အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က သြဂုတ်လဆန်းမှစ၍ ရန်ကုန်-စင်ကာပူခရီးစဉ်နှင့် ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်ကို တစ်ရက်လျှင်နှစ်ကြိမ် တိုးမြှင့်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က သြဂုတ်လဆန်းမှစ၍ ရန်ကုန်-စင်ကာပူခရီးစဉ်နှင့် ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်ကို တစ်ရက်လျှင်နှစ်ကြိမ် တိုးမြှင့်ပျံသန်းမည်
Published 29 July 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က သြဂုတ်လဆန်းမှ စတင်ကာ ရန်ကုန်-စင်ကာပူခရီးစဉ်နှင့် ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်အား တစ်ရက်လျှင် နှစ်ကြိမ်စီ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(MAI) လေကြောင်းလိုင်းသည် သြဂုတ် ၄ ရက်မှစတင်ကာ ရန်ကုန်-စင်ကာပူခရီးစဉ်အား တစ်ရက်နှစ်ကြိမ်၊ သြဂုတ် ၁၁ ရက်မှစတင်ကာ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်အား တစ်ရက်လျှင်နှစ်ကြိမ်စီ တိုးမြှင့်ပျံသန်းသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းသို့ တစ်ပတ်သုံးကြိမ်၊ ဟိုချီမင်းသို့ တစ်ပတ်နှစ်ကြိမ်နှင့် ကမ္ဘောဒီးယားသို့ တစ်ပတ်လျှင်သုံးကြိမ် ခရီးစဉ်များ ပျံသန်းနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) သည် ရန်ကုန်-ဟိုချီမင်းခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဖနွမ်းပင် ခရီးစဉ်အား ၁၃၂ ဒေါ် လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဟနွိုင်း ခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်း ပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။

အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တိုဘာ ၂၈ ထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀ါဆိုစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်တစ်ကြောင်းစာအား ၈၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ ယင်းပြင်အခြား ပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sign Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ဘန် ကောက် အသွားအပြန်ခရီးစဉ်အတွက် အခမဲ့  လေယာဉ်လက်မှတ် တစ်စောင်အား ကံစမ်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင်ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)သည် ရန်ကုန်နှင့် မန္တလေးမှ ဘန်ကောက်-ဒွန်မောင်းသို့ အပတ်စဉ် ငါးကြိမ်ပျံသန်းမည်ဖြစ်သည်။

(MAI) လေကြောင်းလိုင်းသည် မန္တလေး-ဒွန်မောင်း ခရီးစဉ်အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ ၈၇ မှ စတင်ကာ  ရောင်းချသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ် ၁၄ ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံဒွန်မောင်းလေဆိပ်သို့ လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ်ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီမင်းနှင့်  ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M)နှင့် Srilankan Airlines(UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent