ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် နေ့စဉ် လူမှုဘဝအတွက် ဝန်ထုပ်ဝန်ပိုး

ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် နေ့စဉ် လူမှုဘဝအတွက် ဝန်ထုပ်ဝန်ပိုး
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဆန်နှင့်ဆီ တန်းစီဝယ်ယူနေသူများကို သြဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဆန်နှင့်ဆီ တန်းစီဝယ်ယူနေသူများကို သြဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 13 August 2023

လတ်တလောလူအများအကြားတွင် ရေပန်းစားနေသည့်အကြောင်းအရာသည် အထွေထွေကုန်စျေးနှုန်းများအကြောင်းပင် ဖြစ်သည်။

တစ်ရက်ထက် တစ်ရက် တစ်ပတ်ထက်တစ်ပတ် မြင့်တက်နေသည့် ကုန်စျေးနှုန်းများ  ကြောင့် အခြေခံပြည်သူများအကြားတွင်လည်း ညည်းညူမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ဟု ဆိုရမည်ဖြစ်သည်။

“ကုန်စျေးနှုန်းက စျေးမသွားရဲအောင် ကိုဖြစ်နေတယ်”ဟု ရန်ကုန်မြို့ဆင်ခြေဖုံးမြို့ နယ်တစ်ခုရှိ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

အခြေခံလူတန်းစားများ၏ စားသုံးကုန် ဟု ဆိုရမည့် ဧည့်မထဆန်ကြမ်းစျေးနှုန်း သည် နေရာဒေသပေါ်မူတည်ပြီး တစ်အိတ် လျှင် အနည်းဆုံး ခုနစ်သောင်းကျော်မှ စတင် ပေး ဝယ်ရသည့် အခြေအနေလည်း ဖြစ်နေသည်။

“တချို့နေရာတွေမှာ ခုနစ်သောင်း ကျော်၊ တချို့ဆိုင်တွေမှာ ခုနစ်သောင်းသုံး ထောင်လောက်ရှိတယ်” ဟု အဆိုပါအိမ်ရှင် မက ပြောကြားသည်။

ဆန်စျေးနှုန်းများမှာလည်း တစ်ပတ် အတွင်းမှာပင် စျေးနှုန်းများမြင့် တက်လာ သည်ဟု ဆန်ရောင်းဝယ်ရေးပြုလုပ်သည့် ဆိုင်ပိုင်ရှင်အချို့က ပြောကြား သည်။

“စျေးက အမြင့်ပဲရှိနေတယ်။ ကိုယ်က အရင်စျေးနဲ့ဝယ်ထားရင် သွားဝယ်လိုက်ရင် အရင်းပျောက်သွားရော။ စျေးက အကျမရှိ ဘူး။ အတက်ချည်းပဲ ဖြစ်နေတယ်။ စျေးကျ ရင်လည်း နည်းနည်းလောက်ပဲကျတယ်။ တက်ရင်တော့ အနည်းဆုံးတစ်အိတ်ကို နှစ် ထောင်လောက် တက်တယ်” ဟု ဆန်အ ရောင်းဆိုင်တစ်ဆိုင်က ပြောကြားသည်။

သြဂုတ် ၁၂ ရက်တွင် စျေးကွက်အတွင်း ဆန်စျေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းတစ် အိတ်လျှင် ကျပ်တစ်သိန်းခွဲသို့ ရောက်ရှိလာ ပြီး ဆန်ကြမ်းများဖြစ်သည့် ဧည့်မထဆန် အုပ်စုဝင်များသည် အနည်းဆုံး ခုနစ်သောင်း ကျပ်သို့ ရောက်ရှိလာသည်ဟု သိရသည်။

 “ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို တစ် သောင်းလောက်တက်သွားတယ်။ ရက် ၉၀ လို ဆန်မျိုးက အခု ရှစ်သောင်းဖြစ်နေတယ်။ ရွှေဘို မဂျမ်းတောဆိုရင် တစ်ပြည်ကို ခြောက်ထောင်ဖြစ်နေတယ်” ဟု ဆန်အရောင်း ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ရက် ၉၀၊ ဆင်းသွယ်၊ ဇီယာအစရှိသည့် ဆန်များမှာ ဧရာဝတီကဲ့သို့ အောက်ပိုင်းဒေ သများတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ရွှေ ဘိုပေါ်ဆန်းကဲ့သို့ ဆန်မျိုးသည် နေရာဒေသ ပေါ်မူတည်ပြီးမှသာ စိုက်ပျိုးနိုင်သည်။

 “ရွှေဘိုက လုံးဝကို မကျတာ။ ရွှေဘိုမှာ တောင် ရက် ၉၀ ရှိတယ်။ အဲဒီကောင်က ဆန် ချောထဲမှာတော့ ပါတယ်။ ဒါပေမဲ့ နည်း နည်းအကြမ်းပေါ့။ အဲဒီကောင်က ရွှေဘို အ ထိုင်စျေးတင် အနည်းဆုံး ရှစ်သောင်းမှာရှိ တယ်” ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြော ကြားသည်။

ဆန်ကြမ်းအုပ်စုဝင်များဖြစ်သည့် ရက် ၉၀၊ ဆင်းသွယ် အမျိုးအစားဆန်များမှာ လည်း တစ်အိတ်လျှင် ရှစ်သောင်းဖြစ်လာပြီး ယင်းဆန်များကို ရွှေဘိုပေါ်ဆန်းနှင့် ရော နှောစားသောက်သည်ဟု ဆန်ရောင်းဝယ်သူ များက ပြောကြားသည်။

 “ဆင်းသွယ်တို့၊ ရက် ၉၀ တို့ဆိုတာဆန် ကြမ်းထဲမှာမှ အနူတောမှာ လူချောလို့ ပြော လို့ရတယ်။ ရွှေဘိုနဲ့လည်း ရောလို့ရတယ်။ သူ့ထက်နိမ့်တဲ့ ဆန်ကြမ်းနဲ့လည်း ရောလို့ရ တယ်။ အခုကတော့ ရွှေဘိုနဲ့ အဲဒီကောင်တွေ ကို ရောနှောပြီးတော့ ချက်ကြတယ်” ဟု ၎င်းင်း ကဆက်လက်ပြောကြားသည်။

ဆန်စျေးနှုန်းများ မြင့်တက်နေသည် ဆိုသော်လည်း အခြားသောကုန်ပစ္စည်းစျေး နှုန်းများမှာလည်း နှစ်ဆနီးပါး မြင့်တက်လာ သည်ကို တွေ့ရသည်။

 “ဆန်က လူတွေနေ့တိုင်းစားနေကြ တော့ စျေးအတက်အကျသိကြတယ်။ ဥပမာ ပြောရရင် ရွှေဘိုပေါ်ဆန်း တစ်ပြည်ကို သုံး ထောင်ပဲရှိတဲ့အချိန်တုန်းက ငှက်ပျောသီး တစ်ဖီးက ၁၅၀၀၊ ၂၀၀၀ ပဲရှိတယ်။ အခုရွှေ ဘို ပေါ်ဆန်းခြောက်ထောင်ဖြစ်တဲ့အချိန်မှာ အခု တစ်ဖီးကို ၃၅၀၀ လောက်ဖြစ်သွား တယ်။ ဇီယာတစ်ပြည်ကို ၁၅၀၀ ဖြစ်တဲ့အ ချိန်တုန်းက ပန်းသစ်တော်သီးတစ်လုံးကို ၁၅၀၀ ရှိတယ်။ အခု ဇီယာတစ်ပြည်ကို ၃၀၀၀ ဖြစ်တဲ့ အချိန်မှာ ပန်းသစ်တော်သီးက နှစ်ဆမတက်ဘဲနဲ့ သုံးဆလောက်တက်သွား တယ်။ ဒါတွေ က စျေးနှုန်းတွေ ဘယ်လိုဖြစ် နေလဲဆိုတာ သိသာစေတယ်” ဟု ဆန် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက နှိုင်းယှဉ် ပြောကြားသည်။

ထို့ပြင် မီးဖိုချောင်တွင် အဓိက လိုအပ် သည့် ကုန်စည်တစ်ခုဖြစ်သည့် စားသုံးဆီ စျေးမှာလည်း ပြင်ပတွင် ၉၅၀၀ ကျပ်အထိ ရောက်ရှိနေသည်ဟု စျေးကွက်အတွင်းမှ သိ ရသည်။

 “စားအုန်းဆီက ၉၅၀၀။ ဒါကိုတောင် စျေးပဲရှိတာ။ ပစ္စည်းမရှိဘူး။ တခြားဟင်းသီး ဟင်းရွက်ဆီဖြန့်တဲ့ ကုမ္ပဏီတချို့ဆို အ ရောင်းမဖြန့်ဘူး။ ပစ္စည်းမချဘူး။ စျေးတော့ ဖွင့်ထားတယ်။ မှာလို့မရဘူး” ဟု စား သောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင်တစ် ဆိုင်မှ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကျပ်နှစ်သောင်းတန်ထုတ်ဝေမည်ဆို သည့်သတင်း ထုတ်ပြန်ကြေညာသည့်အချိန် တွင် ငွေလဲနှုန်းများ မြင့်တက်လာခဲ့ပြီးနောက် အများပြည်သူသုံးစွဲလျက်ရှိသည့် ဆေးဝါး များမှာလည်း စျေးနှုန်းများ မြင့်တက်လာခဲ့ သည်။

ဇူလိုင်လကုန်ပိုင်းတွင် ဆေးဝါးစျေး နှုန်းများသည် ယခင်စျေးနှုန်းများထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည် ဟု ဆင် ခြေဖုံးမြို့နယ်ရှိ ဆေးအရောင်းဆိုင် အချို့က ပြောကြားသည်။

 “ဆေးတွေက စျေးတက်ကုန်တယ်။ တ ချို့ဟာတွေက ဝယ်မရတာတွေလည်းရှိ တယ်။ တချို့ကလည်း ထုတ်မရောင်းဘဲအ ခြေအနေ စောင့်ကြည့်နေတာတွေလည်းရှိ တယ်” ဟု ဆေးဝါးအရောင်းဆိုင်တစ်ဆိုင်က ပြောကြားသည်။

အများပြည်သူများ၏ အခြားသောအ ခြေခံစားသောက်ကုန်စျေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။

 “ဆန်တွေဆီတွေ စျေးတက်မယ်ကြား တာနဲ့ ကိုယ့်မှာ လက်ကျန်ပိုက်ဆံလေးတွေ စုပြီးတော့ မီးဖိုချောင်အတွက် လိုအပ်တဲ့ဆီနဲ့  ဆန်ကို အပြေးအလွှားသွားဝယ်လိုက်တယ်။ ဒါပေမဲ့ ဆန်ဆိုင်အချို့မှာတော့  လာဝယ်တဲ့ သူ နည်းပါးတာကိုတွေ့ရတယ်။ ဒါပေမဲ့ ဆန် စျေးက အရင်ကတည်းက တောက်လျှောက် တက်နေတာ။ အခြေခံလူတန်းစားတွေစား တဲ့ဆန်တောင် တစ်ပြည်ကျပ် ၃၄၀၀ နဲ့ တစ် အိတ်ကို ၈၀၀၀၀ ကျော်နေပြီ။ ဝယ်မစုနိုင် ကြဘူးလေ။ လူလတ်တန်းစားက တစ်ပြည် ၄၅၀၀ တန် စားမယ်ဆိုရင် တစ်သိန်းကျော် နေပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆန်တစ် အိတ်စျေးနှုန်းက အခု ဆန်ခြောက်ပြည်စျေး နှုန်းနဲ့ အတူတူဖြစ်နေပြီ”ဟု မြောက်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

အခြားသော စားသောက်ကုန်စျေးနှုန်း များဖြစ်သည့် ကော်ဖီမစ်၊ အကြော်စုံ၊ မုန့် ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်/ကြာဆံကြော်၊ ကြေးအိုး၊ ထမင်း နှင့် ဟင်း၊ ဒံပေါက်၊ လက်ဖက်ရည် /ကော်ဖီ၊ ရေခဲမုန့်စသည်ဖြင့် ကုန်စည်များအားလုံး သည်လည်း အခြားသော ကုန်စည်များနည်း တူ စျေးတက်လျက်ရှိသည်။

 “လူနှစ်ယောက် လက်ဖက်ရည်သောက် ရင် ဘာမှမစားဘဲ ဆေးလိပ်ပဲ သောက်ရင် တောင် ငါးထောင်တန်ကို ဘယ်လောက်မှ မပိုတော့ဘူး။ အနည်းဆုံး ကျပ်သုံးထောင် လောက်ကတော့ ကုန်တယ်” ဟု သာကေတ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စားသုံးသူစျေးဆနှုန်း အခြေအနေ

၂၀၂၂-၂၀၂၃ ပထမသုံးလပတ်ဖြစ် သည့် ၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအတွင်း စား သုံးသူစျေးဆနှုန်း (CPI) ၁၉၉ ဒသမ ၅၀ ၊ ဒုတိယ သုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင် ဘာအထိ စားသုံးသူစျေးဆနှုန်း (CPI)၂၂၁ ဒသမ ၇၃ ၊ တတိယသုံးလပတ်ဖြစ်သည့်  အောက်တိုဘာမှ ဒီဇင်ဘာအတွင်း စားသုံး သူစျေးဆနှုန်း (CPI)၂၄၄ဒသမ ၉၄၊ စတုတ္ထ သုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စားသုံးသူစျေးဆနှုန်း (CPI) ၁၇၆ ဒသမ ၅၉ ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

သုံးလပတ်စာရင်းများအရ စတုတ္ထသုံး လပတ်အတွင်း အထွေထွေကုန်ပစ္စည်းအုပ် စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း  ၂၀၁ ဒသမ ၂၀၊ ဒုတိယ သုံးလပတ်အတွင်း ၂၃၁ ဒသမ ၁၂၊ တတိယ သုံးလပတ်အတွင်း ၂၅၉ ဒသမ ၈၉၊ စတုတ္ထ သုံးလပတ်အတွင်း ၂၁၄ ဒသမ ၈၃ ဖြစ်ပေါ်ခဲ့သည်။ ယင်းအုပ်စု တွင် ဆံပင်ညှပ်ခ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊  ခေါင်းလျှော်ရည်၊ မုတ်ဆိတ်ရိတ်ဓား၊ ထီး အစရှိသဖြင့် အထွေထွေကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

သယ်ယူပို့ဆောင်ရေးအုပ်စု၏စျေးဆ နှုန်းမှာ ပထမသုံးလပတ်အတွင်း  ၁၈၇ ဒသမ ၄၅၊ ဒုတိယသုံးလပတ်အတွင်း၂၀၀ ဒသမ ၁၂၊ တတိယသုံးလပတ်အတွင်း ၂၁၁ ဒသမ ၇၃၊ စတုတ္ထသုံးလပတ်အတွင်း ၂၁၂ ဒသမ ၀၆ ဖြစ်ပေါ်ခဲ့သည်။

စက်သုံးဆီစျေးနှုန်းများကို လေ့လာ ကြည့်ပါက ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၂၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၁၉၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်  ၁၉၈၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် ဒီဇယ်တစ်လီတာ လျှင် ကျပ် ၂၁၀၀၊ အောက်တိန်း92 တစ် လီ တာလျှင် ကျပ်၂၁၀၀၊ အောက်တိန်း 95 တစ်လီ တာလျှင် ၂၁၉၅ ကျပ်အထိ ဖြစ်ပေါ် ခဲ့သည်။

အစားအစာအုပ်စု၏ စျေးဆနှုန်းသည် ပထမသုံးလပတ်အတွင်း၂၁ဝဒသမ ၀၇၊ ဒု တိယသုံးလ ပတ်အတွင်း၂၃၈ ဒသမ ၇၈၊ တ တိယ သုံးလပတ်အတွင်း ၂၆၆ ဒသမ ၁၄၊ စတုတ္ထ သုံးလပတ်အတွင်း ၁၇၅ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

ကျန်းမာရေးအုပ်စု၏ စျေးဆနှုန်းသည်  ပထမသုံးလပတ်အတွင်း ၂၀၁ ဒသမ ၆၂၊  ဒုတိယသုံးလပတ်အတွင်း၂၁၃ ဒသမ ၈၈၊ တတိယ သုံးလပတ်အတွင်း ၂၃၄ ဒသမ ၆၃၊ စတုတ္ထ သုံးလပတ်အတွင်း ၁၇၈ ဒသမ၅၀ ဖြစ်ပေါ်ခဲ့သည်။ ကျန်းမာရေးအုပ်စုတွင်ပါ ဝင်သည့် ဆေးစျေးနှုန်း၊ ဆေးရုံဆေးခန်းများ ၏ စမ်းသပ်ခ၊ ဆေးရုံစရိတ်စကများလည်း မြင့်တက်လျက်ရှိသည်။

အဝတ်အထည်အုပ်စု၏ စျေးဆနှုန်း မှာ ပထမသုံးလပတ်အတွင်း ၁၄၅ ဒသမ ၀၈၊ ဒုတိယ သုံးလပတ်အတွင်း ၁၅၂ ဒသမ ၆၄၊ တတိယ သုံးလပတ်အတွင်း ၁၆၉ ဒသမ ၅၇၊ စတုတ္ထ သုံးလပတ်အတွင်း ၁၄၄ ဒသမ ၀၄ ဖြစ်ပေါ်ခဲ့သည်။

ဆက်သွယ်ရေးအုပ်စု၏ စျေးဆနှုန်း သည် ပထမသုံးလပတ်အတွင်း  ၁၀၄ဒသမ ၂၅၊  ဒုတိယ သုံးလပတ်အတွင်း ၁၀၅ ဒသမ ၀၆၊ တတိယ သုံးလပတ်အတွင်း ၁၀၆ ဒသမ ၉၃၊ စတုတ္ထသုံးလပတ်အတွင်း ၁၂၂ ဒသမ ၈၀ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက် ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆ နှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန် လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ တွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၆၁ ဒသမ ၃၃ ရှိခဲ့သည်။ ဇွန်တွင် ၁၆၀ ဒသမ ၉၈  ရှိခဲ့ပြီး ဒီဇင်ဘာတွင် ၁၆၂ ဒသမ ၉၄ ဖြစ် ပေါ် ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်း လဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ် ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစား အစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန် ထားခဲ့သည်။

လက်ရှိအချိန်တွင်မူ စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်လျက် ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး    ဌာနမှ သိရသည်။ စားသုံးသူစျေးဆနှုန်းCPIကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်း လဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်း တာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက် ရာတွင် အဓိကအသုံးပြုသည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုအခြေအနေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံး လပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင် နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း annual rate of inflation  မှာ ၁၈ ဒသမ ၄၅  ရာခိုင်နှုန်းဖြစ်ပြီး နှစ် အလိုက်ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၈ ဒသမ ၄၆ ရာခိုင် နှုန်းဖြစ်သည်။ ဒုတိယသုံးလပတ်အတွင်း  ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း annual rate of inflation မှာ ၂၇ ဒသမ  ၉၈  ရာ ခိုင်နှုန်းဖြစ်ပြီး  နှစ်အလိုက် ငွေကြေးဖောင်းပွ မှုနှုန်း year on year inflation မှာ ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်။ တတိယသုံး လပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေး ဖောင်းမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်း ရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။ စတုတ္ထသုံးလ ပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၀ ရာခိုင် နှုန်းရှိသည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီတွင် ၂ ဒသမ ၆၁ ရာခိုင် နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီ တွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင် နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဇူလိုင် တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ ဒသမ  ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီတွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင် နှုန်း၊ မေတွင် ၁၁ ဒသမ ၇၉ ရာခိုင် နှုန်း၊ ဇွန် တွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ ဖြစ်ပေါ် ခဲ့သည်။

ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီ၏ တာဝန်များ

ပြည်သူများ၏ စားဝတ်နေရေးပြေ လည်မှုကို ရှေးရှု၍ အခြေခံစားသောက်ကုန် စျေးနှုန်းများ အပါအဝင် ကုန်စျေးနှုန်း တည် ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် ပြည်   ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဇူလိုင် ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သ တင်းထုတ်ပြန်သည်။

ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ် ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိ ယဝန်ကြီးတို့က တာဝန်ယူမည်ဖြစ်သည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန် များတွင် အခြေခံစားကုန်ပစ္စည်းများဖြစ် သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံး ကုန် ပစ္စည်းများ စျေးနှုန်းများတည်ငြိမ်ရေးကို ဦး စားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန် ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် လိုအပ် သော ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့ အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်နှင့် ကုန် ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူ စရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့် များပြား ခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ် စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ဆိုသည့် အချက်များ ပါဝင်သည်။

ထို့အတူ ကုန်စည်စီးဆင်းမှု မှန်ကန် စေရေးနှင့် လုံလောက်စွာ ဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်း ပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်း များ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လို အပ်လျှင် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်း ပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်စျေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အဓိကဖြစ်သော လယ်ယာ ကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လိုအပ်သော ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးခြင်း စ သည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများ ဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး^ ပြည်နယ်အစိုးရအဖွဲ့များမှ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် နည်းလမ်းများ ရှာဖွေပြီး အောင်မြင်အောင် အကောင်အ ထည်ဖော်ဆောင်ရွက်သွားရန် အချက်များ ကိုလည်း ထည့်သွင်းထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စျေးနှုန်းမြင့်တက်ခြင်း၊ စျေးကစားခြင်းနှင့် စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက် ထားရန်ဆိုသည့်အချက်ကိုလည်း ထည့် သွင်းထားကြောင်း သိရသည်။

လက်ရှိတွင် လယ်ယာလုပ်ငန်းအတွက် အထွေထွေသွင်းအားစုများ၏ စျေးနှုန်းများ မြင့်တက်နေမှု၊ ဇန်နဝါရီမှ မတ်လအတွင်း ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းအထိ  မြင့်တက်မှုများက ကုန်စျေး နှုန်းတည်ငြိမ်ရေးကော်မတီအတွက် စိန်ခေါ် မှုများဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။

“ ဆန်စျေးနှုန်းက အရင်နှစ်တွေတုန်းက လည်း ဒီကာလဆိုရင် စျေးနည်းနည်းတက် နေတဲ့အချိန်။ အခုကတော့ အရင်တုန်းက တက်တယ်ဆိုတဲ့နှုန်းထက်ကို ပိုများနေ တယ်” ဟု ဆန်အရောင်းဆိုင်ပိုင်ရှင်တစ်ဦး က သူ၏ အတွေ့အကြုံကို ပြောကြားသည်။

ဆန်၊ ဆီအစရှိသည့် အခြေခံစား သောက်ကုန်စျေးနှုန်းများ မြင့်တက်နေမှုမှာ အခြေခံလူတန်းစားများအတွက် ကြီးမား သည့်အခက်အခဲတစ်ခုဖြစ်သည်။ လုပ်ခလ စာစျေးနှုန်းများ တိုးမြှင့်မရရှိသည့်အချိန် တွင် ကုန်စျေးနှုန်း၏ ဒဏ်မှာ ရိုက်ခတ်မှုပြင်း ပြင်းထန်ထန်ရှိနေပြီး အဆိုပါကုန်စျေးနှုန်း ကို ကျဆင်းရေးနှင့် တည်ငြိမ်မှုရှိရေးမှာ အဓိ က ဖြေရှင်းရမည့် အခြေအနေလည်းဖြစ် သည်။

“ စျေးတွေကလည်း တက်တယ်။ အဲဒီ ထက်ဆိုးတာက စျေးမငြိမ်တာပဲ။ ဒီနေ့ ပစ္စည်းကုန်လို့ သွားဝယ်ရင် အရင်းပါပြုတ် ကုန်တယ်။ စျေးက အတက်ချည်းပဲဖြစ်နေ တယ်။ အဲဒါကို တည်ငြိမ်အောင်လုပ်ပေးစေ ချင်တယ်” ဟု ဆန်အရောင်းဆိုင်ပိုင်ရှင်တစ် ဦးက ပြောကြားသည်။