မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များ Yangon-Chiang Mai Boarding Pass ဖြင့် Chaing Mai Night Safari တွင် Tram Ride အတွက် ရာခိုင်နှုန်း ၂၀ လျှော့စျေးရရှိနိုင်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံတကာခရီးသည်များ ထိုင်းနိုင်ငံရှိ King Power Duty ဆိုင်များတွင် ပစ္စည်းဝယ်ယူခြင်းများအတွက် လျှော့စျေးထိုင်းဘတ် ၇၀၀ အထိ အများဆုံးရရှိနိုင်မည့် ပရိုမိုးရှင်းအစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအစီစဉ်အား မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် ထိုင်းနိုင်ငံရှိ King Power တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ပြီး ခရီးသည်များအနေဖြင့် MNA International Boarding ပြသရုံဖြင့် သတ်မှတ်ထားသော ပစ္စည်းများမှ အနည်းဆုံး ထိုင်းဘတ် ၅၀၀၀ ဖိုးဝယ်ယူခြင်းအတွက် ထိုင်းဘတ် ၅၀၀ လျှော့စျေးနှင့် ထိုင်းဘတ် ၃၀၀၀ ဖိုးဝယ်ယူခြင်းများအတွက် ထိုင်းဘတ် ၂၀၀ လျှော့စျေး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Check-In ကောင်တာအား ပြည်ပ ခရီးစဉ်များတွင်ခရီးစဉ်မထွက်ခွာမီ ၄၅ မိနစ် အလိုနှင့်ပြည်တွင်းခရီးစဉ်များတွင် မိနစ် ၃၀ အလိုတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MNA application တွင် Search flights ,Book flight, Make payment,Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက Sole Charterer - Interconnection Travels နှင့် ပူးပေါင်း၍ လာမည့် စက်တင်ဘာမှ စတင်ကာ ရန်ကုန်-ဂယာ-ရန်ကုန် ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းမည် ဖြစ်ကြောင်းသတင်း ရရှိသည်။
ရန်ကုန်-ဂယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ်တွင် အသွား အပြန်ခရီးစဉ်လက်မှတ်အား ၄၃၅ ဒေါ်လာမှစတင်ရောင်းချမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း ခရီးသည်များအနေဖြင့် မိမိသွားရောက်လိုသည့် ခရီးစဉ်အချိန်ဇယားနှင့်စျေးနှုန်းများကို လေကြောင်းလိုင်း Website တွင် အချိန်မရွေး အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် ခရီးစဉ်အချိန်ဇယားကြည့်ရှုရန် www.flymna.com/plan-atrip-flightschedule နှင့် စျေးနှုန်းကြည့်ရှုရန် www.flymna.com/bookings/Vuesflightselectionaspx တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၃၃၇ မှ စတင်ရောင်းချပေးနေပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့တို့တွင် နှစ်ကြိမ် ပျံသန်းနေကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းပြေးဆွဲလျက်ရှိပြီး အသွားခရီးစဉ် တစ်ကြောင်းစာကို အမေရိကန် ဒေါ်လာ ၁၇၅၊ အသွားအပြန်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၃၃၇ မှစတင်၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။