စစ်တမ်းအရ အာဆီယံ ခုနစ်နိုင်ငံအနက် ထုတ်လုပ်မှု တိုးတက်လာသည့် နိုင်ငံများတွင် ပါဝင်လာသော မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

စစ်တမ်းအရ အာဆီယံ ခုနစ်နိုင်ငံအနက် ထုတ်လုပ်မှု တိုးတက်လာသည့် နိုင်ငံများတွင် ပါဝင်လာသော မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
Published 7 August 2023

၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်၏ အစက အာဆီယံကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း တွင် အရှိန်ကျလာမှုကို အချက်ပြလိုက်သည် ဟု ၂၀၂၃ ခုနှစ် ဇူလိုင်လအတွက် ထုတ်ပြန် သည့် S&P Global အာဆီယံကုန်ထုတ်လုပ် မှု PMIအညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြ ထားသည်။

S&P Global အာဆီယံကုန်ထုတ်လုပ် မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ များမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့ များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့် ဖြေကြားချက်များအပေါ်အခြေခံပြီး S&P Global က တွက်ချက်ထားသည်။ ယင်း နိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုးတန်ဖိုး ၉၈ ရာခိုင်နှုန်း ထုတ်လုပ်ပေး ကြသည်။

“တတိယသုံးလပတ်အစပိုင်းရဲ့ PMI ဒေတာက ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း အရှိန်ကျလာနေခြင်းကို မီးမောင်းထိုးပြလိုက် ပါတယ်။ ထုတ်လုပ်မှုရော၊ ရခဲ့တဲ့စုစုပေါင်း အော်ဒါအသစ်များပါ တိုးလာခဲ့တဲ့နှုန်းမှာ ဇွန်လထက် အားပျော့နေပါတယ်။ ဒါ့အပြင် နိုင်ငံခြားက အော်ဒါအသစ်မှာယူမှု လျော့ နည်းလာတဲ့အရှိန်ဟာ ပိုအားကောင်းနေတာ ကြောင့် တိုးထုတ်လုပ်မှုကို ပြည်တွင်းစျေးကွက်တွေက သိသိသာသာမောင်းနှင်နေ ကြောင်း ဒေတာတွေက ထောက်ပြနေပါ တယ်” ဟု အာဆီယံကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေး ပညာရှင်  Maryam Baluch က ပြောကြားခဲ့သည်။

အဓိကအကျဆုံး S&P Global အာဆီ ယံ ကုန်ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာ များ၏ အညွှန်းကိန်း - PMI ကို ကြားနေ အမှတ် ၅၀ ဒသမ ၀ အထက်တွင် မှတ်တမ်း တင်ခဲ့သည်မှာ ဇူလိုင်တွင် ၂၂ ဆက်တိုက်ဖြစ် လာသည်။ သို့သော်လည်း ၅၀ ဒသမ ၈ တွင် ရှိနေသည့်အညွှန်းကိန်းသည် ဇွန်လ၏ ၅၁ ဒသမ ၀ ထက် နိမ့်ဆင်းသွာ းသည်မှာ သုံးလ ဆက်တိုက်ဖြစ်လာပြီး လွန်ခဲ့သည့် ဒီဇင်ဘာ မှစပြီး အာဆီယံကုန်ထုတ်လုပ်ရေးကဏ္ဍအခြေအနေ အားအပျော့ဆုံး တိုးတက်လာမှု ကို အချက်ပြလိုက်သည်။

ဇူလိုင်ဒေတာက ဖော်ပြပေးသည့် အာ ဆီယံ ဒေသတစ်ဝန်း၏ ကားချပ်ပုံသည် ရှုပ်ထွေးနေပြီး အကျုံးဝင်သည့် ခုနစ်နိုင်ငံ အနက်  လေးနိုင်ငံထဲတွင်သာ လုပ်ငန်းအခြေ အနေများ တိုးတက်လာခဲ့ကြောင်းကို မှတ် တမ်းတင်ခဲ့ကြသည်။ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

အခြေအနေများ ဆုတ်ယုတ်လာခဲ့ ကြောင်းကို အစီရင်ခံခဲ့ကြသည့် နိုင်ငံများ သည် ဗီယက်နမ် (PMI ၄၈ ဒသမ  ၇)၊ စင် ကာပူ (၄၈ ဒသမ ၅) နှင့် မလေးရှား (၄၇ ဒသမ ၈) တို့ဖြစ်သည်။

 “ဘယ်လိုပဲဖြစ်ဖြစ် ငွေကြေးဖောင်းပွမှု ဖိအားတွေ ယခင်နှစ်နှစ်အတွင်း မြင်ခဲ့ရတာ ထက် သိသိသာသာကြီး အားပျော့လာတဲ့အ တွက် အခုအခါဒေသတွင်းရှိ ဗဟိုဘဏ်တော် တော်များများရဲ့ ငွေကြေးမူဝါဒတင်းကျပ်မှု ဟာ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီး အခြေ အနေတွေကို ဆက်လက်ပျော့ပျောင်းလာ မယ်ဆိုပါက ဗီယက်နမ်မှာ မကြာမီက မြင်ခဲ့ ကြရသလို မူဝါဒတွေကို ဖြေလျှော့ပေးမယ့် အလားအလာရှိနိုင်တယ်လို့ ယူဆရပါတယ်” ဟု ၎င်းင်းက ဆိုသည်။

အာဆီယံခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံ မှ ကုန်စည်ထုတ်လုပ်သူတို့သည် နောက်ကျ မကျန်ခဲ့ဘဲ PMI အညွှန်းကိန်း ၅၁ ဒသမ ၁ ဖြစ်ခဲ့ရာ ဇွန်လ၏ငါးလအတွင်း အနိမ့်ဆုံးမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 “မြန်မာနိုင်ငံရဲ့ PMI အညွှန်းကိန်းဟာ တတိယသုံးလပတ်အစပိုင်းမှာ စက်မှုထုတ် လုပ်ရေးကဏ္ဍရဲ့အခြေအနေအသင့်အတင့် ဦးမော့လာမှုကို မှတ်တမ်းတင်လိုက်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေး ပါရဂူ  Maryam Baluch က ပြော ကြားခဲ့သည်။

ဇူလိုင်ဒေတာက မြန်မာနိုင်ငံ၏စက်မှု ကဏ္ဍတစ်ဝန်း လုပ်ငန်းအခြေအနေများ ရှေ့ ဆက်တိုးတက်လာနေကြောင်းကို အချက်ပြ လိုက်သည်။ သုံးစွဲသူများထံမှ ဝယ်လိုအား ဆက်တိုးလာမှုက ဦးမော့မှုကို ပ့ံပိုးခဲ့ပြီး အော် ဒါအသစ်များရရှိမှု ပိုမြန်ပြီး အရှိန်ရလာခဲ့ သည်။ သို့သော်လည်း လျှပ်စစ်မီးပြတ် တောက်မှုကို မကြာခဏအစီရင်ခံခဲ့ကြခြင်း က ကုန်ထုတ်လုပ်သူတို့၏ ထုတ်လုပ်နိုင်စွမ်း ကို ထိုးနှက်ခဲ့သည့်အတွက် ကုမ္ပဏီများသည် ထုတ်လုပ်ပေးရန် ကတိပေးမှုများကို ဖြည့်ဆည်းပေးရန် လက်ထဲရှိသိုလှောင်ကန်များ ကို အတော်အသင့် အားကိုးခဲ့ကြရသည်ဟု ၂၀၂၃ ခုနှစ် ဇူလိုင်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြ ထား သည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

စျေးနှုန်းများကို ကြည့်မည်ဆိုပါက စစ် တမ်း၏နောက်ဆုံးလအတွင်း ငွေကြေးဖောင်း ပွမှု ဖိအားပေးမှုများ ပိုမိုအားကောင်းလာခဲ့ သည်။ ထည့်ကုန်များ၏ အသိသာဆုံးမှာ ငွေ ကြေးဖောင်းပွမှုဖြစ်ခဲ့ပြီး ၁၀ လအတွင်း အမြန် ဆုံးဖြစ်လာသည်။ ရောင်းစျေးများ၏ငွေကြေး ဖောင်းပွမှုသည်ပါ ဇွန်လထက် အရှိန်ရလာခဲ့ သော်လည်း မပြင်းထန်ခဲ့ပေ။

အဓိကအကျဆုံး S&P Global  မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI- ထုတ်လုပ် ရေး စွမ်းဆောင်မှုကို ဖော်ပြထားသည့် တစ်ခုတည်းသော အညွှန်းကိန်းကို ကြားနေ အမှတ် ၅၀ ဒသမ ၀ အထက်တွင် မှတ်တမ်း တင်ခဲ့သည်မှာ ခြောက်လဆက်တိုက်ဖြစ် သည်။ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းသ ည် ၅၁ ဒသမ ၁ တွင် ရှိလာခြင်းက ဇွန်လ၏ ငါးလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သော ၅၀ ဒသမ ၄ မှ မြင့်တက် သွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံစက်မှုကဏ္ဍတစ်ဝန်းရှိ ဦး မော့မှုကို မောင်းနှင်ပေးခဲ့သည်မှာ လုပ်ငန်းအ သစ်များ အခိုင်အမာတိုးတက်ရရှိမှုဖြစ်သည်။ စက်ရုံအော်ဒါများသည် ဇူလိုင်တွင် ခုနစ်လ ဆက်တိုက် တိုးရလာခဲ့ရာ သုံးနှစ်ကျော်အ တွင်း အရှည်ဆုံးတိုးရလာမှုအခြေအနေဖြစ် သည်။

 “ဒါပေမဲ့ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန် ခေါ်မှုတွေဟာ ထုတ်လုပ်မှုကို ကန့်သတ်နေ ကြတယ်။ ကုန်ကြမ်းရှားပါးမှု၊ လျှပ်စစ်ပြတ် တောက်မှုများနဲ့ လုပ်အားမလုံလောက်မှုတို့ က စက်မှုကဏ္ဍကို နောက်ကိုပြန်ဆွဲနေကြတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ကြပါတယ်။ အဲဒါတွေကြောင့် ကုမ္ပဏီတွေဟာ လုပ်ငန်း တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ သို လှောင်ကန်တွေကို ပြန်အားကိုးလာကြရပါ တယ်”ဟု ၎င်းက ဆိုသည်။

 “ပြီးတော့ ကုန်ကြမ်းရှားပါးမှုကြောင့် ကုန်စည်စျေးနှုန်းတွေ ပိုမြင့်တက်လာခဲ့ကာ လတ်တလော ဒေါ်လာ-ကျပ်ငွေလဲလှယ်နှုန်း ဆိုးရွားလာကြောင်း အစီရင်ခံမှုတွေကြောင့် ထည့်ကုန်စျေးနှုန်းတွေဟာ မြင့်တက်လာခဲ့ကြ ရာ ၁၀ လအတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ကို အမြန်ဆုံးနှုန်းနဲ့ ရှေ့ဆက်မြှင့်ပေးခဲ့ပါ တယ် “ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။

ကုမ္ပဏီများသည် စက်ရုံရှိအလုပ်နေရာ များ ဒုတိယမြောက်လ ကျဆင်းလာခဲ့ကြောင် း ဇူလိုင်တွင် မှတ်တမ်းတင်ခဲ့ကြသည်။

အများစုက ထောက်ပြခဲ့ကြသည့်အ တိုင်းဆိုလျှင် အလုပ်သမားများသည် လစာပို ကောင်းသောအလုပ်ကို ရှာဖွေရန် သို့မဟုတ် နိုင်ငံခြားတွင် အလုပ်လုပ်ရန် အလုပ်မှ နုတ် ထွက်သွားကြသည်။ ကုမ္ပဏီများက လူအင် အားအရင်းအမြစ်များ နည်းနေပြီး လျှပ်စစ် ပြတ်တောက်မှုများကြောင့် မပြီးဘဲ ကျန်ရစ်ခဲ့ သည့် အလုပ်များ၏ စုစုပေါင်းပမာဏတိုးလာ ခဲ့ကြောင်း ဆိုကြသည်။

 “ဝယ်လိုအားအခြေအနေတွေ တိုးတက် လာခဲ့ပေမဲ့ ယုံကြည်စိတ်မှာ သမိုင်းစဉ်အရ အားနည်းလျက်ရှိနေဆဲပါ။ မြန်မာနိုင်ငံအတွက် အနာဂတ်ဟာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ မရေရာမှုကို ထည့် တွက်လိုက်ရင် မကြာမီက ဝယ်လိုအားဦးမော့ လာခဲ့မှုကို ဆက်ထိန်းထားနိုင်ပါ့မလားဆိုတာ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်”ဟု စီးပွားရေးပညာ ရှင် Maryam Baluch က သုံးသပ်ပြော ကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည့် စီးပွားရေးအခြေအနေမှ ရုန်းထွက်လာနိုင် ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃) တွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့ အစိုးရအနေဖြင့် ပြည်သူ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တစ်ခုတွင် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံ ရေးမောင်းနှင်အားနှင့်ကာကွယ်ရေးမောင်းနှင်အား ကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည် နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအား များသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့် နိုင်ငံတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက်သေ ချာခိုင်မာသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန် ထုတ်လုပ်မှုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ပင် ဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံသည့် MSME စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အဆိုပါစီးပွားရေးလုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံးအတွက် အကျုံး ဝင်သည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျပြီး အ ချိန်တိုအတွင်း အကျိုးဖြစ်ထွန်းနိုင်သည့်အ တွက် အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတို့သည် မိမိအပါ အဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး က ဒေသ ၂၆ ခုတွင်ရှိသည့် MSME လုပ်ငန်းရှင်များနှင့် ၂၆ ကြိမ် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီးတင်ပြချက် ၂၃၀ ကျော်ကိုလည်း ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားသည့်စစ်တမ်းတွင်မူ ငွေကြေး ဖောင်းပွမှု ဖိအားများရှိနေသော်လည်း ဇူလိုင် လတွင် လုပ်ငန်းအသစ်များ အရှိန်ရနေသည့် အတွက် မြန်မာ့ကုန်ထုတ်လုပ်မှု ခြောက်လ ဆက်တိုက် တိုးတက်လာကြောင်း ဖော်ပြထား သည်။

ထို့ပြင် အနာဂတ်ဆီ မျှော်ကြည့်ပါက လုပ်ငန်းများ၏ မျှော်မှန်းချက်မှာ ဇူလိုင်လ တွင် အဓိကအားဖြင့် အားပျော့လာသည်။ မြန်မာနိုင်ငံအတွင်း ကုန်စည်ထုတ်လုပ်သူ တို့၏ လေးရာခိုင်နှုန်းကသာလျှင် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုတိုးလာမည်ဟု မျှော်လင့်ကြကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။