အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းသို့ တစ်ပတ်သုံးကြိမ်၊ ဟိုချီမင်းသို့ တစ်ပတ်နှစ်ကြိမ်နှင့် ကမ္ဘောဒီးယားသို့ တစ်ပတ်လျှင်သုံးကြိမ် ခရီးစဉ်များ ပျံသန်းနေကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) သည် ရန်ကုန်-ဟိုချီမင်းခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်အား ၁၃၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဟနွိုင်းခရီးစဉ်အား ၁၁၂ ဒေါ်လာမှစ၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်း ပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။
အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တိုဘာ ၂၈ ထိ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၀ါဆိုစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်တစ်ကြောင်းစာအား ၈၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ ယင်းပြင်အခြား ပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sign Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ဘန် ကောက် အသွားအပြန်ခရီးစဉ်အတွက် အခမဲ့ လေယာဉ်လက်မှတ် တစ်စောင်အား ကံစမ်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင်ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။