေ ဟိုဆက် ဒီဆက်ထပ်လုပ်ပြတယ်။ဖုန်းပြော နေတဲ့ လေသံကလည်း မြေမထိ၊ မိုးမထိ ပြော နေတာ အကြီးကြီးတွေပဲ။ပြီးတော့ အနားကပ် လာတယ် ကိုဘလှိုင် အဆင်ပြေရင် စရံလေးပဲ ပေးထားပါလားတဲ့၊ တနင်္လာနေ့ အုံနာဘုတ် ပြပေးနိုင်မည်ဖြစ်ကြောင်း၊ သူ့အမျိုးသားက ခရီးထွက်သွားတော့ ဖုန်းလိုင်းမရတာက တကြောင်း သူ့ပိုင်ဆိုင်မှု ဘယ်လိုရှိကြောင်း... အသိုင်းအဝိုင်းက ဘာညာ...အမျိုးမျိုးထပ် ပြောတယ်။အဲ့ဒါဆို တနင်္လာနေ့မှပဲ ပြန်ကြည့် ပြီး ယူပါ့မယ်။ ဝယ်ပေးရမှာမို့ အုံနာဘုတ် မပြနိုင်ရင် စရံပေးလို့ မရကြောင်း ယဉ်ယဉ် လေးပြောပြီး လှည့်ပြန်ခဲ့တယ်” ဟု ကိုဘလှိုင် ကရေးသားထားသည်။

ယင်းသို့ မော်တော်ယာဉ်လာရောက် ရောင်းချသည်ဆိုသည့်အမျိုးသမီးမှာ ယာဉ်မောင်းတစ်ဦးပါကြောင်း၊ နောက်ကွယ်တွင် မည်သည့်အကြောင်းရှိသည်ကိုလည်း မသိရှိ ကြောင်း၊ သို့သော် မော်တော်ယာဉ်ရောင်းချ သည်ဆိုသော်လည်း မော်တော်ယာဉ်နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ပြသ နိုင်ခြင်းမရှိကြောင်း၊ စရန်ငွေကိုသာပေးရန် ပြောကြားကြောင်း ကိုဘလှိုင်က ပြောကြား သည်။

အလားတူ လက်ကိုင်ဖုန်းများကို ဆက်သွယ်ပြီး မည်သည့်ပစ္စည်းလျှော့စျေးဖြင့်ရရှိ မည်၊ မည်သည့်ပစ္စည်း မဲပေါက်သဖြင့် လာယူ ရန်အစရှိသည့် လိမ်လည်မှုများလည်း ခပ် စိတ်စိတ်ဖြစ်ပွားလာသည်ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူများက ပြောကြားသည်။

“ smart watch ကို ကျွန်တော်တို့က အစ်မတို့ကို လျှော့စျေးလေးနဲ့ ပေးမှာ။ အပို ပစ္စည်းကလည်း ဘာပါမယ် ညာပါမယ်ဆိုပြီး ပြောတယ်။ အဲ့ဒါငွေလေးကြိုလွှဲပေးပါဆိုပြီး လာလိမ်တယ်။ မယူသေးဘူးလို့ ပြောတာကို အတင်းဆက်ပြောနေလို့ နင်တို့ဘယ်နှစ် ယောက်ကို လိမ်ပြီးပြီလဲဆိုတော့မှ ဖုန်းချသွား တယ်။ ဖုန်းကို ထပ်ဆက်တော့ မကိုင်တော့ ဘူး” ဟု လိမ်လည်မှုကို ကြုံတွေ့ခဲ့ရသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လိမ်လည်မှုများမှာ ၂၀၁၈ ခုနှစ် နှစ်ပိုင်းများတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင် မရှိ သလောက် နည်းပါးခဲ့ကာ ယခုနှစ်တွင် ပြန် လည်ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။ သို့ သော်အများစုမှာ ယင်းကဲ့သို့လိမ်လည်မှုများ ကို သိရှိလာပြီဖြစ်သဖြင့် လိမ်လည်ခံရမှု နည်း ပါးခဲ့သည်။လတ်တလောတွင် အွန်လိုင်းနှင့် လူမှု ကွန်ရက်စာမျက်နှာများတွင်လည်း လိမ်လည် မှုများဖြစ်ပွားလျက်ရှိသည်။ကိုဗစ်ကူးစက်မှု ပြင်းထန်ခဲ့သည့်အချိန် တွင် အောက်စီဂျင် အရေးတကြီးလိုအပ်သူ များကို လိမ်လည်မှုများလည်း ဖြစ်ပွားခဲ့သည်။အောက်စီဂျင်အိုးများရှားပါးမှု၊ အရည် ဖြည့်တင်းရခက်ခဲမှုများအပေါ် အခွင့်ကောင်း ရယူကာ လိမ်လည်လှည့်ဖြားခြင်းဖြစ်သည်။ငွေကို ကြိုတင်လွှဲခိုင်း၊ မော်တော်ယာဉ် ဖြင့် တင်ပို့ရမည်ဖြစ်သဖြင့် ကားချိန်အမီ ပေး ပို့နိုင်ရန် ကြိုတင်ငွေကို အတင်းလွှဲခိုင်းခြင်း များရှိခဲ့သည်။ “ အဲ့ဒီတုန်းက အောက်စီဂျင်အိုးတွေကို ဓာတ်ပုံရိုက်ပြီး တင်ထားတယ်။ လိုအပ်ရင် မှာနိုင်တယ်ဆိုပြီး စျေးနှုန်းနဲ့ရေးထားတယ်။ စျေးက သက်သာတယ်ဆိုပြီး မှာလိုက်တာနဲ့ ငွေကြိုတင်လွှဲခိုင်းတယ်။ ကြိုတင်ငွေရပြီဆို တာနဲ့ ဖုန်းတွေ၊ ပေ့ချ်တွေကိုဖျက်ပြီး လိမ်သွား  ရော” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။

ကိုဗစ်ကာကွယ်ဆေးများကိုလည်းအတု များထိုးနှံကာ လိမ်လည်မှုများရှိနေသဖြင့် လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိပေးထုတ်ပြန်ချက်များဖြင့် သတိပေးနေ ရသည့်အခြေအနေလည်းဖြစ်သည်။အချို့ဆေးခန်းများတွင် အွန်လိုင်းမှတစ် ဆင့် တရားမဝင်တင်သွင်းသည့် ကိုဗစ်ကာ ကွယ်ဆေးအတုများ ထိုးနှံပေးလျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အချို့သောဆေးခန်းများနှင့် online Clinic များသည် online Facebook Page များမှ တဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID_19 Bivalent Origirnal and Omicron BA4 BA5 ကာကွယ်ဆေးနှင့် Lot No.AS185B(EXP;Date 04 july 2023) Lot No. AS7144B ကာကွယ်ဆေးအတု များကို ထိုးနှံပေးနေကြောင်း သိရှိရသဖြင့် အများပြည်သူသိရှိရှောင်ရှားနိုင်စေရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ယင်းသို့လိမ်လည်ကာ ကိုဗစ်ကာကွယ် ဆေးအတု ထိုးနှံပေးသည့့် ဆေးခန်းများနှင့် online Clinic များကိုမူ ကျန်းမာရေးဝန်ကြီး ဌာနက အမည်များထုတ်ပြန်ကြေညာထား ခြင်းမရှိသေးပေ။ထို့ပြင် လက်ရှိအချိန်တွင် နည်းလမ်း ဟောင်းများကို အသုံးပြုပြီး လိမ်လည်မှုများရှိ သကဲ့သို့ နည်းလမ်းသစ်များဖြင့် လိမ်လည်မှု များ လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။     လိမ်လည်မှုအများစုမှာ အွန်လိုင်းကို အခြေပြုပြီး လိမ်လည်မှုများ၊ ခြိမ်းခြောက်မှု များ ပြုလုပ်လာခြင်းလည်းဖြစ်သည်။ယင်းသို့ကျူးလွန်ခြင်းမှာ ယခု နောက် ပိုင်းတွင် ခပ်စိတ်စိတ်ဖြစ်လာသည့် ဆိုက်ဘာ မှုခင်းများဖြစ်ပြီး ဖုန်းအတွင်း ဆော့ဖ်ဝဲတစ် မျိုးအသုံးပြုကာ ဖုန်းကိုင်ဆောင်သည့် ကာယ ကံရှင်နှင့် ဆက်သွယ်ထားသည့် ဖုန်းနံပါတ် များကို ရယူခြင်းဖြစ်သည်။ယခင်က facebook လူမှုကွန်ရက်စာ မျက်နှာများတွင် K Pay အဆင့်မြှင့်တင်ပေး သည်ဆိုသည့် လိမ်လည်သည့် ပေ့ချ်များရှိခဲ့ သည်။ ကာယကံရှင်မှ မိမိ၏ K Pay ကိုအဆင့် မြှင့်တင်လိုသဖြင့် ယင်းပေ့ချ်ကို ဆက်သွယ်မိ ရာမှ K Pay ထဲရှိ ငွေသားများကို ကျူးလွန်သူ များက ရယူသွားခြင်းဖြစ်သည်။

 “အဲဒီလိုဟာတွေက လူတွေက သိပ်မသိ ကြသေးတဲ့အချိန်။ ကိုယ့် OTP ကုတ်နံပါတ် နဲ့ password ကို သူတို့က လှမ်းတောင်းတယ်။ ပေးလိုက်မိတော့ ကိုယ့် K Pay အကောင့်ထဲ ကိုဝင်လို့ရသွားတဲ့အချိန် အကောင့်ထဲမှာရှိတဲ့ ငွေတွေကို တခြားအကောင့်ထဲကို ယူသွားတာ ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်း ရင်းနဲ့ ငွေကို ထုတ်သွားတာ။ အဲဒီတုန်းက ဘယ်လောက်အထိ အတင့်ရဲသလဲဆို ဘဏ် က တာဝန်ရှိသူဆိုပြီး ဖုန်းဆက်ပြီး အကောင့် ကို အဆင့်မြှင့်ပေးမယ်ဆိုပြီး လိမ်ကြတယ်” ဟု အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

လိမ်လည်ခံရမှု များလာသည့်နောက် ပိုင်းတွင် ပုဂ္ဂလိကဘဏ်များက အသိပေးခြင်း များကို ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ သည်။

ယခုနောက်ပိုင်းတွင် ငွေကြေးအခက်အ ခဲကြုံတွေ့နေရသူများကို ပစ်မှတ်ထားပြီးခြိမ်း ခြောက်ခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဗန်းပြကာ ဘဏ်အကောင့်ရယူခြင်းများကို လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။လူမှုအခက်အခဲများတွင် ငွေရေးကြေး ရေးအခက်အခဲမှာ လတ်တလောတွင် လူအ များအကြား ထိပ်ဆုံးတွင်ရှိနေသည့်အခြေအ နေလည်းဖြစ်သည်။ ယင်းအချက်ကို အခွင့် ကောင်းယူကာ လိမ်လည်သူများက ချေးငွေရ ယူနိုင်သည်ဆိုသည့် ပေ့ချ်များထောင်၍ လိမ် လည်နေခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဥညူငညန မှ အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အွန်လိုင်း လိမ်လည်မှု ၅၂၆ မှု ဖြစ်ပွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုက်ဘာပြစ်မှု များဆိုင်ရာ တိုင်ကြားချက်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၅၅၇ မှု၊ ၂၀၂၁ ခုနှစ်တွင် ၂၄၇ မှု၊ ၂၀၂၂ ခုနှစ်တွင် ၄၅၄ မှု ဖြစ်ပွားခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ၄၈၅၀၊ မလေးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၀၆၆၅၂ မှု ဖြစ်ပွားခဲ့သည်။  စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာမှုခင်းဆိုင်ရာ တိုင် ကြားလာမှု ၃၃၆၉ မှုဖြစ်ပွားခဲ့ပြီး ဆိုက်ဘာ မှုခင်းအများစုသည် အွန်လိုင်းလိမ်လည်မှု များဖြစ်သည်။ စင်ကာပူတွင် အမှုများ၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန် ဒေါ်လာ ၅၁၁ ဒသမ ၃ သန်း ငွေကြေးဆိုင်ရာ လိမ်လည်ခံခဲ့ရသည်။

ထို့ပြင် ကုမ္ပဏီဝန်ထမ်းက ကုမ္ပဏီ၏ ငွေကြေးများကို လိမ်လည်သွားခြင်းကြောင့် ဆုကြေးငွေထုတ်ပြန်ကာ သိရှိပါက အ ကြောင်းကြားရန် အသိပေးထုတ်ပြန်ခြင်းများ လည်းရှိနေသည်။

အလားတူ ပုဂ္ဂလိကဘဏ်များ၏ အမည် နှင့် အမှတ်တံဆိပ်များကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေသဖြင့် ဘဏ်များက သတိပေးချက်များ ထုတ်ပြန် လျက်ရှိသည်။

ဘဏ်ခွဲအများဆုံးနှင့် အသုံးပြုသူအများဆုံးဖြစ်သည့်ဘဏ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကမ္ဘောဇဘဏ်က မသမာသူများသည် ကမ္ဘောဇဘဏ်အဖြစ် ဟန်ဆောင်ကာ ဘဏ်လုပ်ငန်းဆိုင်ရာ အရေးကြီးအချက်အလက်များကို ခိုးယူနိုင်ရန် သံသယဖြစ်ဖွယ်ရာ Link များပါဝင်သော စာတိုများကို SMS မှ ဖြစ်စေ Social Media Channels တို့မှတစ်ဆင့် ပေးပို့၍ လိမ်လည်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့လိမ်လည်မှုများကို ရှောင်ရှားနိုင်ရန် SMS မှတစ်ဆင့် အခြားသူများမှ ပေးပို့လာသည့် သံသယဖြစ်ဖွယ်ရာ Link များနှင့် အပလီကေးရှင်းများသို့ ဝင်ရောက်ခြင်း မပြုရန်လိုအပ်ကြောင်း၊ အဆိုပါ Link နှင့် အပလီကေးရှင်းများအတွင်းသို့ ဝင်ရောက်မိပါက မိမိတို့၏ m/iBanking username နှင့် password၊ PIN နံပါတ်များအပါအဝင် အခြားအရေးကြီးအချက်အလက်များကို ဖြည့်သွင်းခြင်း လုံးဝမပြုလုပ်ရန်လိုအပ်ကြောင်း၊ ဘဏ်ဝန်ထမ်းများအနေဖြင့် Customer များ၏ OTP နှင့် PIN နံပါတ်များကို မည်သည့်အကြောင်းနှင့်မျှ တောင်းခံခြင်းမရှိကြောင်း၊ သံသယတစ်စုံတစ်ရာရှိပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲ သို့မဟုတ် ပိတ်ရက်မရှိ ဖုန်းခေါ်ဆိုနိုင်သည့် KBZ Bank Call Center ၀၉-၉၅၁၀၁၈၅၅၅ သို့ ဆက်သွယ်အတည်ပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီဘဏ်ကလည်း “ဧရာဝတီဘဏ်ရဲ့ Official Facebook Page မှာ AYA Bank ဆိုတဲ့ စာလုံးနဲ့အတူ Blue Mark လေးပါပါတယ်။ Blue Mark မပါတဲ့ AYA Bank နာမည်နှင့်ဆင်တူရိုးမှား Facebook Page၊ Website၊ Email တွေကနေ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးအချက်အလက်၊ ဘဏ်စာရင်းအချက်အလက်တွေကို တောင်းလာရင် မပေးလိုက်ဖို့ အသိပေးချင်ပါတယ်” ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် အသေးစားစက်မှုလုပ်ငန်းများကို ချေးငွေများ ထုတ်ချေးလျက်ရှိသည့် SME-Devlopment ဘဏ်ကလည်း ယခုလတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် SME-Devlopment Bank အမည်ကိုအသုံးပြုပြီး သတင်းအတု၊ Page အတုများဖြင့် လူကြီးမင်းတို့ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ဆင်တူယိုးမှားပြုလုပ်ပြီး လိမ်လည်ငွေကြေး တောင်းခံခြင်းများရှိပါက လုံးဝမယုံကြည်ကြပါရန်နှင့် အဆိုပါ Page များသည် SME-Devlopment နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်ဟု ထုတ်ပြန်ကြေညာထားသည်။ 

အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာမ လုံလောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုများ၏ နောက်ဆက်တွဲအဖြစ် လိမ်လည်မှုများမှာ ပိိုု မိုများပြားလာနိုင်မည့်အခြေအနေလည်းရှိ နေသည်။ ယင်းကြောင့် လိမ်လည်မှုများကို သတိထားရန် ရှောင်ရှားရန်လိုအပ်လာနေပြီ လည်းဖြစ်သည်။

 

Most Read

Most Recent