အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ရန်ကုန်-မန္တလေးမြို့များမှှ ရုရှားနိုင်ငံ (NOVOSIBIRSK) သို့ လေကြောင်းခရီးစဉ်အသစ်ပျံသန်းမှုအဖြစ် စက်တင်ဘာလဆန်းတွင် စတင်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ရန်ကုန်-မန္တလေးမြို့များမှှ ရုရှားနိုင်ငံ (NOVOSIBIRSK) သို့ လေကြောင်းခရီးစဉ်အသစ်ပျံသန်းမှုအဖြစ် စက်တင်ဘာလဆန်းတွင် စတင်ပျံသန်းမည်
Published 12 August 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ရန်ကုန်-မန္တလေးမြို့များမှှ ရုရှားနိုင်ငံ(NOVOSIBIRSK) သို့ လေကြောင်းခရီးစဉ် အသစ်ပျံသန်းမှုအဖြစ် စက်တင်ဘာလဆန်းတွင် စတင်ပျံသန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)၏ ကွန်ရက်ချဲ့ထွင်မှုအဖြစ် မြန်မာနိုင်ငံအား ခရီးသွားစျေးကွက် အသစ်များနှင့် ချိတ်ဆက်ရန် ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် လေကြောင်းခရီးစဉ်သစ်စတင်ပျံသန်း ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရုရှား နိုင်ငံနှင့် လေကြောင်းခရီးစဉ်သစ်ချိတ်ဆက်ပျံသန်းခြင်းသည် ရုရှားနိုင်ငံမှ ခရီးသည်များအား မြန်မာနိုင်ငံရှိ  ခရီးသွားများနှစ်သက်သဘောကျသည့်အပန်းဖြေ နေရာများဖြစ်သည့် သံတွဲ၊ ဟဲဟိုးနှင့် ညောင်ဦးစသည့်  ပြည်တွင်းခရီးစဉ်များကိုလည်း ချိတ်ဆက်သွားရောက်နိုင်မည်ဟု သိရသည်။

(MAI) က ရန်ကုန်-မန္တလေးမြို့များမှှ ရုရှားနိုင်ငံ (NOVOSIBIRSK) မြို့သို့ လေ ကြောင်းခရီးစဉ်အသစ်ပျံသန်းမှုအား စက်တင်ဘာ ၅ ရက်မှစတင်ကာ အပတ်စဉ် အင်္ဂါနှင့်စနေနေ့များတွင် တစ်ပတ်နှစ်ကြိမ်ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း(MAI))က ပြုလုပ်နေသည့် ၀ါဆိုစျေးရောင်းပွဲတွင် ဖူးခတ်၊ ဟနွိုင်း၊ ဟိုချီမင်း၊ ဖနွမ်းပင်နှင့် ချန်နိုင်းမြို့ များသို့ ၉၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI) က အဆိုပါမြို့များသို့ Full-Service experience, Inflight meal, 40 KG For Business Class, 30 KG For Economy Class တို့ဖြင့်ပျံသန်းနေခြင်းဖြစ်သည်။    

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း(MAI)က ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး လာမည့် သြဂုတ် ၁၁ရက်မှစတင်ကာ တစ်နေ့လျှင် နှစ်ကြိမ်တိုး မြှင့်ပျံသန်းသွားမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) သည် ရန်ကုန်-ဖနွမ်းပင်ခရီးစဉ် ကိုလည်း အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး လက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၃၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်းပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ် များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။

အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင်၍ လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည် ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃ အောက်တိုဘာ ၂၈ ထိ ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း က ရန်ကုန်-စင်ကာပူ အသွားအပြန် ခရီးစဉ်အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sign Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ဘန်ကောက် အသွားအပြန်ခရီးစဉ်အတွက် အခမဲ့  လေယာဉ်လက်မှတ် တစ်စောင်အား ကံစမ်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူ မိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်းဖြစ်သည်။                   

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ် ၁၄ ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ် သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ လည်းကောင်း၊ စင်ကာ ပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ် ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီ မင်းနှင့်  ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

Most Read

Most Recent