အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က လေကြောင်းနယ်ပယ်တွင် မြန်မာနိုင်ငံသားများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် လေယာဉ်မောင်းသင်တန်းအပါအဝင် လေကြောင်းနယ်ပယ်နှင့်သက်ဆိုင်သည့်သင်တန်းများ ဖွင့်လှစ်ရန်စီစဉ်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က လေကြောင်းနယ်ပယ်တွင် မြန်မာနိုင်ငံသားများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် လေယာဉ်မောင်းသင်တန်းအပါအဝင် လေကြောင်းနယ်ပယ်နှင့်သက်ဆိုင်သည့်သင်တန်းများ ဖွင့်လှစ်ရန်စီစဉ်
Published 19 August 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က လေကြောင်းနယ်ပယ်တွင် မြန်မာနိုင်ငံသားများအလုပ်ကိုင်အခွင့်အလမ်းရရှိစေရန် လေယာဉ်မောင်းသင်တန်း အပါအဝင် လေကြောင်းနယ်ပယ်နှင့် သက်ဆိုင်သည့် သင်တန်းများဖွင့်လှစ် ရန်စီစဉ်နေကြောင်း  သတင်းရရှိသည်။

“(MAI) လေကြောင်းလိုင်းက မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းဖြစ်တဲ့ အားလျော်စွာ စတင်တည်ထောင်ချိန်ကစ၍ လေကြောင်းလိုင်းရဲ့ ဝင်ငွေရရှိရေးအရှုံး၊ အမြတ်ကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ခရီးသည်များ လုံခြုံစိတ်ချအေးချမ်းစွာ လိုရာခရီးရောက်ရှိရေးအတွက် ဦးစားပေး ပျံသန်းခဲ့တဲ့လေကြောင်း လိုင်းတစ်ခုဖြစ်ပါတယ်။ (MAI) အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်နဲ့ ပြည်တွင်းရေး မငြိမ်သက်မှုများ ကြုံတွေ့ခဲ့ချိန်မှာတောင် ခရီးစဉ်တွေ ရပ်နားခဲ့ခြင်းမျိုးမရှိဘဲ ခရီးစဉ်တွေကို စဉ်ဆက်မပြတ် ပျံသန်းပေးခဲ့ပါတယ်။ ဒါ့အပြင် (MAI)က လေကြောင်းနယ်ပယ်မှာ မြန် မာနိုင်ငံသားတွေအလုပ်ကိုင်အခွင့်အလမ်းရရှိစေရန် လေယာဉ်မောင်းသင်တန်း အပါအဝင် လေကြောင်းနယ်ပယ်နှင့် သက်ဆိုင်သည့် သင်တန်းများဖွင့်လှစ် ရန်စီစဉ်နေပါတယ်။ မကြာခင်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်” ဟု MAI & AirKBZလေကြောင်းလိုင်းမှ ဦးတင်မောင်သန်း (Director of Corporate Affairs) က ပြောကြားခဲ့သည်။                 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) စတင်တည်ထောင်ခဲ့သည့် နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပခဲ့ပြီး မိတ်ဖက်ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)၏ နှစ် ၃ဝပြည့် နှစ်ပတ်လည်အခမ်းအနားအား သြဂုတ် ၁၅ ရက်က Lotte Hotel ၏ Crystal Ballrom ၌ ပြုလုပ်ခဲ့ပြီး လေကြောင်းနှင့် ဆက်စပ်သည့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ (MAI) လေကြောင်းလိုင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပနိုင်ငံများရှိ (MAI) နှင့် မိတ်ဖက်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ (MAI) လေကြောင်းလိုင်းက မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းဖြစ်တဲ့ အားလျော်စွာ စတင်တည်ထောင်ချိန်ကစ၍ လေကြောင်းလိုင်းရဲ့ ဝင်ငွေရရှိရေး အရှုံး၊ အမြတ်ကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ခရီးသည်များ လုံခြုံစိတ်ချအေးချမ်းစွာ လိုရာခရီးရောက်ရှိရေးအတွက် ဦးစားပေး ပျံသန်းခဲ့တဲ့လေကြောင်း လိုင်းတစ်ခုဖြစ်ပါတယ်။ (MAI) အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်နဲ့ ပြည်တွင်းရေး မငြိမ် သက်မှုများ ကြုံတွေ့ခဲ့ချိန်မှာတောင် ခရီးစဉ်တွေ ရပ်နားခဲ့ခြင်းမျိုးမရှိဘဲ ခရီးစဉ်တွေကို စဉ်ဆက်မပြတ် ပျံသန်းပေးခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ရောဂါကူးစက်မြင့်မားနေချိန် ကာလမှာတောင် (MAI) လေကြောင်းလိုင်းအနေနဲ့ အကျိုးအမြတ်ကို မကြည့်ဘဲ ပြည်ပမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားများ အမိ နိုင်ငံကိုချောမွေ့စွာ ပြန်လည်ရောက်ရှိစေဖို့ Relief Flight တွေကို အခက်အခဲပေါင်းများစွာထဲက မရပ်မနား ပျံသန်းပေးခဲ့တာဖြစ်ပါတယ်” MAI & AirKBZလေကြောင်းလိုင်းမှ ဦးတင်မောင်သန်း (Director of Corporate Affairs) က ပြောကြားခဲ့သည်။               

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) အနေဖြင့် ပြည်တွင်းပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲသည့် လုပ်ငန်းတစ်ခုတည်းသာမက လေယာဉ်ဖြင့် ခရီးသွားသည့် ခရီးသည်များအား လေယာဉ်ပေါ်တွင် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များဖြင့် နှင့် ဧည့်ခံကျွေးမွေးနိုင်ရန်MAI Inflight Catering Services နှင့် Myanmar Auspicious Life Bakery & Kithchen  လုပ်ငန်းကိုပါဆောင်ရွက်လျက် ရှိသည့်အပြင် Aviation နယ်ပယ်တွင် မြန်မာနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကိုရည်ရွယ်ပြီး လေယာဉ်မောင်း သင်တန်းနှင့်အတူ Aviation နှင့် သက်ဆိုင်သည့် လုပ်ငန်း အမျိုးအစားအလိုက် သင်တန်းများကိုပါ ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent