နည်းလမ်းရှာရတော့မည့် စာအုပ်အရာင်းဆိုင်များ၏ စျေးကွက်အခြေအနေ  

နည်းလမ်းရှာရတော့မည့် စာအုပ်အရာင်းဆိုင်များ၏ စျေးကွက်အခြေအနေ  
Published 13 August 2023
ကြယ်စင်ဖေသင်

(၁)

အိုင်တီနည်းပညာအရှိန်အဟုန်ဖြင့်အင်အားကြီးလာနေသည့် ယနေ့အင်တာနက်ခေတ်တွင် စာအုပ် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများသည် အခြေအနေမကောင်းတော့။တရုတ်နိုင်ငံတွင်လည်း စာအုပ်ထုတ်ဝေရေးလုပ်ငန်းများသည်ကြီးမားသောစိန်ခေါ်မှုများကိုရင်ဆိုင်နေ ရ ကြောင်း လေ့လာမှုများ ဖော်ပြ နေ သည်။  အွန်လိုင်းဂိမ်းဆော့ခြင်း၊ ဗီဒီယိုဇာတ်လမ်းတိုများကြည့်ရှုခြင်း၊ အွန်လိုင်းရောင်း ဝယ်ရေး လုပ် ဆောင်ခြင်းစသည့်မျိုးစုံသောအကြောင်းများကြောင့် စာအုပ်ပုံနှိပ် ထုတ်ဝေ ရေး လုပ်ငန်းများ၏ အနာဂတ်အလားအလားများမှာ အမှန်ပင် မှေးမှိန်လာခဲ့ကြပြီဟု ကျွမ်းကျင်သူများက ဆိုကြသည်။ 

(၂)

စာအုပ်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကျဆင်းလာမှုသည် စာအုပ်အရောင်းဆိုင်များ၏ ရုပ်ပိုင်းဆိုင်ရာယိုယွင်းလာမှုကိုဦးတည်လာခဲ့ပြီး နောက်ဆုံးဆိုင်များပိတ်သိမ်းသည်အထိအခြေအနေဆိုးများ ဖြစ်လာခဲ့ သည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ စာအုပ်၊ စာစောင် ဖြန့်ချိရေးလုပ်ငန်းအဖွဲ့က ပြုလုပ်သည့် စစ်တမ်းအစီရင်ခံစာအရ ၂၀၂၂နှစ်ဝက်ကာလအတွင်း တရုတ်နိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်တည်ရှိနေသည့် စာအုပ်ဆိုင် ၉၉၄ ဆိုင်များ၏ ၉ ဒသမ ၅၆

ရာခိုင်နှုန်းသည် ဝင်ငွေမရှိခဲ့ကြောင်း၊  ၃၂ ဒသမ ၀၉ရာခိုင်နှုန်းသည် ယွမ်ငွေတစ်သိန်းအောက်၌သာ ဝင်ငွေရှိခဲ့ကြောင်းဖော်ပြထားသည်။ ဂျပန်နိုင်ငံရှိ စာအုပ်အရောင်းဆိုင်များ၏အခြေအနေမှာ တရုတ်နိုင်ငံနှင့်မတူပေ။ ဂျပန်လူမျိုးများသည်လည်း စမတ်ဖုန်းများကို ပိုမိုအသုံးပြုလာနေကြဖြစ်သဖြင့်ဂျပန်ပြည်တွင်းစာအုပ်ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း များမှာ အခက်အခဲများရှိလာနေသည့်တိုင် ဂျပန်နိုင်ငံရှိစာအုပ်အရောင်းဆိုင်များသည် တရုတ်နိုင်ငံကဲ့သို့  

  ဆိုးရွားသောအခြေအနေသို့ မရောက်သေးဟု ဆိုကြသည်။ 

(၃)

တိုကျိုမြို့ရှိလယ်ရှိ ဂျင်းဘော့ဂျော့ (Jinbocho) အရပ်သည် ဂျပန်နိုင်ငံ နိုင်ငံတွင်း၌သာမက အခြားနိုင်ငံများအထိပါ ကျော်ကြားသည့် စာအုပ်ဈေးကွက်ဒေသတစ်ခုဟုဆိုသည်။ ထိုနေရာရှိ စာအုပ်အရောင်းဆိုင်များ၏ သုံးပုံတစ်ပုံခန့်တွင် ရှေးဟောင်းရှားပါးစာအုပ်များ ရောင်းချလျက်ရှိပြီး ရှေးဟောင်းစာအုပ်၊ရှားပါး စာအုပ်များ ကိုစိတ်ဝင်စား သူများ လာရောက်တတ်သည့်    နေရာလည်း ဖြစ် သည်၊၊  ထိုနေရာ၌စာအုပ်ဆိုင်ပေါင်း၂ဝဝကျော်ရှိ ပြီး အများစုသည်စာအုပ်စာ

ပေစိတ်ဝင်စားသူများကို ဆွဲဆောင်နိုင်နေဆဲဖြစ်သည်။ ၎င်းတို့ထဲတွင် နန်းယိုးဒ (Nanyoda) စာအုပ်ဆိုင်ဆိုလျှင်အင်္ဂတေ ကိုင်ထား သည့်သေတ္တာနှင့်တူသည့် အပြင် အဆင် များ ဖြင့်ပြုလုပ်ထားပြီး ဗိသုကာအနုပညာ စာအုပ်များ ရရှိနိုင်သည့်သေး ငယ် သောနေရာ တစ်ခု ဖြစ် သည်။ အိုယာ ရှောဘော (Ohya Shobo )စာအုပ်ဆိုင်တွင်မူ ဂျပန်ရှေးဟောင်း ရှားပါး စာအုပ်များနှင့် အချိန် ကာလ ကြာမြင့်ပြီဖြစ်သည့်ဂျပန်ရှေးဟောင်း မြေပုံများ ကို လည်း တွေ့ နိုင် သည်။ အုချိရာမ  ရှောတန် (Uchiyama Shoten) စာအုပ်ဆိုင်သည်လည်း ဂျင်းဘော့ဂျော့ (Jinbocho ) အရပ်တွင် ရာစုနှစ် တစ်ခု ကြာရပ် တည်နိုင်ခဲ့ သည့် ဆိုင်ဖြစ် ပြီး ယခုအချိန် အထိ တရုတ်ယဉ်ကျေးမှုနှင့် ပတ်သက်သည့် စာအုပ်များကို ရောင်းချနေဆဲ ဖြစ်သည်။ 

(၄)

 ယခုအချိန်အခါတွင် ကမ္ဘာ့နိုင်ငံအ‌တော်များများတွင် စာအုပ်ရောင်းဝယ်ရေးတစ်ခုတည်းဖြင့် အလုပ်ဖြစ် သည့် နေရာတစ်ခု အဖြစ် တည်တံ့ရေးမှာမလွယ်ကူတော့။ဂျပန်နိုင်ငံ၊ တိုကျိုရှိ ဂျင်းဘော့ဂျော့ အရပ်တွင်မူ စာအုပ်စာပေ စိတ်ဝင်စား သူ များပြားနေဆဲဖြစ်ပြီး စာဖတ်ယဉ် ကျေးမှု ခိုင်ခိုင် မာမာဖြစ်တည်နေဆဲဖြစ်သောကြောင့် အခြေ အနေကောင်းနေသည်။ တရုတ်နိုင်ငံ အခြေစိုက် အန်ဘောင်း (ANBOUND) အဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ ဂျင်းဘော့ဂျော့ရှိစာအုပ်ဆိုင် များကို လာရောက်ကြသည့် စာပေစိတ်ဝင်စားသူများမှာ အသက်အရွယ်အုပ်စုမျိုးစုံ ပါဝင်ပြီး ဂျပန်နိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ပါဝင်နေသည်။ အထူးသဖြင့် နိုင်ငံခြားပညာသင်အများအပြားသည် ၎င်းတို့လိုအပ်သောစာအုပ်များ ရှာဖွေရန်နှင့် သုတေသနပြုလုပ်ရန် လာရောက်ကြကြောင်း သိရှိရသည်။ ဤသို့ဖြင့်  တိုကျိုရှိ ဂျင်းဘော့ဂျော့အရပ်၏ ဂုဏ်သတင်းသည် ကမ္ဘာအရပ်ရပ်သို့ပင်  ပျံ့နှံ့ရောက်ရှိနေသည်ဟုဆိုသည်။ 

(၅)

ဂျပန်နိုင်ငံ၊ ဂျင်းဘော့ဂျော့အရပ်ရှိ စာအုပ်အရောင်းဆိုင်ဈေးကွက်အခြေအနေကို တရုတ်နိုင်ငံအပါအဝင် အခြား သောနိုင်ငံများရှိ စာအုပ်ဆိုင်ရှင်များ၊စာအုပ်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ က လေ့လာသင့်သည်။   နိုင်ငံတစ်နိုင်ငံတွင် စာအုပ်စာပေနှင့်ပတ်သက်၍ စိတ်ဝင်စားသူဦးရေနည်းပါး လာခဲ့ ပါ က  မကြာမီ စာအုပ်ပုံနှိပ်ထုတ်ဝေရေးနှင့် စာအုပ်ဆိုင်ဈေးကွက်ပျက်စီးမှုများ ကြုံတွေ့လာ ရနိုင် ပေ သည်။ သို့သော် အဆိုးထဲမှအကောင်း၊ခက်ခဲမှုများကြားထဲမှ အခွင့်အလမ်းများရှိလာ နိုင်သည်ဟုလည်း ထောက်ပြကြသည်။အင်တာနက်အွန်လိုင်းအသုံးပြုမှုကြီးထွားလာခြင်းသည် စာအုပ်ဆိုင်များ ၏ ရပ် တည်မှုအတွက်ခက်ခဲမှုဖြစ်လာ စေသော်လည်း စာအုပ်ဆိုင်များ၏ကောင်းသတင်းများ၊ ရရှိနိုင်သည့် စာအုပ် များနှင့်ပတ်သက်၍ သတင်း အမျိုးမျိုး ကို လူသိများစေရန် အင်တာနက် အသုံး ပြု၍ စာအုပ်ဆိုင် ဈေးကွက်ချဲ့ထွင်ရေးကိုလည်းလုပ်ဆောင်နိုင်ကြောင်းသတိပြုသင့်သည်။စာအုပ်အရောင်းဆိုင်၏ ကောင်း သတင်း များလူအများကြား ပိုမိုပျံ့နှံလာ သည် နှင့် အမျှ စာအုပ်ဆိုင်ဈေးကွက် ချဲ့ထွင်မှု သည်လည်း  ယခင်က ထက်ပို၍အားကောင်းလာနိုင်သည်။ပြည်တွင်း ပရိဿတ်များကိုသာမက  နိုင်ငံတကာမှ စာဖတ် ပရိဿတ် များကိုပါ  ဆွဲဆောင်လာ နိုင်ပေ လိမ့် မည်။ 

(၆)

လက်ရှိတွင် တရုတ်နိုင်ငံရှိ စာအုပ်အရောင်းဆိုင်များနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများသည် ဘေဂျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော တက္ကသိုလ်များရှိသည့် မြို့များကိုပစ်မှတ်ထားဆွဲဆောင်နိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြသည်။ သို့သော်အားထုတ်နေရင်းမှာပင် ကျောင်းသားများအပါအဝင် လူငယ် များသည်  သတင်းအချက်အလက်ရရှိရေးအတွက် အွန်လိုင်းကို ပိုမိုအသုံးပြုလာကြသောကြောင့် တရုတ်နိုင်ငံရှိ စာအုပ်အရောင်းဆိုင်စျေးကွက်များသည် လျင်မြန်သောနှုန်းဖြင့် တဖြည်းဖြည်းကျုံ့လာနေကြသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံရှိ စာအုပ်အရောင်းဆိုင်စျေးကွက်များ ရပ်တည်နိုင်မှု အားနည်းလာနေစဉ် ဂျပန်နိုင်ငံရှိ ဂျင်းဘော့ဂျော့ အရပ်ရှိ စာအုပ်ဆိုင်ဈေးကွက်သည် တိုကျိုမြို့အတွက်သာမဟုတ်၊ ဂျပန်တစ်နိုင်ငံလုံးရှိစာဖတ်ပရိဿတ်များ၊ ထိုမှတစ်ဆင့် တစ်ကမ္ဘာ လုံးရှိ စာအုပ်စာပေ စိတ်ဝင်စားသူများကို ဝန်ဆောင်မှုပေးလျက်  ဆက်လက်ရှင်သန်နေကြသည်။ 

(၇)

တရုတ်နိုင်ငံတွင် စာအုပ်အရောင်းဆိုင်များ၏ရပ်တည်မှုမှာ စိန်ခေါ်မှုများဖြင့် တုန်လှုပ်ချောက်ချားလျက်  မသေချာ မရေရာသော အခြေအနေကိုကြုံတွေ့ နေရပြီ။ တစ်ချိန်က အလွန်ကျော်ကြားပြီး ဆိုင်ပေါင်းခြောက်ဆယ်ကျော်ရှိသည့် ယန်းဂျီးယု (Yanjiyou)  စာအုပ်ဆိုင်သည် ယခုအခါ ပိတ်သိမ်းခဲ့ပြီ။ အလုပ်သမားများကိုလုပ်ခမပေးနိုင်သည့်အခြေအနေများနှင့်လည်း ရင်ဆိုင်နေရသည်။  "ရှန်ကျန်းရှိ အလှပဆုံးစာအုပ်ဆိုင်" ဟု လူသိများခဲ့သော ဘန်းလှိုင် (Benlai ) စာအုပ်ဆိုင်သည်လည်း ပျောက်ကွယ်သွားခဲ့ရပြီ။ လုပ်ငန်းခွဲများစွာ လုပ်ကိုင်နေကြသည့် နာမည်ကြီးစာအုပ်ဆိုင်များပင် အခက်အခဲများကို ကြုံတွေ့နေရပြီဆိုပါက မြို့ နေရာအနှံ့တွင် ပြန့်ကျဲနေသော စာအုပ်ဆိုင်ငယ်များ၏ အခက်အခဲကို စိတ်ကူးကြည့်ရုံမျှသာ သိနိုင်သည်။ 

(၈)

ယနေ့အချိန်တွင် နိုင်ငံအများအပြားရှိ စာအုပ်အရောင်းဆိုင်များသည် စာဖတ်ပရိသတ်များကို ဆွဲဆောင်နိုင်ရန် အားထုတ်နေကြသည်။ စာပေနှင့်ဆက်စပ်မှုရှိသည့် လှုပ်ရှားမှုများ လက်ခံကျင်းပပေး ခြင်းဖြင့်လည်းကောင်း၊ကော်ဖီဆိုင်များ တွဲဖက် ဖွင့်ခြင်းဖြင့် လည်းကောင်း၊အခြားသောဆန်းသစ် လှုပ်ရှား မှု များကိုထည့်သွင်းပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း ဗျူဟာသစ်များခင်းကျင်းလျက် စာဖတ်ပရိဿတ်များကိုဆွဲဆောင်နေကြသည်။ သို့သော်ထူးထူးခြားခြားစိန်ခေါ်မှုများမှာရှိနေဆဲပင်။ အဓိက စိန်ခေါ်မှုများထဲတွင် စာဖတ်သူအရေအတွက် နည်းပါးလာခြင်း၊ ဈေးကွက်တဖြည်းဖြည်း ကျုံ့လာခြင်းနှင့် အင်တာနက်အသုံးပြုမှု အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံရှိစာအုပ်ဆိုင်လုပ်ငန်းများသည် အားထုတ်လုပ်ကိုင်နေကြစဉ်မှာပင် ရှင်သန်မှုနှင့် ကြီးထွားမှုကို တစ်ပြိုင်နက်ဖြစ်လာစေသည့်  ပတ်ဝန်းကျင်တစ်ခုရရှိရေးအတွက် ရုန်းကန်နေကြရသည်။ စာအုပ်ပုံနှိပ်ထုတ်ဝေရေး လောက၏ အပြောင်းအလဲများ၊ ဒစ်ဂျစ်တယ်ခေတ် စာဖတ်ပရိဿတ်များ၏ နှစ်သက်မှုအခြေအနေများ၊ အလေ့အထများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်တီထွင် ဖန်တီး မှုရှိသည့် နည်းလမ်းသစ်များဖြည့်ချဉ်းကပ်မှုပြုလုပ်ရန်လို

အပ်လာသည်။   

(၉)

ဂျပ‌န်နိုင်ငံတွင်မူ စာအုပ်ဆိုင်လုပ်ငန်းရှင်များမှာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ထက် ဒေသန္တရအာဏာပိုင်များနှင့်ဆက်စပ်လုပ်ကိုင်ရသည့်အခြေအနေရှိသည်။   စာအုပ်ဆိုင်များကို အများပြည်သူဆိုင်ရာ အခြေခံ အဆောက် အအုံ များ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သဘောထားလုပ်ဆောင်နေသည်။ ထိုသို့ သဘော ထားမှုများသည် စာအုပ် ဆိုင် လုပ်ငန်း အပေါ် ရှုမြင်ချက်များပါ သိသိသာသာပြောင်းလဲ လာစေ သည်။  ထိုအခြေအနေများကြောင့် ပင် စာအုပ် ဆိုင် များ သည်မြို့ပြလူနေမှုဘဝအတွက် အလေးထားစရာ ဖြစ်လာသည်။ လိုအပ်သည့်ရေ၊ အပူဓာတ်၊ လျှပ်စစ် ဓာတ်အား နှင့် အခြား သောအရေးပါ သည့်ဝန်ဆောင်မှုများကိုပါထည့်သွင်း စဉ်းစားလာ ကြ သည်။ 

ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေခဲ့ချိန်က ဂျပန်အစိုးရသည် အရေးပေါ် ကြေညာချက်များ ထုတ် ပြန် ပြီးနောက် စာအုပ်ဆိုင်နှင့်ပတ်သက်သည့်  လမ်းညွှန်ချက်များကို လျင်မြန်စွာ ချမှတ်ခဲ့သည်။ နေ့စဉ်လူမှု ဘဝများကို ထိန်းသိမ်းရာတွင်  လိုအပ်သော အရာများအဖြစ်  စာအုပ်ဆိုင်များကို အမျိုးအစားများ သတ် မှတ် ခွဲခြား ပေးခဲ့ ပြီး ရောဂါကူးစက်မှုကာကွယ်ရေးအတွက် သင့်တော်သော နည်းလမ်းများ ကျင့် သုံး စေလျက် စာအုပ် ဆိုင် များကို ဆက်လက်ဖွင့်လှစ်စေခဲ့သည်။အစိုးရ၏ချဉ်းကပ်မှုသည် မြို့ပြ စီမံခန့်ခွဲ ရေး အာဏာ ပိုင်များ၏  စာအုပ်ဆိုင်များအပေါ်ရှုမြင်ပုံ၊ ထောက်ပံ့ကူညီမှုများတွင် သိသာထင်ရှားသော ကွဲပြား ခြားနားမှုဖြစ်လာစေသည်။ အကျိုးဆက်အားဖြင့် မြို့ပြရေးရာကိစ္စများတွင် စာအုပ်ဆိုင်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ထည့်သွင်းစဉ်းစားစရာအခြေအနေရှိလာသည်။ မြို့ပြဆိုင်ရာ မူဝါဒ၏ တစ်စိတ် တစ်ပိုင်း အဖြစ်  ဆွေးနွေးရမည့်အကြောင်းကိစ္စလည်းဖြစ်လာသည်။      

(၁၀)

မြို့တစ်မြို့တွင် စာအုပ်အရောင်းဆိုင်များကို အများပြည်သူနှင့်သက်ဆိုင်သော အခြေခံအဆောက် အအုံ အဖြစ် မှတ်ယူ သင့်၊ မသင့် ဟူသောအချက်သည် အရေးကြီးသော မေးခွန်းတစ်ရပ် ဖြစ်လာသည်။ ထိုအချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး အားလုံးသဘောတူလက်ခံ သည့် အခြေ အနေမျိုးဖြစ်လာခဲ့ပါ စာအုပ်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှင့် စာအုပ်အရောင်းဆိုင်လုပ်ငန်းများမှာ ပြန်လည် ဖွံ့ဖြိုး ရေး လမ်းကြောင်းပေါ်ရောက်ရှိလာနိုင်သည်ဟုယူဆကြသည်။ တရုတ်နိုင်ငံအပါအဝင် အခြားသော နိုင်ငံ များရှိပုံနှိပ်ထုတ်ဝေရေးနှင့်စာအုပ်အရောင်းဆိုင်လုပ်ငန်း များ အနေဖြင့် ဆွေးနွေးမှုများ စွာ ပြုလုပ်ရန် လိုသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်ရှိ ဂျင်းဘော့ဂျော့ (Jinbocho) စာအုပ်အရောင်းဆိုင် ဈေးကွက်များ၏အခြေအနေကို နမူနာယူ၍လည်း နည်းလမ်းများရှာဖွေ နိုင်လိမ့်မည်ထင်သည်။  

(၁၁)

အင်တာနက်ဆက်သွယ်ရေးအားကောင်းနေသော ယခုအချိန် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများရှိစာအုပ်စာပေ စိတ်ဝင်စားသူဦးရေ လျော့ကျလာနေသည့်အခြေအနေတွင်ဂျပန် နိုင်ငံ၊ တိုကျိုမြို့ရှိစာအုပ်အရောင်းဆိုင်များသည် ဂျပန်နိုင်ငံ တစ်ဝန်းသာမက အခြားသောနိုင်ငံများမှစာဖတ် သူ များကိုပါဆွဲဆောင်လျက်လိုအပ်ချက်များဖြည့်ဆည်းပေးလျက်ရှိနေသည်။ စာအုပ် အရောင်းဆိုင် ဈေး ကွက်များ၏အနာဂတ်မည်သို့ဖြစ်မည်နည်း။ပြောင်းလဲမှုလုပ်သင့်သည့်ကိစ္စနှင့်ပတ်သက်၍မေးခွန်းတစ်ရပ်ကို အဖြေထုတ်ရန် ဖြစ်သည်။ စာအုပ်ဆိုင်များကို အများပြည်သူနှင့် သက်ဆိုင်သည့်မြို့ပြအခြေခံ အဆောက် အအုံများ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းစဉ်းစားသတ်မှတ်နိုင်ခြင်းရှိ၊ မ ရှိဟူသည့် ကိစ္စ ဖြစ်ပေသည်။ 

 https://www.eurasiareview.com/