အွန်လိုင်းပေါ်က ခါးပိုက်နှိုက်

အွန်လိုင်းပေါ်က ခါးပိုက်နှိုက်
Published 7 August 2023
ဇော်မင်းနိုင်

 “ဘယ်ကနေ ဘယ်လို ဖုန်းနံပါတ်တွေ ရသွားလဲ မသိဘူး။ အသိတွေဆီကနေ ပိုက်ဆံ လှမ်းချေးတယ်။ သူတို့ကလည်း မယုံလို့ ကိုယ့်ဖုန်းကိုလှမ်းဆက်ပြီး မေးတော့မှ ကိုယ့်နာမည်သုံးပြီး ပိုက်ဆံလိုက်ချေးနေမှန်း သိတာ”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက ပြောကြားသည်။

သူငယ်ချင်း၊ ဆွေမျိုးများနှင့် ရင်းနှီးသူ များထံ ဖုန်းဆက်ကာ ငွေကြေးအရေးတကြီး လိုအပ်သဖြင့် ကာယကံရှင်၏ နာမည်ကို အသုံးပြုပြီး လိုက်လံချေးငှားနေခြင်းဖြစ် သည်ဟု အဆိုပါအမျိုးသမီးငယ်က ပြော ကြားသည်။

ယင်းသို့ဖြစ်စဉ်များမှာ ယခုနောက်ပိုင်း တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသည်ဟုဆိုနိုင် သည့် အွန်လိုင်းမှုခင်းများဖြစ်သည်။

ကျူးလွန်သူတွေက ဖုန်းနံပါတ်တွေ ဘယ်လိုရသွားသလဲ

ယင်းသို့ကျူးလွန်ခြင်းမှာ ယခု နောက် ပိုင်းတွင် ခပ်စိတ်စိတ်ဖြစ်လာသည့် ဆိုက်ဘာ မှုခင်းများဖြစ်ပြီး ဖုန်းအတွင်း ဆော့ဖ်ဝဲတစ် မျိုးအသုံးပြုကာ ဖုန်းကိုင်ဆောင်သည့် ကာယ ကံရှင်နှင့် ဆက်သွယ်ထားသည့် ဖုန်းနံပါတ် များကို ရယူခြင်းဖြစ်သည်။

ယခင်က facebook လူမှုကွန်ရက်စာ မျက်နှာများတွင် K Pay အဆင့်မြှင့်တင်ပေး သည်ဆိုသည့် လိမ်လည်သည့် ပေ့ချ်များရှိခဲ့ သည်။ ကာယကံရှင်မှ မိမိ၏ K Pay ကိုအဆင့် မြှင့်တင်လိုသဖြင့် ယင်းပေ့ချ်ကို ဆက်သွယ်မိ ရာမှ K Pay ထဲရှိ ငွေသားများကို ကျူးလွန်သူ များက ရယူသွားခြင်းဖြစ်သည်။

 “အဲဒီလိုဟာတွေက လူတွေက သိပ်မသိ ကြသေးတဲ့အချိန်။ ကိုယ့် OTP ကုတ်နံပါတ် နဲ့ password ကို သူတို့က လှမ်းတောင်းတယ်။ ပေးလိုက်မိတော့ ကိုယ့် K Pay အကောင့်ထဲ ကိုဝင်လို့ရသွားတဲ့အချိန် အကောင့်ထဲမှာရှိတဲ့ ငွေတွေကို တခြားအကောင့်ထဲကို ယူသွားတာ ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်း ရင်းနဲ့ ငွေကို ထုတ်သွားတာ။ အဲဒီတုန်းက ဘယ်လောက်အထိ အတင့်ရဲသလဲဆို ဘဏ် က တာဝန်ရှိသူဆိုပြီး ဖုန်းဆက်ပြီး အကောင့် ကို အဆင့်မြှင့်ပေးမယ်ဆိုပြီး လိမ်ကြတယ်” ဟု အိုင်တီနည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

လိမ်လည်ခံရမှု များလာသည့်နောက် ပိုင်းတွင် ပုဂ္ဂလိကဘဏ်များက အသိပေးခြင်း များကို ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ သည်။

ယခုနောက်ပိုင်းတွင် ငွေကြေးအခက်အ ခဲကြုံတွေ့နေရသူများကို ပစ်မှတ်ထားပြီးခြိမ်း ခြောက်ခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဗန်းပြကာ ဘဏ်အကောင့်ရယူခြင်းများကို လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

လူမှုအခက်အခဲများတွင် ငွေရေးကြေး ရေးအခက်အခဲမှာ လတ်တလောတွင် လူအ များအကြား ထိပ်ဆုံးတွင်ရှိနေသည့်အခြေအ နေလည်းဖြစ်သည်။ ယင်းအချက်ကို အခွင့် ကောင်းယူကာ လိမ်လည်သူများက ချေးငွေရ ယူနိုင်သည်ဆိုသည့် ပေ့ချ်များထောင်၍ လိမ် လည်နေခြင်းဖြစ်သည်။

လတ်တလောတွင် စားသုံးသူရေးရာ ဦးစီးဌာနက ချေးငွေပေးသည်ဆိုသည့် အွန် လိုင်း Apps ၃၅ ခုကို သတိထားကြရန် ထုတ် ပြန်ထားသည်။

အဆိုပါ Apps များကို လာရောက် ဆက် သွယ်သူများကို ဒေါင်းလော့ခ်ရယူခိုင်းသည်။ သို့သော် ယင်း Apps များမှာ လိမ်လည်မည့်သူ များက တည်ထောင်ထားခြင်းဖြစ်သည်။

အွန်လိုင်းချေးငွေလုပ်ငန်း အမည်ခံ Apps များသည်ဒေါင်းလော့ခ်ဆွဲ၍ဝင်ရောက် လိုက်သည်နှင့် ချေးလိုသော ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့် ငွေလွှဲပို့ကြောင်း၊ သို့သော် ငွေလွှဲမပို့မီ အချက် ခုနစ်ချက်ကို သဘော တူညီမှုပေးရကြောင်း စားသုံးသူရေးရာ ဦးစီး ဌာနက ထုတ်ပြန်ထားသည်။

တရားမဝင် ချေးငွေလုပ်ငန်းများ အသုံး ပြုသည့် Apps များတွင် install ပြုလုပ်ရန် အတွက် ပေးရသည့် permission များကြောင့် အသုံးပြုသူအား ထိခိုက်စေနိုင်သည့် အချက် များမှာ camera မှတစ်ဆင့် application မှ ပုံများတောင်းခံရာတွင် ပေးနိုင်ရန် ထည့်သွင်း ထားခြင်းဖြစ်သော်လည်း ၎င်းတို့တောင်းခံ လာသည့် camera permission အား access ပြုလုပ်မိပါက developer များမှ အသုံးပြုသူ မသိရှိဘဲ ပုံများ၊ ဗီဒီယိုများကို ရယူသွားနိုင် ခြင်း၊ contacts အား access ပေးလိုက်မိပါက မိမိဖုန်းအတွင်းရှိ contacts အားလုံးကို developer များက သိရှိပြီး ဆက်သွယ်မှုပြု လုပ်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုမှုများပြုလုပ်နိုင်ခြင်း၊ ခြိမ်းခြောက်ငွေညစ်မှုများ ပြုလုပ်နိုင် ခြင်း၊ location ကို  accessပေးလိုက်မိပါက developer များက အသုံးပြုသူ၏ သွားလာ လှုပ်ရှားနေထိုင်မှု အချက်အလက်အားလုံး သိရှိနိုင်ခြင်း၊ မသမာသူများ၏ လုပ်ကြံသတ် ဖြတ်မှု၊ ပြန်ပေး မှု၊ ဓားပြမှု၊ အိမ်ဖောက်ထွင်း ဝင်ရောက်မှုများအထိ ကျူးလွန်လာနိုင်ခြင်း တို့ဖြစ်သည်။

ထို့ပြင် phone call အား access ပေး လိုက်မိပါက အသုံးပြုသူ၏ ဖုန်းခေါ်ဆိုမှု အ ချက်အလက်အားလုံးကို သိရှိနိုင်ခြင်း၊  sms အား ACCESS ပေးလိုက်မိပါက အသုံးပြုသူထံ သို့ ဝင်ရောက်လာသည့် မက်ဆေ့များအား သိရှိနိုင်သဖြင့် အသုံးပြုသူ၏ social media  နှင့် ပတ်သက်သော အချက်အလက်များကို ရယူနိုင်ခြင်း၊ ဥပမာအားဖြင့် - Google, Facebook, Wave Money, KBZ pay, Verification Code  တို့ကို ရယူသွားနိုင်ခြင်း၊ storage ကို ACCESS ပေးလိုက်မိပါက အသုံး ပြုသူအား  media access control ACCESS ဃသညအမသူ ပြုလုပ်နိုင် သဖြင့် အသုံးပြုသူဖုန်းအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို  ရယူနိုင်ခြင်း၊ other အနေဖြင့် အသုံးပြုသူ၏ IT အချက်အလက်များအား developer များက ကြော်ငြာနိုင်ခြင်း အစရှိ သည်တို့ဖြစ်သည်။

ငွေချေးပေးသည်ဟုဆိုပြီး အွန်လိုင်းတွင် Apps များ ဒေါင်းလော့ရယူခိုင်းကာ ကိုယ်ရေး အချက်အလက်များရယူ၍ ခြိမ်းခြောက်ငွေ ညှစ်မှုများကို ကြုံတွေ့ရခြင်းများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောကြား ချက်များအရ သိရသည်။

“ချေးငွေပေးတယ်ဆိုပြီး င်္ခေနဘသသု မှာ တက်လာလို့ ဝင်ကြည့်တော့ Apps ကို ဒေါင်း ခိုင်းတယ်။ ဒေါင်းပြီးတဲ့အချိန်မှာ ဘယ်က ဘယ်လိုအသိရဲ့ ဖုန်းကိုရသွားလဲမသိဘူး။ ကျွန်မနာမည်နဲ့ ငွေသွားချေးတယ်။ အသိက မသင်္ကာလို့ ဖုန်းဆက်ပြီး ပြန်ပြောမှသိရတာ။ တော်တော်ကြောက်ဖို့ကောင်းတယ်”ဟု ကိုယ် တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် Apps အချို့ကို ဒေါင်းလော့ခ် ပြုလုပ်ပြီးနောက်ပိုင်းတွင် ငွေညှစ်ခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးကလည်း ပြောကြားသည်။

“ချေးငွေလိုချင်လို့ ဒေါင်းလိုက်တာ။ ကိုယ့်ကိုပြန်ပြီး ခြိမ်းခြောက်တယ်။ ငွေပေးရ မယ်။ မပေးချင်ရင် ဘာအားပေး ညာအားပေး ဆိုပြီး တင်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

အွန်လိုင်းခါးပိုက်နှိုက်များရဲ့ နောက်ဆုံးပေါ် လိမ်နည်းအသစ်

ယခုနောက်ဆုံးတွင် လိမ်လည်သူများက ဝန်ဆောင်မှုလုပ်ငန်းများကိုဗန်းပြကာ K Pay အကောင့်များရှိ ငွေကြေးများကို လိမ် လည်ရယူခြင်းများရှိလာခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောကြားသည်။

 “အခုလိမ်သူတွေက service လုပ်ငန်း အယောင်ပြ page နာမည်တစ်ခုပြီးတစ်ခုဖွင့် sponsored လုပ် ပို့စ်တင် လိမ်နေတာပါ။ ပြီးခဲ့ တဲ့ရက်ပိုင်းက ရုံးကကားတွေအတွင်းခန်းသန့် ရှင်းရေးလုပ်ချင်လို့ အိမ်အရောက်ဝန်ဆောင် မှု service page တွေ့လိုက်တော့ ဆက်သွယ် လိုက်တယ်။ သူတို့က application ကနေ ဘို ကင်တင်ရင် discount ပေးတယ်ဆိုတော့ ကိုယ်လည်း application ဒေါင်းပြီး ဘိုကင် တင်လိုက်တယ်။ သူပေးတဲ့ app ဒေါင်း ဘိုကင် တင်ပြီးနောက်တစ်ရက် ကိစ္စတစ်ခုရှိလို့ ကိုယ့် k pay acc ကိုဖွင့်တော့မှ  တခြား device တစ် ခုကနေ ဝင်ထားလို့ otp ယူဖွင့်ဖို့ k pay က message ရတယ်။ ကိုယ်လည်း otp တောင်း ဝင်လိုက်တော့ ကိုယ့်အကောင့်ထဲ ငွေ ၄၀၀၀ ကျော်ပဲ ကျန်တော့တယ်။ history ဝင်စစ် ကြည့်တော့မှ ကိုယ့်မသိထားတဲ့ ငွေအဝင်အ ထွက်လွှဲထားတဲ့ history ၁၀ ခုလောက် ရှိနေတယ်။ သိသိချင်း k pay call center ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောတော့ လတ်တလော acc hack ခု လိမ်တဲ့ ဖုန်းနံပါတ် တွေကို  သုံးရက်ဝန်းကျင် အကောင့်ပိတ်ထား ပေးမယ်။ ရဲစခန်းအမှုဖွင့်ပြီး အမှုဖွင့်စာရွက် မေးလ်နဲ့ ထပ်ပို့ပေးနိုင်ရင် အမှုဖြစ်နေချိန် အကောင့်တွေကို ဆက်ပိတ်ထားပေးမယ်တဲ့။ ပိုက်ဆံပြန်ရ မရတော့ အာမ မခံဘူးတဲ့။  ကိုယ့်လိုဖြစ်စဉ်တွေဖြစ်လို့ call center အကြောင်းကြားမှုတွေ လက်ခံရရှိထားပြီး ကိုယ့်အကောင့်ကလည်း လိမ်လည်မှုမှာ ဆက်စပ်အနေနဲ့ပါဝင်နေတော့ ကိုယ့် acc ကိုလည်း ယာယီပိတ်ထားပါတယ်တဲ့။  မိအေး နှစ်ခါနာအခြေအနေပါ။ ကိုယ်တိုင် acc hack ခံရ ငွေယူခံရသလို ကိုယ့် acc နဲ့ တခြားသူတွေ ကို ငွေလွှဲခိုင်းပြီး လိမ်ထားတော့ ကိုယ့် k pay acc ကို လိမ်လည်သူတွေနဲ့ ဆက်စပ်သံသယ ဖြစ်လို့ ယာယီအပိတ်ခံထားရပြန်ရော။ အခု page ကို report ထုထားတယ်။ မန့်မှာလိုက် မန့်တော့ သူတို့က ကိုယ့် acc ကို block ပေါ့။  သူတို့က page အသစ်တွေထပ်ထပ်ဖွင့် bost လုပ် ပို့စ်တွေတင် ကြေငြာလုပ်လိမ်နေတာပါ။  အဲဒါမို့ အိမ်အကူ၊ ကားရေဆေး၊ ရေသန့်ပို့ စတဲ့ စေါန အမျိုးမျိုးဖွင့် cleaning service ဝန်ဆောင်မှုတွေကို သတိထားစေချင်ပါ တယ်။ သူတို့ပေးတဲ့ application ကို လုံးဝ မဖွင့်ပါနဲ့”ဟု K Pay မှ ငွေကြေးများ ရယူခံခဲ့ရ သူတစ်ဦး ဖြစ်သည့် မတင်ယုနွယ်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မတင်ယုနွယ် ရေးသားဖော်ပြထားသည့် ပို့စ်တွင် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက် ပေးနေသည်ဆိုသည့် bumble bee ဝန် ဆောင်မှုလုပ်ငန်းကလည်း ၎င်းတို့၏လုပ်ငန်း ကို အသုံးချပြီး ငွေကြေးလိမ်လည်မှုများရှိနေ သဖြင့် customer များအနေဖြင့် သတိထား ကြရန် ကြေညာထားသည်။

““ကျမတို့ရဲ့ Bumble Bee Professional Cleaning Service page ရဲ့ information အားလုံးကို အသုံးပြု ပုံတူပွားပြီး လိုက်လံလိမ်လည်ပြီး ငွေကြေး deposit များတောင်းခံခြင်း ပြုလုပ်လျက်ရှိပါသည်။ Bumble Bee Prof-essional Cleaning Service မှ မည်သို့သော deposit တောင်းခြင်း link များကိုဝင်ခိုင်းခြင်း များပြုလုပ်နေခြင်း လုံးဝလုံးဝ မရှိပါရှင့်။ သို့ ဖြစ်ပါသောကြောင့် လူကြီးမင်းတို့အနေဖြင့် ငွေလွှဲခြင်းများမပြုလုပ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။ Bumble Bee Prof-essional Cleaning Service သို့ဖုန်းဖြင့်ဆက်သွယ်မေး မြန်းသော clients များကိုလည်းသေချာစွာရှင်း ပြပေးနေပါသည်။ ကျမတို့ company မှ မည်သို့သော ကြိုတင်ငွေတောင်းခံခြင်းများကိုမှ ပြုလုပ်ခြင်းမရှိပါရှင့် ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ ဆိုက်ဘာပြစ်မှု

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဥညူငညန မှ အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အွန်လိုင်း လိမ်လည်မှု ၅၂၆ မှု ဖြစ်ပွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုက်ဘာပြစ်မှု များဆိုင်ရာ တိုင်ကြားချက်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၅၅၇ မှု၊ ၂၀၂၁ ခုနှစ်တွင် ၂၄၇ မှု၊ ၂၀၂၂ ခုနှစ်တွင် ၄၅၄ မှု ဖြစ်ပွားခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ၄၈၅၀၊ မလေးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၀၆၆၅၂ မှု ဖြစ်ပွားခဲ့သည်။  စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာမှုခင်းဆိုင်ရာ တိုင် ကြားလာမှု ၃၃၆၉ မှုဖြစ်ပွားခဲ့ပြီး ဆိုက်ဘာ မှုခင်းအများစုသည် အွန်လိုင်းလိမ်လည်မှု များဖြစ်သည်။ စင်ကာပူတွင် အမှုများ၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန် ဒေါ်လာ ၅၁၁ ဒသမ ၃ သန်း ငွေကြေးဆိုင်ရာ လိမ်လည်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင်လည်း အွန်လိုင်း  Pay များမှတစ်ဆင့် ငွေကြေးများကို လိမ်လည် ထုတ်ယူမှုများမှာ တစ်စထက်တစ်စ မြင့်တက် လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကျူးလွန်သူများမှာ ပေ့ချ်တစ်ခုတည် ထောင်၊ Apps တစ်ခုတည်ဆောက်ကာ လိမ် လည်နေခြင်းဖြစ်ပြီး အများပြည်သူမှာ ငွေ ကြေးဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရခြင်း လည်းဖြစ်သည်။

ယင်းကြောင့် အွန်လိုင်းပေါ်မှ ခါးပိုက် နှိုက်များကို တတ်နိုင်သမျှ တားဆီးရမည်ဖြစ် သည်ဟု ကြုံတွေ့ခဲ့ရသူများက ပြောသည်။

 “အဓိက တွေ့သမျှ မဒေါင်းမိစေဖို့က အရေးကြီးတယ်။ အခုကျတော့ အောင်မြင်နေ တဲ့လုပ်ငန်းတစ်ခုကို ဗန်းပြပြီး လိမ်တာတွေ ဖြစ်လာတော့ တော်တော်ကို သတိထားမှရ မယ်။ သူတို့က Apps ဒေါင်းခိုင်းတယ်ဆိုရင် တော့ ဘာမှ ဆက်မလုပ်တော့တာ အကောင်းဆုံးပဲ” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။