ကျပ်နှစ်သောင်းတန်ဂယက် ရိုက်ခတ်နေဆဲဖြစ်တဲ့ ရွှေစျေးကွက်

ကျပ်နှစ်သောင်းတန်ဂယက် ရိုက်ခတ်နေဆဲဖြစ်တဲ့ ရွှေစျေးကွက်
ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်အချို့ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်အချို့ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်
Published 30 July 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္ဂနွေပိတ်ရက်ဖြစ်သော ဇူလိုင် ၂၃ ရက်တွင် သတင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့သည်။

ယင်းသတင်းမှာ ဇူလိုင် ၃၁ ရက်တွင် ကျပ်နှစ်သောင်းတန်ငွေစက္ကူကို ဖြန့်ချိမည် ဆိုသည့် သတင်းဖြစ်သည်။

ယင်းသတင်းကြောင့် ပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြည်တွင်းရွှေစျေးကွက် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

ပုံမှန်အားဖြင့် တနင်္ဂနွေနေ့တွင် သော ကြာစျေးနှင့်သာ အရောင်းအဝယ်အနည်း ငယ်သာရှိခဲ့သည့် ရွှေစျေးကွက်၌ ရိုက်ခတ် မှုများရှိခဲ့သည်။

ကျပ်နှစ်သောင်းတန်ကို ဘယ်လိုထုတ်မှာလဲ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ပြီးစီးခြင်း၊ ဆင်ဖြူတော် တစ်နှစ်ပြည့်အထိမ်းအမှတ်တို့အဖြစ် ကျပ် နှစ်သောင်းတန်ကိုအရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ခဲ့သည်။

လက်ရှိတွင် အထိမ်းအမှတ်အဖြစ် ကျပ် နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေခြင်းသည် အမှတ်တရအဖြစ်လည်းကောင်း၊ အကန့် အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အ စားထိုး လဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း၊ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို ပြန်လည်၍ ဗဟိုဘဏ်သို့ ပေးသွင်းစေပြီးမှ new note ကို အမှတ်တရ အနေဖြင့် နှစ်သောင်းကျပ်တန်ငွေစက္ကူ သုံး ရွက်ခန့်ထည့်သွင်း၍ တန်ဖိုးတူ ပြန်လည် ထည့်သွင်းကာ လဲလှယ်ပေးခြင်းဖြစ်သည့် အတွက် အကန့်အသတ်ဖြင့်သာ လဲလှယ်ပေး ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ လဲလှယ်ထား သည့် ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီး မည့်စာရင်းနှင့် ဖျက်ဆီးမည့်ငွေစက္ကူ လက် ကျန်အတွင်းသို့ထည့်သွင်းပြီး ဖျက်ဆီးသွား မည်ဖြစ်ခြင်းကြောင့် အဆိုပါ ကျပ်နှစ်သောင်း တန် ငွေစက္ကူများ ထုတ်ဝေခြင်းကြောင့် ငွေ ကြေးပမာဏတိုးတက်ရန် လုံးဝအခြေအနေ မရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။

အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်း တန်ငွေစက္ကူ ထုတ်ဝေခြင်းသည် နိုင်ငံစီးပွား ရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ - currency in circulation (CIC) အတွင်းသို့ ထည့်သွင်းခြင်းမဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူတစ်ဦးလျှင် ငွေစက္ကူ အသစ် ပြန်ပေးသည့်အခါတွင် အမှတ်တရ အဖြစ် ကျပ်နှစ်သောင်းတန်ငွေစက္ကူ သုံးရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားပြီး ယင်းသို့လဲလှယ်ထားသည့် ဟောင်းနွမ်းငွေ စက္ကူများကို ဖျက်ဆီးမည့်စာရင်းနှင့် ဖျက်ဆီး မည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်း ပြီး ဖျက်ဆီးသွားမည်ဖြစ်ခြင်းကြောင့် ကျပ်နှစ် သောင်းတန်ငွေစက္ကူများ ထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏတိုးတက်ရန် လုံးဝအခြေ အနေမရှိကြောင်း ဗဟိုဘဏ်က ပြောကြား ထားသည်။

ဗဟိုဘဏ် -နေပြည်တော်၊ ရန်ကုန်ခွဲနှင့် မန္တ လေးဘဏ်ခွဲ အစရှိသည့် ဟောင်းနွမ်းငွေ စက္ကူ လဲလှယ်ပေးသည့်နေရာများတွင် လဲ လှယ်ပေးမည်ဖြစ်သည်။

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲ ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည် ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

ကျပ်နှစ်သောင်းတန်၏ အသွင်အပြင် မှာ အစိမ်းနုရောင်ဖြစ်ပြီး အလျား ၁၅ စင်တီမီ တာ၊ အနံ ခုနစ်စင်တီမီတာဖြစ်သည်။ မျက်နှာ စာဘက် အလယ်ပိုင်းတွင် ဆင်ဖြူတော်ပုံ ပါ ဝင်ပြီး လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည်။ ငွေစက္ကူတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့်ဖော်ပြထားပြီး ငွေ စက္ကူ၏ ဘယ်ညာစွန်းများတွင် အမြင်အာရုံ ချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိ ရှိရန် မျဉ်းတို ၁၂ ချောင်းဖြင့် ရိုက်နှိပ်ထား သည်ဟု ထုတ်ပြန်သည်။

ကျောဘက်တွင် ဧရာဝတီတံတား (ရတ နာပုံ)၊ စစ်ကိုင်းတံတားပုံများ ဖော်ပြထားမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲကြည့် ရှုလျှင် ရွှေရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲ သော colour shift လုံခြုံရေးကြိုးကို ဒေါင် လိုက်ထည့်သွင်းထားသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ ရွှေစျေးကွက်

ငွေကြေးစျေးကွက်အတွင်းသို့ မရောက်သေးမီမှာပင် ကျပ်နှစ်သောင်းတန်ထုတ်ဝေမည့်သတင်းသည် ရွှေစျေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းသတင်းကြောင့် ရွှေစျေးများမြင့် တက်ခဲ့သဖြင့် ရန်ကုန်ရွှေအသင်းနှင့် မန္တလေး ရွှေအသင်းတို့က ကြေညာချက်များထုတ်ပြန် ခြင်း၊ ရွှေစျေးကွက်တွင် စျေးနှုန်းများမဖွင့်ခြင်း တို့ကို ဆောင်ရွက်ခဲ့ရသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအ သင်းက ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကိုလည်း ထုတ် ပြန်ထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူ ထုတ်ဝေအ သုံးပြုခြင်းနှင့်ပတ်သက်ပြီး ကောလာဟလ များ လွှင့်ထုတ်၍ ကုန်စျေးနှုန်းမတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေစျေးနှုန်းတည် ငြိမ်မှုမရှိအောင် ရောင်းဝယ် ဆောင်ရွက်ခြင်း များမပြုလုပ်ကြရန် ပန်ကြားအပ်ကြောင်း၊ ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် အသင်း သူအသင်းသားများ၊ ရွှေကုန်သည်များ၊ ရွှေ ဆိုင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အလားတူ မန္တလေးတိုင်းရွှေလုပ်ငန်းရှင် များအသင်းကလည်း ဇူလိုင် ၂၄ ရက်မှစတင် ကာ ရွှေစျေးနှုန်းကို ဖွင့်လှစ်ခြင်းမရှိခဲ့ပေ။

“လက်ရှိ ၂၀၀၀၀ တန် ငွေစက္ကူသစ် ထွက်ရှိလာမှုကို အကြောင်းပြုပြီး ရွှေစျေးက စားမှုများ မဖြစ်လာစေရန်အတွက် မန္တလေး အသင်း ရွှေစျေးကွက်ကို ယာယီပိတ်ထားပါ မည်။ ရွှေစျေးကို မတရားသဖြင့် စျေးတင် ရောင်းချ/ဝယ်ယူသူများကိုလည်း သက်ဆိုင် ရာမှ ထိရောက်စွာ အရေးအယူဆောင်ရွက် သွားမယ်လို့ သိရှိရပါတယ်” ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးရွှေစျေးကွက်မှာ ဇူလိုင် ၂၈ ရက်အထိ စျေးကွက်အတွင်း စျေးနှုန်းဖွင့်လှစ် နိုင်ခြင်းမရှိခဲ့ဘဲ တစ်ပတ်လုံးနီးပါး စျေးကွက် ပိတ်ထားခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

“မန္တလေးစျေးကွက်က အခုချိန်အထိ ပြန်မဖွင့်သေးပါဘူး”ဟု မန္တလေးတိုင်းရွှေလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင်လည်း ရွှေဆိုင်အချို့ အရောင်းပိတ်ထားပြီး အဝယ်ကိုသာလက်ခံ ခြင်းများရှိခဲ့သည်ဟု ရွှေသွားရောက်ဝယ်ယူ သူများက ပြောကြားသည်။

“ဒီနေ့ ရွှေဆိုင်တော်တော်များက ရောင်း တာကို လက်ခံတယ်။ ဝယ်လို့မရဘူး။ နာမည် ကြီး ရွှေဆိုင်တစ်ဆိုင်ဆိုရင် အဝယ်ဘက်က ဆိုင်ကို ပိတ်ထားတယ်။ အရောင်းဘက်က ဆိုင်ကိုပဲ ဖွင့်ထားတယ်။ အဝယ်ဘက်မှာ ဝန် ထမ်းတွေရှိပေမဲ့ တံခါးပိတ်ထားတယ်”ဟု ဇူလိုင် ၂၆ ရက်တွင် ရွှေသွားရောက်ဝယ်ယူသူ တစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ ရွှေ ဆိုင်အချို့ ပိတ်ထားခြင်း၊ အရောင်းလက်ခံ ခြင်းများသာရှိခဲ့သည်ဟု ရွှေသွားရောက်ဝယ် ယူခဲ့သူအချို့က ပြောကြားသည်။

“လသာမှာဆိုရင် ရွှေဆိုင်တချို့ပိတ် ထားတာကို တွေ့ရတယ်။ အရင်က ဝယ်ယူသူ များတဲ့ ဇွဲထက်လိုရွှေဆိုင်မှာတောင် လူအများ ကြီး တိုးဝှေ့နေတာ မတွေ့ခဲ့ရဘူး။ အရောင်း သမားတွေလာတာများတယ်” ဟု လသာမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

ရွှေစျေးနှုန်းများမြင့်တက်နေသဖြင့် ရွှေ စျေးနှုန်းတည်ငြိမ်ရေးအတွက် အလျော့တွက် လက်ခကို သင့်တင့်မျှတသောနှုန်းဖြင့် ရောင်း ချပေးရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းက ဇူလိုင် ၂၈ ရက်က ထုတ်ပြန်သည်။

ရွှေစျေးနှုန်း တည်ငြိမ်ရေးဖြစ်စေရန် အတွက် ရောင်းချရာတွင် သင့်တင့်မျှတသည့် အလျော့တွက် လက်ခနှုန်းဖြင့်သာ ရောင်းချ ပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ ထပ် ဆောင်းအလျော့တွက်များကို ထည့်သွင်း တွက်ချက်ခြင်းမပြုပါရန် မေတ္တာရပ်ခံအပ် ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေ ဆိုင်များမှာ လက်ဝတ်တန်ဆာများရောင်း ချရာတွင် တစ်ဆိုင်နှင့်တစ်ဆိုင် ပုံစံဒီဇိုင်းများ အရ အလျော့တွက်လက်ခများ ကွဲပြားလျက် ရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်သည်။

“အလျော့တွက် လက်ခက တစ်ဆိုင်နဲ့ တစ်ဆိုင် မတူဘူး။ ဒီဇိုင်းပေါ်မှာ မူတည်ပြီး ယူတာနည်းတာရှိသလို များတာလည်းရှိ တယ်” ဟု ရွှေစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိရွှေစျေးကွက်၌ ရွှေဆိုင်များမှ အခေါက်ရွှေများကို ရောင်းချခြင်းမရှိဘဲ ဆိုင် အချို့့ကသာ ၁၅ ပဲရည်အထည်များကိုသာ ရောင်းချလျက်ရှိသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူ သတင်း များ မထွက်မီကပင် ရွှေစျေးနှုန်းများ မြင့်တက် ခဲ့သဖြင့် ဇွန်လပိုင်းတွင် မန္တလေးတိုင်းရွှေ လုပ်ငန်းရှင်များအသင်းက ရွှေများကို ပြင်ပ ပေါက်စျေးထက် လျှော့ချကာ ရောင်းချခြင်း များရှိခဲ့သည်။

ဇွန် ၁၉ ရက်မှ စတင်ကာ ရောင်းချပေးခဲ့ ခြင်းဖြစ်ပြီး ကျပ်သိန်းသုံးဆယ် ငါးသောင်းနှုန်း ဖြင့် စတင်ရောင်းချပေးခဲ့သည်။

ယင်းနောက် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းအထိ စျေးလျှော့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းလပိုင်းတွင် ရွှေစျေးနှုန်းများ မြင့် တက်နေသဖြင့် မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းမှ ရွှေလုပ်ငန်းရှင်အချို့အား သက်ဆိုင် ရာက ခေါ်ယူမေးမြန်း ဆွေးနွေးမှုများ ရှိခဲ့ သည်။

ဇွန် ၁၅ ရက်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ရွှေလုပ်ငန်းရှင် အချို့ကိုသက် ဆိုင်ရာက ခေါ်ယူမေးမြန်းဆွေးနွေးခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်အထိ ခေါ်ယူမေးမြန်းနေ ဆဲဖြစ်သည်ဟု ရွှေစျေးကွက်အတွင်းမှ သိရ သည်။

လက်ရှိတွင် ရွှေစျေးနှုန်းမှာ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်အ ထက်တွင်သာရှိနေပြီး မည်သည့်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်သည်ဆိုသည်ကိုမူ အတိ အကျ သိရှိခြင်းမရှိပေ။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်၌ ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက် တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ ကျပ် ၁၄၂၀၀၀၀ ဖြစ်ကြောင်း သိရသည်။

ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လက်ရှိတွင်လည်း ကျပ်နှစ်သောင်းတန် သတင်းကြောင့် ရွှေစျေးနှုန်းမှာ ကျပ်သိန်း ၃၀ အထက်တွင်သာရှိနေပြီး စျေးနှုန်းမှာ မည်သည့်အချိန်တွင် ကျဆင်းမလဲဆိုသည် ကို ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေ လည်းဖြစ်သည်။

ဗဟိုဘဏ်ဘက်ကမူ အကြောင်းအမျိုး မျိုးဖော်ပြပြီး ကုန်စည်စျေးနှုန်းများ ဆွဲတင်ရန် လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူများသည် ပြည် သူအများ၏ အကျိုးစီးပွားကို ပျက်စီးစေရန် ဆောင်ရွက်နေသူများဖြစ်သည့်အတွက် ၎င်းင်း တို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရား ဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထား သည်။