လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ (Conspiracy Theory)

လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ (Conspiracy Theory)
Photo - AFP
Photo - AFP
Published 30 July 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြခြင်းမပြုမီ စာဖတ်သူတို့အား အောက်ဖော်ပြပါမေးခွန်းများကို ကြိုတင်မေးမြန်း ဆွေးနွေးခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပထမမေးခွန်းမှာ “စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ တည်ရှိဖြစ်ပေါ်စေလျက်ရှိသည် သို့မဟုတ် ရှိခဲ့သည်ဟု ထင်မြင်ပါသလား” ဆိုသည့် မေးခွန်းဖြစ်ပြီး အကယ်၍ “လုပ်ငန်းများ တည်ရှိဖြစ်ပေါ်စေလျက်ရှိသည် သို့မဟုတ် ရှိခဲ့သည်ဟု ထင်မြင်ပါက မည်သည့် လုပ်ငန်းအမျိုးအစားများ ဖြစ်ကြပါသလဲ” ဆိုသည့် မေးခွန်းနှင့် “စာဖတ်သူ ထင်မြင်သည့် လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများသည် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏ ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်စေပါသလား။ သို့မဟုတ် ဆိုးကျိုးများကို ဖြစ်ထွန်းပေါ်ပေါက်စေပါသလား” ဆိုသည့် မေးခွန်းများ ဖြစ်ကြပါသည်။

စာရေးသူအနေဖြင့် ဦးတည် ချက်ကို တိကျစွာသတ်မှတ်ပြီး ဆောင်းပါးများကို ရေးသားတင်ပြလျက်ရှိရာတွင် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အသက်ရှင်သန် ရပ်တည်နေထိုင်နိုင်စေရေးကို ဦးတည်ရည်ရွယ်ချက်ထားရှိပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရေးသားတင်ပြခဲ့ပါသည်။ ယခုတင်ပြမည့်အကြောင်းအရာသည် သဘောတရားအနေနှင့် အနည်းငယ် ရှုပ်ထွေးလျက်ရှိသည့်အပြင် ရှင်းလင်းတင်ပြရမည့် ရှုထောင့်ကို ရှာဖွေရာတွင်လည်း အခက်အခဲများစွာ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အထက်တွင် ဖော်ပြထားရှိသည့် ဦးတည်ချက်အရသာ ရေးသားတင်ပြမည် ဖြစ်ပါသည်။

ထို့ပြင် စာရေးသူသည် စာရင်းအင်းပညာဘာသာရပ်ကို အထူးပြု လေ့လာခဲ့သည့် အားလျော်စွာ စာရင်းအင်းပညာ ဘာသာရပ်တွင် ပါရှိသည့် အကြောင်းအရာများနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည့် အကြောင်းအရာများကို ဦးစားပေး ရေးသားတင်ပြမည် ဖြစ်ပါသည်။ သို့သော်လည်း စာရင်းအင်းပညာ ဘာသာရပ်၏ သဘောသဘာဝသည် စာဖတ်သူ လူအများအတွက် အလွယ်တကူ သိမြင်နားလည်နိုင်စေရန် ရေးသားတင်ပြရာတွင် အနည်းငယ်ခက်ခဲသည့်အပြင် စာဖတ်သူများအတွက် လေးကန်ထိုင်းမှိုင်းစေမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ခက်ခဲပြီး စာလေးမည့် အကြောင်းအရာများကို ချန်လှပ်ထားခဲ့မည် ဖြစ်ပါသည်။

တစ်ခါတစ်ရံ သဘောတရားတစ်ရပ်သည် ကောင်းမွန်မှန်ကန်သည့် လုပ်သင့်လုပ်ထိုက်သည့် အကြောင်းအရာ ဖြစ်ပါသော်လည်း အဆိုပါ သဘောတရားကိုပင် အခြေခံမည့် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်မည့် အကြောင်းအရာသည် လူ့အသိုင်းအဝိုင်းက လုံးဝလက်မခံသည့် မှုခင်းနှင့်သက်ဆိုင်သည့် အခြေအနေဖြစ်ပါက မည်သို့ပင် ကောင်းမွန်မှန်ကန်လျက် ရှိပါသော်လည်း မလုပ်သင့် မလုပ်ထိုက်သည့် အခြေအနေသို့ ရောက်ရှိသွားစေတတ်ပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိစဉ် မြန်မာစာ ပါမောက္ခ ဆရာကြီးတစ်ဦးက သူ၏အမြင်အား ရှင်းလင်းထုတ်ဖော်ပြောကြားခဲ့သည့်အချက်ကို စာဖတ်သူများအား ဝေမျှပါမည်။ ထိုစဉ်အချိန်အခါက လက်ဖက်ရည်ဆိုင် ထိုင်ချိန်၊ တွေ့ဆုံချိန်များတွင် ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောဆိုနေကြချိန်လည်း ဖြစ်ပါသည်။

ဆရာကြီးက ကောင်းမွန်သော အုပ်ချုပ်ရေးတွင် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သည့် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်း (Participatory) နှင့် ပတ်သက်ပြီး ဆရာကြီး၏စိတ်တွင် သဘောမကျကြောင်း ဥပမာအားဖြင့် ပါဝင်ဆောင်ရွက်ရမည့် အဖွဲ့အစည်းသည် ဓားပြဂိုဏ်း၊ လူဆိုးဂိုဏ်း၊ လူအများကို သတ်ဖြတ်နေသည့် အဖွဲ့အစည်းဖြစ်နေပါလျှင် လူအများ ပါဝင်ဆောင်ရွက်မည်ဆိုပါက လောကကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့ကြောင့် ယခုရေးသားတင်ပြမည့် အကြောင်းအရာသည်လည်း ကောင်းကျိုးကို ဖြစ်ထွန်းပေါ်ပေါက်စေမည့် သဘောတရားများနှင့် ဆိုးကျိုးကို ဖြစ်ထွန်းပေါ်ပေါက်စေမည့် သဘောတရားများ ရောထွေး ပါဝင်စေလျက်ရှိရာ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည် နိုင်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရန် လိုအပ်လျက် ရှိနေပါသည်။ သို့သော်လည်း ယခု ဆောင်းပါးသည် လျှို့ဝှက်ပူးပေါင်းကြံစည်ချက် သီအိုရီ (Conspiracy Theory) ကို စတင်မိတ်ဆက်သည့် အဆင့်သာရှိပါသဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် စာရင်းအင်းပညာဘာသာရပ်တွင် အသုံးပြုလျက်ရှိသည့် ပထမမျိုးအမှား (Type I Error) နှင့် ဒုတိယမျိုးအမှား (Type II Error) တို့ကို နှိုင်းယှဉ်ဖော်ပြသည့် အဆင့်ကိုသာ ရေးသားရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့ တိုင်းပြည်နိုင်ငံအတွင်း ရေးသားတင်ပြလျက်ရှိကြသည့် အကြောင်းအရာများထဲတွင် စာရေးသူအနေနှင့် တွေ့မြင်ဖတ်ရှု လေ့လာခွင့်မရရှိဘဲ အလှမ်းကွာဝေးလျက်ရှိသည့် လျှို့ဝှက်ပူးပေါင်းကြံစည်ချက်သီအိုရီ (Conspiracy Theory) နှင့် ပတ်သက်သည့် အကြောင်းအရာများကို စာရေးသူ ကဲ့သို့ပင် အလှမ်းကွာဝေးလျက်ရှိနေနိုင်မည့် စာဖတ်သူများအား မိတ်ဆက်တင်ပြရန်နှင့် စာရင်းအင်း ပညာဘာသာရပ်တွင် အသုံးပြု လျက်ရှိသည့် ပထမမျိုးအမှား (Type I Error) နှင့် ဒုတိယမျိုးအမှား (Type II Error) တို့ကို အခြေခံပြီး ထူးခြားမှုအဆင့် (Level of Significance) နှင့် စစ်ဆေးကိန်းတစ်ခု၏ စွမ်းအား (ပါ၀ါ) (Power of The Test) ကို ဖော်ထုတ်ရာတွင် အလွယ်တကူ သိမြင် နားလည်နိုင်စေရေးအတွက် နှိုင်းယှဉ်ဖော်ပြနိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ (Conspiracy Theory) နှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းလင်းတင်ပြပါမည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ပတ်သက်၍ အမျိုးမျိုး အဖုံဖုံတွေ့မြင် သိရှိရပါသော်လည်း စာရေးသူအနေဖြင့် (Reference : 1) တွင် ရေးသားတင်ပြထားသည်ကိုတိုက် ရိုက်တင်ပြပါမည်။

A common definition of conspiracy theory is the conviction that a group of actors meets in secret agreement with the purpose of attaining some malevolent goal.(Reference: 1, pp – 770).

ဖော်ပြထားချက်အရ “လျှို့ ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ၏ အဓိပ္ပာယ်ကို သာမန် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်အနေနှင့် တင်ပြရပါလျှင် လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီဆိုသည်မှာ အုပ်စုတစ်စုရှိ ပါဝင်လှုပ်ရှား ဆောင်ရွက်သူများသည် ယုတ်မာသော ရည်မှန်းချက် ပန်းတိုင်အချို့အား ရရှိအောင်မြင် ထမြောက်နိုင်စေရန် ရည်ရွယ်ချက်နှင့် လျှို့ဝှက်သဘောတူညီချက်ထားရှိပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြခြင်းကြောင့် ပြစ်မှုထင်ရှား စီရင်ခံရခြင်း၊ ပြစ်ဒဏ်ကျခံရခြင်း ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီအတွက် အခြေခံ အကဲဖြတ်ချက် ငါးချက်ကို တင်ပြပါမည်။ (Reference: 1, pp – 770).

ပထမအချက်မှာ “လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီများသည် သာမန်ကာလျှံကာ ကြည့်ပါက လူများ၊ ရည်ရွယ်ချက်များ သို့မဟုတ် ဖြစ်ရပ်များသည် အချင်းချင်း ဆက်စပ်ပတ်သက်မှု ဆက်သွယ်မှုထားရှိသည်ဟူသော ယူဆချက်တစ်ခု အနေဖြင့် ပြုလုပ်ထားရှိပါသည်။” “First, conspiracy theories make an assumption of how people, objects, or events are causally interconnected.

ဒုတိယအချက်မှာ “လျှို့ဝှက် ပူးပေါင်း ကြံစည်ချက် သီအိုရီများသည် လျှို့ဝှက်ပူးပေါင်း ကြံစည်သူများအဖြစ် စွပ်စွဲခံထားရသူများ၏ စီမံကိန်းများ အစီအစဉ်များတွင် တမင်ရည်ရွယ်သော စည်းကမ်းသတ်မှတ်ပြဋ္ဌာန်းချက်များ ထားရှိပါသည်။ “Second, conspiracy theories stipulate that the plans of alleged conspirators are deliberate.

တတိယအချက်မှာ “လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီတစ်ခု ဆိုသည်မှာ မဟာမိတ်အဖွဲ့တစ်ဖွဲ့ သို့မဟုတ် အုပ်စုတစ်စုတို့နှင့် ပတ်သက်သည့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသူများသည် အတူတကွ ပူးပေါင်းဆောင်ရွက်နေမှုအတွင်း အမြဲတစေ ပါဝင်ပတ်သက်လျက်ရှိနေပါသည်။” “Third, a conspiracy theory always involves a coalition, or group, of actors working in conjunction.

စတုတ္ထအချက်မှာ “လျှို့ဝှက် ပူးပေါင်း ကြံစည်ချက် သီအိုရီများတွင် ခြိမ်းခြောက်သည့် အစိတ်အပိုင်းတစ်ရပ်သည် အစဉ်အမြဲ ပါဝင်လျက်ရှိနေပါသည်။ ၎င်းတွင် လျှို့ဝှက်ပူးပေါင်း ကြံစည်သူများအား စွပ်စွဲထားရှိသည့် ရည်မှန်းချက်ပန်းတိုင်များတွင် အန္တရာယ်ရှိသော ထိခိုက်နစ်နာစေသော သို့မဟုတ် လှည့်ဖြားတတ်သော လှည့်စားသော အစိတ်အပိုင်းများဖြစ်ပါသည်။

Fourth, conspiracy theories always contain an element of threat such that the alleged goals of the conspirators are harmful or deceptive.

ပဥ္စမနှင့် နောက်ဆုံးအချက်မှာ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ တစ်ခုသည် လျှို့ဝှက်ချက်၏ အစိတ်အပိုင်းတစ်ရပ်ကို အစဉ်ထာဝရ ကိုင်စွဲထားရှိပါသည်။ ထို့ကြောင့် ၎င်းတို့အား တရားမဝင်အဖြစ် သတ်မှတ်ပြဋ္ဌာန်းနိုင်စေရန်မှာ မကြာခဏ ခက်ခဲလေ့ရှိပါသည်။” “Fifth, and finally, a conspiracy theory always carries an element of secrecy and is therefore often difficult to invalidate.

စာဖတ်သူများအတွက် အလွယ်တကူ သိမြင် နားလည်နိုင်စေ ပြီး သတိပြုနိုင်စေမည့် အချက်ကလေးကို တင်ပြရပါလျှင် “Indeed, conspiracy theories and super-natural beliefs are positively correlated.

ဖော်ပြထားချက်အရ “အမှန်တကယ်အားဖြင့် လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီများသည် သဘာဝလွန်ဖြစ်ရပ်များ၊ တန်ခိုးဣဒ္ဓိပါဒ်များကို ယုံကြည်ကိုးကွယ်ခြင်းများနှင့် အပေါင်းလက္ခဏာ ဆက်စပ်လျက်ရှိနေပါသည်။”

တတိယအနေဖြင့် စာရင်းအင်းပညာဘာသာရပ်တွင် အသုံးပြုလျက်ရှိသည့် ပထမမျိုးအမှား (Type I Error) နှင့် ဒုတိယမျိုးအမှား (Type II Error) တို့ကို အခြေခံပြီး ထူးခြားမှုအဆင့် (Level of Significance) နှင့် စစ်ဆေးကိန်းတစ်ခု၏ စွမ်းအား (ပါ၀ါ) (Power of the Test) ကို ဖော်ထုတ်ရာတွင် အလွယ်တကူ သိမြင်နားလည်နိုင်စေရေး အလို့ငှာ လျှို့ ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီအရ ပထမမျိုးအမှား (Type I Error) နှင့် ဒုတိယမျိုးအမှား (Type II Error) ကို အခြေခံကာ စာရင်းအင်းပညာကို လေ့လာသင်ယူသူများ အနေဖြင့် အလွယ်တကူ သိမြင်နားလည်စေရန် နှိုင်းယှဉ်ဖော်ပြပြီး ရှင်းလင်းတင်ပြပါမည်။ ပုံတွင် (စာ - ၄၊ အပေါ်ပုံ) ဖော်ပြထားပါသည်။

စာရေးသူတို့ စာရင်းအင်းပညာဘာသာရပ်ကို လေ့လာသင်ယူစဉ်ကာလ သို့မဟုတ် စာရင်းအင်းပညာဘာသာရပ်ကို သင်ကြားပို့ချစဉ် အချိန်ကာလများက အထက်ဖော်ပြပါ သဘောတရားကို ရှင်းလင်းတင်ပြရာတွင် (ရာဇဝတ်မှုကို ကျူးလွန်သူနှင့် ရာဇဝတ်မှုကို ကျူးလွန်ခြင်းမရှိသူ)ကို အတန်းတွင်ထားရှိပြီး (အပြစ်ပေးအရေးယူခြင်းနှင့် အပြစ်ပေးအရေးယူမှု မရှိခြင်း) ကို အတိုင်တွင်ထားရှိစေကာ “အပြစ် မရှိသူကို မှားယွင်းအပြစ်ပေးအရေးယူမိခြင်းနှင့် အပြစ်ရှိသူကို အပြစ်ပေးအရေးယူမှု မရှိခြင်း” တွင် မည်သည့်အချက်က ပိုပြီးအရေးကြီးပါသလဲဆိုသည့် မေးခွန်းကို မေးမြန်းကာ ထူးခြားမှုအဆင့် (Level of Significance) နှင့် စစ်ဆေးကိန်း တစ်ခု၏ စွမ်းအား (ပါ၀ါ) (Power of the Test) ကို ဖော်ထုတ်ခဲ့ကြပါသည်။

ယခုနှိုင်းယှဉ်တင်ပြချက်တွင် အကျိုးဆက် (Consequence) အနေဖြင့် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ခြေကိုပင် ရှင်းလင်းတင်ပြနိုင်ခြင်းဖြစ်သည့်အတွက်ကြောင့်သော်လည်းကောင်း၊ လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီ (Conspiracy Theory) အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာစေခြင်းကို အလွယ်တကူ သိမြင်နားလည်နိုင်စေသည့်အတွက်ကြောင့်သော်လည်းကောင်း ဖော်ပြရှင်းလင်းနိုင်ခြင်း ဖြစ်သည့်အတွက် စာရင်းအင်းပညာဘာသာရပ်ကို သင်ကြားပို့ချစဉ် အချိန်ကာလများနှင့် လေ့လာသင်ယူစဉ်ကာများအတွက် လွန်စွာအသုံးဝင်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

စာရေးသူအနေဖြင့် လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီ (Conspiracy Theory) နှင့် ဆက်စပ်ပတ်သက်သည့် ဆောင်းပါးများကို အဆင်ပြေ သင့်တော်သည့်အချိန်တွင် ဆက်လက် ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ (Conspiracy Theory) နှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ အခြေခံ သဘောတ ရားများ၊ အာဏာရှင်စနစ်နှင့် လျှို့ ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီ၊ ဒီမိုကရေစီစနစ်နှင့် လျှို့ဝှက် ပူးပေါင်းကြံစည်ချက်သီအိုရီ စသည့်အကြောင်းအရာများကို ရေးသားတင်ပြနိုင်ရန် အစွမ်းကုန် ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ စာရေးသူတို့ တိုင်းပြည် နိုင်ငံအတွင်း ရေးသားတင်ပြလျက်ရှိကြသည့် အကြောင်းအရာများထဲတွင် စာရေးသူအနေဖြင့် တွေ့မြင် ဖတ်ရှုလေ့လာခွင့် မရရှိဘဲ အလှမ်းကွာဝေးလျက်ရှိသည့် လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီ (Conspiracy Theory) နှင့် ပတ်သက်သည့် အကြောင်းအရာများကို စာ ရေးသူကဲ့သို့ပင် အလှမ်းကွာဝေးလျက် ရှိနေနိုင်မည့် စာဖတ်သူများအား မိတ်ဆက်တင်ပြရန်နှင့် စာရင်းအင်းပညာဘာသာရပ်တွင် အသုံးပြုလျက်ရှိသည့် ပထမမျိုးအမှား (Type I Error) နှင့် ဒုတိယမျိုးအမှား (Type II Error) တို့ကို အခြေခံပြီး ထူးခြားမှုအဆင့် (Level of Significance) နှင့် စစ်ဆေးကိန်းတစ်ခု၏ စွမ်းအား (ပါ၀ါ) (Power of the Test) ကိုဖော်ထုတ်ရာတွင် အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအတွက် လျှို့ဝှက် ပူးပေါင်းကြံစည်ချက် သီအိုရီ သဘောတရားနှင့် နှိုင်းယှဉ်ဖော်ပြနိုင်ပြီး လေ့လာသင်ယူ သင်ကြားနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Jan-Willen Van Prooijen and Mark Van Vugt (2018), “Conspiracy Theories: Evolved Functions and Psychological Mechanisms”, Associations for Psychological Science, APS, pp – 770-788.