ယခုနှစ်များအယ်နီညိုရာသီဥတုဖြစ်စဉ်အားကောင်းခဲ့ပါတယ်။ ကမ္ဘာ့သမုဒ္ဓရာများရဲ့ရေမျက်နှာပြင်အပူချိန်စံချိန်တင်ခဲ့ကာ ကမ္ဘာ့ရာသီဥတု၊ ပင်လယ်နေသတ္တဝါများရဲ့အသက်ရှင်နေထိုင်မှုနဲ့ကမ်းရိုးတန်းလူနေမှုအသိုင်းအဝိုင်းများအပေါ်သက်ရောက်မှုများနဲ့ပတ်သက်လို့စိုးရိမ်မှုများမြင့်တက်လျက်ရှိပါတယ်။
သမုဒ္ဓရာများရဲ့အပူချိန်ဟာဇူလိုင် ၃၀ ရက်မှာ ၂၀ ဒသမ ၉၆ ဒီဂရီဆဲလ်စီယပ်အထိမြင့်တက်ခဲ့တယ်လို့ဥရောပသမဂ္ဂရာသီဥတုလေ့လာစောင့်ကြည့်ရေးအချက်အလက်များဖော်ပြထားပါတယ်။ ယခင်အပူချိန်အမြင့်ဆုံးစံနူန်း (၂၀၁၆ ခုနှစ် မတ်လ)ကဖြစ်ပြီးအပူချိန်ဟာ ဒီဂရီဆဲစီးယတ်စ်ဖြစ်တယ်လို့အီးယူရဲ့ကိုပါနီကပ်(Copernicus)ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရှိနေမှုပြောရေးဆိုခွင့်ရှိသူတစ်ဦးကဩဂုတ် ၄ ရက်မှာ AFPP သတင်းကိုပြောကြားခဲ့ပါယ်။စစ်ဆေးထားတဲ့နမူနာများမှာဝင်ရိုးစွန်းဒေသများကိုချန်လှပ်ထားခဲ့တယ်လို့ဆိုပါတယ်။
မတူညီတဲ့အချက်အလက်များကိုအသုံးပြုတဲ့အမေရိကန်အမျိုးသားအဏ္ဏဝါနဲ့လေထုစီမံခန့်ခွဲရေး (NOAA) က မကြာသေးမီလများအတွင်းအလားတူဦးတည်ရာတစ်ခုကိုမှတ်တမ်းတင်ခဲ့တယ်။ ယခုနှစ်ဧပြီ ၄ ရက်ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ၂၁ ဒသမ ၀၆ ဒီဂရီဆဲလ်ဆီယပ်အထိရောက်ရှိခဲ့ပြီးယခင်စံချိန်ဖြ စ်တဲ့ ၂၀၁၆ ခုနှစ်မတ်လကအပူချိန် ၂၁ ဒသမ ၀၁ ဒီဂရီဆဲစီးယပ်စံချိန်ကိုကျော်လွန်ခဲ့တယ်လို့ဆိုပါတယ်။ ဩဂုတ် ၁ရက်မှာပျမ်းမျှအပူချိန်ဟာ ၂၁ ဒသမ ၀၃ ဒီဂရီဆဲလ်စီးယက်ရှိတယ်ဆိုပါယ်။
သမုဒ္ဓရာများမှာ စက်မှုခေတ်ရဲ့အစပိုင်းအချိန်ကတည်းကလူသားများရဲ့လုပ်ဆောင်မှုမှထွက်ရှိတဲ့ပိုလျှံတဲ့အပူရဲ့ ၉၀ ရာခိုင်နှုန်း ကိုစုပ်ယူကြတယ်လို့သိပ္ပံပညာရှင်များကဆိုပါတယ်။ သမုဒ္ဓရာအပူလှိုင်းဟာ အချို့ရေနေသတ္တဝါတို့အသက်ရှင်နေထိုင်မှုကိုချက်ချင်းခြိမ်းခြောက်လျက်ရှိတယ်လို့ဗြိတိန်နိုင်ငံလိဒ် Leed တက္ကသိုလ်၊ နိုင်ငံတကာရာသီဥတုဆိုင်ရာစင်တာမှ"မိုင်ရာဖော်စကာ"ကပြောကြားခဲ့ပါတယ်။
သမုဒ္ဓရာအပူလိုင်းတိုက်ရိုက်ရလဒ်အဖြစ်ဖလော်ရီဒါမှာ သန္တာကျောက်တန်းများပျက်သုဉ်းပြီးနောက်ထပ်သက်ရောက်မှုများရှိနေလိမ့်မယ်လို့ခန့်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်။ သမုဒ္ဓရာများမှာ အပူလွန်ကဲမှုဟာအချို့မျိုးစိတ်တို့ရဲ့ရွှေ့ပြောင်းနေထိုင်မှုနဲ့ကျူးကျော်မျိုးစိတ်များပျံ့နှံ့မှုအပါအဝင်အဏ္ဏဝါအပင်များနဲ့တိရစ္ဆာန်များအပေါ်အခြားအကျိုးသက်ရောက်မှုများရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ သည့်အတွက်ငါးတည်ရှိမှုကိုခြိမ်းခြောက်နိုင်ပြီးကမ္ဘာ့နေရာအချို့မှာစားနပ်ရိက္ခာဖူလုံမှုကိုထိခိုက်စေနိုင်ပါတယ်။
ပူနွေးတဲ့သမုဒ္ဓရာများမှာလည်း ကာဗွန်နိုင်အောက်ဆိုဒ် CO2 ကိုစုပ်ယူနိုင်စွမ်းနည်းပါးပြီးကမ္ဘာကြီးပူနွေးလာမှုရဲ့ဆိုးရွားတဲ့သံသရာစက်ဝန်းကိုအားဖြည့်ပေးလျက်ရှိပါတယ်။ အယ်နီညိုရာသီဥတုဖြစ်စဉ်စတင်ချိန်ကတည်းကအပူချိန်ပိုမိုမြင့်တက်ဖွယ်ရှိပြီး၊ရေမျက်နှာပြင်ဟာပိုမိုပူနွေးလာဖွယ်ရှိနေပါတယ်။
သိပ္ပံပညာရှင်များကမူ လက်ရှိအယ်နီညိုရဲ့အဆိုရွားဆုံးသက်ရောက်မှုများကို ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာခံစားရမှာဖြစ်ပြီးလာမယ့်နှစ်တွေမှာဆက်လက်ကြုံတွေ့ခံစားရဖွယ်ရှိတယ်လို့ခန့်မှန်းထားပါတယ်။မြောက်အတ္တလန္တိတ်ရှိရေမျက်နှာပြင်အပူချိန်ဟာ လွန်ခဲ့တဲ့သီတင်းပတ်က ၂၄ ဒသမ ၉ ဒီဂရီဆဲလ်စီယပ်စ်ထိစံချိန်တင်မြင့်တက်ခဲ့တယ်လို့ (NOAA) က ထုတ်ပြန်တဲ့အချက်အလက်မှာ ဖော်ပြထားပါတယ်။
တကယ်ကမ်းရာသီဥတုဖောက်ပြန်မှုနဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှအပူချိန်စံချိန်သစ်တင်နိုင်ကြောင်းရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေကပြောပါတယ်။ ပြောရရင်ယခုနှစ်နှောင်းပိုင်းမှာကမ္ဘာဟာပူနွေးတဲ့အယ်နီညိုရာသီဥတုပုံစံကိုပြန်လည်ရောက်ရှိမယ်လို့သိပ္ပံပညာရှင်ကဆိုပါတယ်။
အယ်နီညိုကြောင့် အီ ကွေတာတစ်လျှောက်အနောက်ဘက်ကိုရွေ့လျားတဲ့လေများဟာနှေးကွေးကာပူနွေးလာပြီးအရှေ့ဘက်စီးဆင်းတဲ့သမုဒ္ဓရာရေစီးကြောင်းများ အပူချိန်မြင့်တက်လာတတ်ပါတယ်။ အယ်နီညိုဟာပုံမှန်အနေနဲ့ကမ္ဘာအဆင့်စံချိန်တင်အပူချိန်တွေဖြစ်ပေါ်မှုနဲ့ဆက်စပ်နေပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှာ အပူချိန်စံချိန်တင်မြင့်တက်နိုင်ကြောင်း သိပ္ပံပညာရှင်တို့ကပြောကြားခဲ့ပါတယ်။
တောမီးလောင်ကျွမ်းမှုနဲ့ စက်ရုံအလုပ်ရုံတွေ၊ မော်တော်ယာဉ်တွေဆီကထွက်ရှိတဲ့မီးခိုးတွေကြောင့်လေထုညစ်ညမ်းလာပြီးနေ့အပူချိန်မြင့်မားတဲ့နွေကာလအခြေအနေမျိုးကနှလုံးကျန်းမာရေးအတွက်အထူးအန္တရာယ်များစေတယ်လို့တရုတ်သိပ္ပံပညာရှင်ကဆိုပါတယ်။
အပူချိန်မြင့်မားမှုနဲ ့လေထုညစ်ညမ်းမှုပေါင်းလိုက်တဲ့အခါလူတစ်ဦးကိုနှလုံးရောဂါခံစားရနိုင်ခြေနှစ်ဆပိုတိုးသွားတယ်လို့ဆွန်ယက်ဆင်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးတွဲဖက်ပါမောက္ခယွီဝေလီဆိုပါတယ်။ ၂၀၁၅-၂၀၂၀ ကြားတရုတ်နိုင်ငံကျန်စုပြည်နယ်မှာနှလုံးတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၀၂၀၀ ကျော်ရှိထားခဲ့တဲ့အချက်အလက်တွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။ ယခုလေ့လာမှုကြောင့်ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အပူချိန်မြင့်မားမှု၊ အယ်နီညိုရာသီဥတုပြောင်းလဲမှု တွေကြောင့်နှလုံးထိခိုက်မှုဖြစ်နိုင်ခြေဆက်စပ်မှုတွေလေ့လာနိုင်ခဲ့ပြီး ကျန်းမာရေးအသိသတိနဲ့နေထိုင်ခြင်းကအသက်အန္တရာယ်ကြိုတင်ကာကွယ်ပြီးသားဖြစ်စေမယ်လို့ယွီဝေလီကဆိုပါတယ်။
ဖြစ်ပေါ်နေတဲ့ရာသီဥတုပုံစံတွေအရနွေရာသီနှောင်းပိုင်းမှာအယ်နီညိုအခြေအနေကိုပြန်ရောက်သွားဖွယ်ရှိပြီး ယခုနှစ်ကုန်မှာအားကောင်းတဲ့အယ်နီညိုဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့သိရပါတယ်။ ယခုအချိန်အထိ ကမ္ဘာ့အပူဆုံးနှစ်အဖြစ်စံချိန်တင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ပြင်းထန်တဲ့အယ်နီညိုဖြစ်စဉ်နဲ့တိုက်ဆိုင်နေပေမယ့်ရာသီဥတုပြောင်းလဲမှုတွေမရှိဘဲ မကြာသေးမီနှစ်တွေအတွင်း ပြင်းထန်တဲ့အပူချိန်တွေဖြစ်ပေါ်ခဲ့ပါတယ်။
အမေရိကန်ပင်လယ်သမုဒ္ဒရာလေ့လာစူးစမ်းမှုအဖွဲ့ရဲ့ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ ရာသီဥတုဆိုးရွားဖောက်ပြန်မယ့်အခြေအနေမျိုးဖြစ်နိုင်ခြေနည်းတယ်လို့နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုးကားပြီး မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်ကပြောကြပါတယ်။ လက်ရှိဖြစ်နေတဲ့လာနီညာရာသီဥတုဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ပြီးဆုံးနိုင်တာဖြစ်ပြီး အစွန်းရောက်ရာသီဥတုတွေဖြစ်တဲ့လာနီညာ၊ အယ်နီညိုတို့မဟုတ်တဲ့ပုံမှန်ရာသီဥတုမျိုးသာဖြစ်နိုင်တယ်လို့ဆိုပါတယ်။လာနီညာက ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိဖြစ်ခဲ့တယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာပုံမှန်နီးပါးပြန်ဖြစ်သွားတယ်။လာနီညာပြန်ကောင်းလာတဲ့ အမေရိကမှာ အအေးပိုကာ နိုင်ရာဂါရေတံခွန်ကြီးရေခဲသွားတာ၊မြို့တွေဒေသတွေမှာဆီးနှင်းတွေမတရားကျဆင်းလို့လမ်းပန်းဆက်သွယ်ရေး၊အတားအဆီးဖြစ်တာတွေအအေးပိုတာ၊ အအေးလှိုင်းတွေဖြတ်တာတွေအချိန်အခါမဟုတ်မိုးများတာတွေဖြစ်တတ်တယ်ဆိုခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကုန်အထိ ဆက်ဖြစ်ပြီး ပုံမှန်ရာသီဥတုမျိုးပုံစံဖြစ်နိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်အပူချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ များလည်းမများလွန်း၊ နည်းလည်းမနည်းလွန်းခန်မှန်းခဲ့တယ်။ ဒါပေမဲ့ အယ်နီညိုက ဝင်လာခဲ့တယ်။
တရုတ်နိုင်ငံမှာသဘာဝဘေးအန္တရာယ်ကြောင့်သေဆုံး (သို့မဟုတ်) ပျောက်ဆုံး ၁၄၇ ဦးရှိလာပြီလို့တရုတ်နိုင်ငံကဆိုပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့်သေဆုံး ((သို့မဟုတ်) ပျောက်ဆုံး ၁၄၇ ဦးရှိတယ်လို့ဩဂုတ် ၄ ရက်ကဆိုပါယ်။ ဂျပန်နဲ့တရုတ်နိုင်ငံဟာစံချိန်တင်အပူလှိုင်းဖြတ်သန်းမှုမှ လူသေဆုံးမှုများရှိတဲ့မိုးရွာသွန်းမှုများအထိ မကြာသေးမီလများအတွင်းအလွန်ဆိုးရွားတဲ့ရာသီဥတုဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဇူလိုင် ၂၈ ရက်ကတရုတ်ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုင်ဖွန်းဒေါဆူရီကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အဆိုပါရွာသွန်းမှုဟာမှတ်တမ်းစတင်ကောက်ယူခဲ့တဲ့နှစ်ပေါင်း ၁၄၀ အတွင်းအပြင်းထန်ဆုံးစံချိန်တင်ခဲ့တယ်ဆိုပါတယ်။
ဇူလိုင်လအတွင်းရေကြီးမှု (သို့မဟုတ်) ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များကြောင့်သေဆုံးသူ (သို့မဟုတ်) ပျောက်ဆုံးသူ ၁၄၂ ဦးရှိတယ်လို့တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုပါတယ်။ ကျန်ရှိနေတဲ့သေဆုံး၊ ပျောက်ဆုံးသူများဟာမိုးခေါင်မှုလိုအခြားသဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်တယ်ဆိုပါတယ်။နေအိမ် ၂၃၀၀ ကျော်ပျက်စီးခဲ့ပြီး တရုတ်စီးပွားရေးနစ်နာဆုံးရှုံးမှုတန်ဖိုးဟာ ၁၅ ဒသမ ၈ ဘီလျံယွမ်၊ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံပမာဏရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပီကင်းနဲ့အနီးဝန်းကျင်ပြည်နယ်တွေမှာ အစောပိုင်းထုတ်ပြန်တဲ့သေဆုံးသူစုစုပေါင်းအရေအတွက်ဟာ ၂၀ ထက်မနည်းရှိတယ်လို့နိုင်ငံပိုင်သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါဒေသမှာဆင်ခြေဖုံးများနဲ့ကျေးလက်ဒေသတွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်ရွှံ့နွံထူထပ်တဲ့အပျက်အစီးများကိုရှင်းလင်းခဲ့ရပါတယ်။အေအက်ပီသတင်းဌာနကဓာတ်ပုံများအရတီပေပြည်နယ်ကျိုကျိုးမြို့ရှိဈေးဆိုင်များနဲ့စည်ကားခဲ့တဲ့လမ်းများဟာအညိုရောင်မြစ်ရေများဖုံးလွှမ်းခဲ့ပြီး အနီးဝန်းကျင်ရှိလယ်ယာမြေများမှာရေများနစ်မြုပ်လျက်ရှိကာတွေ့ခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားများကရေနစ်မြုပ်နေတဲ့နေအိမ်တွင်းရှိပိုင်ဆိုင်မှုများကိုချန်မထားလိုတဲ့ (သို့မဟုတ်)အချက်အလက်မထားနိုင်တဲ့ဒေသခံများအတွက်လှေများအသုံးပြုကာ ခေါက်ဆွဲထုပ်များ၊ပေါင်မုန့်နဲ့သောက်သုံးရေတို့လိုက်လံဝေငှနေတယ်လို့အေအက်ပီသတင်းအဖွဲ့ကတွေ့မြင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်မှာမိုခါ(Mo Cha)မုန်တိုင်းဒဏ်ခံကြရပြီး ယခုအချိန်အထိ ရခိုင်ပြည်နယ်မှာနေရာပြန်လည်ချထားရေးများပြီးပြည့်စုံအောင်မဆောင်ရွက်နိုင်သေးပါဘူး။ ပါကစ္စတန်နဲ့အိန္ဒိယကိုတိုက်ခတ်သွားတဲ့မုန်တိုင်းကြောင့်လည်းပါကစ္စတန်နဲ့အိန္ဒိယမှပြည်သူများရေကြီးးရေလျှံ၊မြေပြိုမှုဒဏ်နဲ့မုန်တိုင်းဒဏ်အလူးအလဲခံစားနေကြရတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းဟိမဝန္တာမှာမြေပြိုမှုတစ်ခုကြောင့်ဈေးဆိုင်များနစ်မြုပ်သွားပြီးလူ သုံးဦးသေဆုံးကာ ၁၆ ဦးပျောက်ဆုံးခဲ့ရပါတယ်။မြန်မာနိုင်ငံမှာလည်းသံတွဲမြစ်၊ဘီးလင်းမြစ်တို့မကြုံစဖူးရေကြီးမှုကြောင့်သံတွဲနဲ့ဘီလင်းမြို့ပေါ်ရှိမြေနိမ့်ဒေသများရေနစ်မြုပ်သွားခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာနှမ်းများ၊ စိုက်ပျိုးထားသည်များပျက်စီးကုန်ပါတယ်။ ရေနံချောင်းမှာတော့ မိုးခေါ်ငါးရံ့မင်းပရိတ်ရွတ်နေရတာ၊မိုးခေါ်လွန်ဆွဲပွဲတွေပြုလုပ်နေတာမြင်ကြရပြန်ပါတယ်။